ချယ်ဆီးအသင်းဟာ မနေ့ညက ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ သုံးမှတ်ပြည့် မယူနိုင်ခဲ့ဘဲ သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ စိန့်တွေက မီနာမီနို သွင်းဂိုးနဲ့ အရင် ဦးဆောင်ခဲ့ပြီး မေဆန်မောင့်က ချယ်ဆီးအတွက် ချေပဂိုး ကို ပင်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့တာပါ။
ညကပွဲမှာ တိုက်စစ်သမား အိုဒွိုင်းဟာ ဒုတိယပိုင်းမှ လူစားဝင် ကစားခဲ့တာ ဖြစ်ပေမယ့် လူစားပြန်လဲခံခဲ့ရပြီး ချယ်ဆီးနည်းပြ တူချယ်ကတော့ အင်္ဂလန်သားရဲ့ ခြေစွမ်းနဲ့ သဘောထားကို ကျေနပ်မှု မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ် ခံစစ်သမား ဂျို့စ် ဂျီမီနက်ဇ်ဟာ ဒဏ်ရာ ရှိနေတာကြောင့် ချယ်ဆီးနဲ့ ချန်ပီယံလိဂ် ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘဲ လွဲချော်ဦးမှာ ဖြစ်ပါတယ်။
ချယ်ဆီးနည်းပြ တူချယ်က အသင်းရဲ့ ဈေးကြီးကြီး ခေါ်ထားရတဲ့ ကစားသမားတွေဟာ အသင်းအောင်မြင်ဖို့ ဆိုရင် လိုအပ်ချိန်မှာ ထူးချွန်စွာ အစွမ်းပြနိုင်ဖို့ လိုကြောင်း ဆောက်သမ်တန်နဲ့ ပွဲ အပြီးမှာ သတိပေးလိုက်ပါတယ်။
စိန့်နဲ့ ပွဲမှာ ချယ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ကလည်း ခြေကျင်းဝတ် ထိခိုက်မိပြီး ရေခဲအုပ်ခဲ့ရပေမယ့် နည်းပြ တူချယ်ကတော့ ကစားသမား ဒဏ်ရာ ရသွားတာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။
တိုက်စစ်မှူး ဂျီရူး နောက်ရာသီ ချယ်ဆီးမှာ ဆက်နေဦးမလား ဖြေကြားဖို့ ပြောဆိုဖို့ ဆိုတာ စောလွန်းသေးကြောင်း တူချယ်က ဆိုခဲ့ပါတယ်။ အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှူးဟာ ရာသီကုန်မှာ စာချုပ် ကုန်ဆုံးမှာပါ။

Zawgyi – ခ်ယ္ဆီးအသင္းဟာ မေန႔ညက ေဆာက္သမ္တန္နဲ႕ ပရီးမီးယားလိဂ္ ပြဲမွာေတာ့ သံုးမွတ္ျပည့္ မယူနိုင္ခဲ့ဘဲ သေရ တစ္မွတ္နဲ႕ ေက်နပ္ခဲ့ရပါတယ္။ စိန္႔ေတြက မီနာမီနို သြင္းဂိုးနဲ႕ အရင္ ဦးေဆာင္ခဲ့ျပီး ေမဆန္ေမာင့္က ခ်ယ္ဆီးအတြက္ ေခ်ပဂိုး ကို ပင္နယ္တီကေန တဆင့္ သြင္းယူေပးခဲ့တာပါ။
ညကပြဲမွာ တိုက္စစ္သမား အိုဒြိဳင္းဟာ ဒုတိယပိုင္းမွ လူစား၀င္ ကစားခဲ့တာ ျဖစ္ေပမယ့္ လူစားျပန္လဲခံခဲ့ရျပီး ခ်ယ္ဆီးနည္းျပ တူခ်ယ္ကေတာ့ အဂၤလန္သားရဲ႕ ေျခစြမ္းနဲ႕ သေဘာထားကို ေက်နပ္မႈ မရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။
အက္သလက္တီကို မက္ဒရစ္ ခံစစ္သမား ဂ်ိဳ႔စ္ ဂ်ီမီနက္ဇ္ဟာ ဒဏ္ရာ ရွိေနတာေၾကာင့္ ခ်ယ္ဆီးနဲ႕ ခ်န္ပီယံလိဂ္ ပြဲမွာ ပါ၀င္နိုင္မွာ မဟုတ္ဘဲ လြဲေခ်ာ္ဦးမွာ ျဖစ္ပါတယ္။
ခ်ယ္ဆီးနည္းျပ တူခ်ယ္က အသင္းရဲ႕ ေစ်းၾကီးၾကီး ေခၚထားရတဲ့ ကစားသမားေတြဟာ အသင္းေအာင္ျမင္ဖို႔ ဆိုရင္ လိုအပ္ခ်ိန္မွာ ထူးခၽြန္စြာ အစြမ္းျပနိုင္ဖို႔ လိုေၾကာင္း ေဆာက္သမ္တန္နဲ႕ ပြဲ အျပီးမွာ သတိေပးလိုက္ပါတယ္။
စိန္႔နဲ႕ ပြဲမွာ ခ်ယ္ဆီးတိုက္စစ္မွဴး ေအဗရာဟမ္ကလည္း ေျခက်င္း၀တ္ ထိခိုက္မိျပီး ေရခဲအုပ္ခဲ့ရေပမယ့္ နည္းျပ တူခ်ယ္ကေတာ့ ကစားသမား ဒဏ္ရာ ရသြားတာ မဟုတ္ေၾကာင္း ဆိုခဲ့ပါတယ္။
တိုက္စစ္မွဴး ဂ်ီရူး ေနာက္ရာသီ ခ်ယ္ဆီးမွာ ဆက္ေနဦးမလား ေျဖၾကားဖို႔ ေျပာဆိုဖို႔ ဆိုတာ ေစာလြန္းေသးေၾကာင္း တူခ်ယ္က ဆိုခဲ့ပါတယ္။ အသက္ ၃၄ နွစ္ အရြယ္ တိုက္စစ္မွဴးဟာ ရာသီကုန္မွာ စာခ်ဳပ္ ကုန္ဆံုးမွာပါ။
