ပိုက်ဆံရှိတာတောင် လိုချင်တဲ့ ကစားသမား မဝယ်နိုင်တဲ့ ယူနိုက်တက်ကို ဗန်ဟားလ် ပြစ်တင်

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ လူးဝစ် ဗန်ဟားလ်က အိုးထရက်ဖို့ဒ်မှာ ၂၀၁၄ ကနေ ၂၀၁၆ ထိ နှစ်ရာသီ တာဝန်ယူသွားခဲ့သူပါ။ သူ ရှိစဉ်ကာလအတွင်းက ယူနိုက်တက်ရဲ့ ညံ့ဖျင်းလွန်းတဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုနဲ့ ပေါ်လစီတွေ အကြောင်း ဗန်ဟားလ်က ထုတ်ေ်ဖာ် ပြောဆိုလာပါတယ်။

ဗန်ဟားလ်က ယူနိုက်တက်ဟာ ထိုစဉ်က တစ်နှစ် ဝင်ငွေ ပေါင် သန်း ၆၀၀ လောက် ရနေတာတောင် သူ လိုချင်တဲ့ ကစားသမား တစ်ယောက်မှ မခေါ်ပေးနိုင်ခဲ့ဘူးလို့ ဖော်ထုတ်လိုက်ပါတယ်။ ဟော်လန်သားကြီးဟာ ဒေးဗစ်မိုယက်စ်နောက် နည်းပြနေရာ တာဝန်ယူခဲ့တာ ဖြစ်ပြီး အက်ဖ်အေဖလား တစ်လုံးကလွဲလို့ ယူနိုက်တက်မှာ အောင်မြင်မှု မရခဲ့ပါဘူး။

ထိုစဉ်ကတော့ ယူနိုက်တက်ဟာ ရလဒ်တွေထက် ဟော်လန်သားကြီးရဲ့ ငြီးငွေ့စရာ နည်းဗျူဟာတွေနဲ့ ကစားဟန်တွေကြောင့် ပိုဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗန်ဟားလ်ကတော့ ယူနိုက်တက် ကျရှုံးခဲ့ခြင်းက သူ့အပေါ်ချည်း လုံး၀ တာဝန်ရှိနေတာ မဟုတ်ဘူးလို့ ရှင်းလင်းလာခဲ့တာပါ။

” အဲဒီတုန်းက မန်ချက်စတာယူနိုက်တက်မှာ ချန်ပီယံ ဖြစ်ဖို့ လုံလောက်တဲ့ အရည်အချင်း မရှိပါဘူး။ ပွဲထွက်ရွေးဖို့ လူစာရင်း ကြည့်လိုက်ရင် ၁၀ ယောက်လောက်က အသက် ၃၀ ကျော်၊ ငါးယောက်လောက်က ၃၅၊ ဒီတော့ စဉ်းစားကြည့်ပါ။

ကျနော်က အသင်းကို သွေးသစ်လောင်းချင်တယ် လူသစ်တွေ ခေါ်ချင်တယ် ပြောခဲ့တယ်။ ဘယ်လို ကစားသမားတွေ ခေါ်သင့်တယ်လည်း တောင်းဆိုခဲ့တယ် ဒါပေမယ့် တစ်ယောက်မှကို မရခဲ့ဘူး။ ဒီတော့ မျှော်လင့်ထားတာတွေ ရမလာသည့်တိုင် နည်းပြ တစ်ယောက် အနေနဲ့ ကိုယ့်ဘောင်ထဲကပဲ ကိုယ်လုပ်နိုင်တာ လုပ်ခဲ့တယ်။

ဒါမျိုးက ကမ္ဘာ့အချမ်းသာဆုံး ကလပ် အသင်း တစ်သင်းမှာ ဒါမျိုး ကြုံရမယ်လို့ ဘယ်ထင်ခဲ့မှာလဲ။ တစ်နှစ် ဝင်ငွေ ပေါင် သန်း ၆၀၀ လောက်ရနေတဲ့ အသင်းက လိုချင်တဲ့ ကစားသမားကို ဝယ်မပေးနိုင်ဘူး။ ” လို့ ဗန်ဟားလ်က ပေါက်ကွဲစွာ ဖွင့်ဟခဲ့ပါတယ်။

ဗန်ဟားလ် ယူနိုက်တက် နည်းပြသက်တမ်းမှာ ယူနိုက်တက် ခေါ်ယူခဲ့တဲ့ ကစားသမား ၁၄ ယောက် ရှိပြီး ဟော်လန်သားကြီးကတော့ သူ လိုချင်တဲ့ ကစားသမားတွေ မပါခဲ့ဘူး ဆိုလာခဲ့ပါတယ်။ ထိုစဉ်က ခေါ်ယူခဲ့တဲ့ထဲမှာ နာမည်ကြီးတွေ ဖြစ်တဲ့ ဖယ်ကာအို၊ ဒီမာရီယာ၊ ရှဝိုင်းစတိုင်ဂါစတဲ့ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ နည္းျပေဟာင္း တစ္ဦး ျဖစ္တဲ့ လူး၀စ္ ဗန္ဟားလ္က အိုးထရက္ဖို႔ဒ္မွာ ၂၀၁၄ ကေန ၂၀၁၆ ထိ နွစ္ရာသီ တာ၀န္ယူသြားခဲ့သူပါ။ သူ ရွိစဥ္ကာလအတြင္းက ယူနုိက္တက္ရဲ႕ ညံ့ဖ်င္းလြန္းတဲ့ အေျပာင္းအေရႊ႕ လႈပ္ရွားမႈနဲ႕ ေပၚလစီေတြ အေၾကာင္း ဗန္ဟားလ္က ထုတ္ေ္ဖာ္ ေျပာဆိုလာပါတယ္။

ဗန္ဟားလ္က ယူနုိက္တက္ဟာ ထိုစဥ္က တစ္နွစ္ ၀င္ေငြ ေပါင္ သန္း ၆၀၀ ေလာက္ ရေနတာေတာင္ သူ လိုခ်င္တဲ့ ကစားသမား တစ္ေယာက္မွ မေခၚေပးနုိင္ခဲ့ဘူးလို႔ ေဖာ္ထုတ္လိုက္ပါတယ္။ ေဟာ္လန္သားၾကီးဟာ ေဒးဗစ္မိုယက္စ္ေနာက္ နည္းျပေနရာ တာ၀န္ယူခဲ့တာ ျဖစ္ျပီး အက္ဖ္ေအဖလား တစ္လံုးကလြဲလို႔ု ယူနိုက္တက္မွာ ေအာင္ျမင္မႈ မရခဲ့ပါဘူး။

ထိုစဥ္ကေတာ့ ယူနိုက္တက္ဟာ ရလဒ္ေတြထက္ ေဟာ္လန္သားၾကီးရဲ႕ ျငီးေငြ႔စရာ နည္းဗ်ဴဟာေတြနဲ႕ ကစားဟန္ေတြေၾကာင့္ ပိုေ၀ဖန္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဗန္ဟားလ္ကေတာ့ ယူနိုက္တက္ က်ရွံဳးခဲ့ျခင္းက သူ႔အေပၚခ်ည္း လံုး၀ တာ၀န္ရွိေနတာ မဟုတ္ဘူးလို႔ ရွင္းလင္းလာခဲ့တာပါ။

” အဲဒီတုန္းက မန္ခ်က္စတာယူနုိက္တက္မွာ ခ်န္ပီယံ ျဖစ္ဖို႔ လံုေလာက္တဲ့ အရည္အခ်င္း မရွိပါဘူး။ ပြဲထြက္ေရြးဖို႔ လူစာရင္း ၾကည့္လိုက္ရင္ ၁၀ ေယာက္ေလာက္က အသက္ ၃၀ ေက်ာ္၊ ငါးေယာက္ေလာက္က ၃၅၊ ဒီေတာ့ စဥ္းစားၾကည့္ပါ။

က်ေနာ္က အသင္းကို ေသြးသစ္ေလာင္းခ်င္တယ္ လူသစ္ေတြ ေခၚခ်င္တယ္ ေျပာခဲ့တယ္။ ဘယ္လို ကစားသမားေတြ ေခၚသင့္တယ္လည္း ေတာင္းဆိုခဲ့တယ္ ဒါေပမယ့္ တစ္ေယာက္မွကို မရခဲ့ဘူး။ ဒီေတာ့ ေမွ်ာ္လင့္ထားတာေတြ ရမလာသည့္တိုင္ နည္းျပ တစ္ေယာက္ အေနနဲ႕ ကိုယ့္ေဘာင္ထဲကပဲ ကုိယ္လုပ္နိုင္တာ လုပ္ခဲ့တယ္။

ဒါမ်ိဳးက ကမၻာ့အခ်မ္းသာဆံုး ကလပ္ အသင္း တစ္သင္းမွာ ဒါမ်ိဳး ၾကံဳရမယ္လို႔ ဘယ္ထင္ခဲ့မွာလဲ။ တစ္နွစ္ ၀င္ေငြ ေပါင္ သန္း ၆၀၀ ေလာက္ရေနတဲ့ အသင္းက လိုခ်င္တဲ့ ကစားသမားကို ၀ယ္မေပးနုိင္ဘူး။ ” လို႔ ဗန္ဟားလ္က ေပါက္ကြဲစြာ ဖြင့္ဟခဲ့ပါတယ္။

ဗန္ဟားလ္ ယူနုိက္တက္ နည္းျပသက္တမ္းမွာ ယူနုိက္တက္ ေခၚယူခဲ့တဲ့ ကစားသမား ၁၄ ေယာက္ ရွိျပီး ေဟာ္လန္သားၾကီးကေတာ့ သူ လိုခ်င္တဲ့ ကစားသမားေတြ မပါခဲ့ဘူး ဆိုလာခဲ့ပါတယ္။ ထိုစဥ္က ေခၚယူခဲ့တဲ့ထဲမွာ နာမည္ၾကီးေတြ ျဖစ္တဲ့ ဖယ္ကာအို၊ ဒီမာရီယာ၊ ရွ၀ိုင္းစတိုင္ဂါစတဲ့ ကစားသမားေတြ ပါ၀င္ခဲ့ပါတယ္။