ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (24/02/21)

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဘယ်လောက် အလုပ်ကြိုးစားသူ ဖြစ်ကြောင်း လူတွေက မသိကြဘူးလို့ အသင်းဖော် ဘိုင်လီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီတစ်ပတ် ယူရိုပါလိဂ် ပွဲမှာ ကာဗာနီ၊ ဗန်ဒီဘိခ်နဲ့ တော်မီနေးတို့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ နယူးကာဆယ်နဲ့ ပွဲက လူစာရင်းအတိုင်းပဲ ကစားရဖွယ် ရှိကြောင်း ယူနိုက်တက် နည်းပြ ဆိုးရှားက ပွဲကြိုမှာ ဆိုပါတယ်။

နည်းပြ ဆိုးရှားက ထည့်သုံးဖြစ်မှာ မဟုတ်သေးဘူး ဆိုခဲ့ပေမယ့် လူငယ်ကစားသမား အာမက် ဒီယာလို တစ်ယောက် ပွဲထွက်လာတာကို မြင်ရဖို့ ယူနိုက်တက် ပရိသတ်တွေက အသည်းအသန် အလိုရှိနေကြပါတယ်။

အငှား ခေါ်ထားတဲ့ ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်ကို ဝက်စ်ဟမ်းက နွေမှာ အပြီး ခေါ်ယူမှာ ဖြစ်ပေမယ့် လက်စတာက ပြိုင်ဘက် အဖြစ် ကြိုးပမ်းလာဖို့ ရှိနေပါတယ်။

ယူနိုက်တက် တောင်ပံတိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်ကတော့ ဆိုးရှား အပါအဝင် ယူနိုက်တက် နည်းပြတွေဆီက သင်ယူပြီး ပေါက်မြောက်လာဖို့ ကြိုးစားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မားကပ် ရက်ဖို့ဒ်ဟာ အသင်းအတွက် ကွင်းတွင်း ကွင်းပြင်မှာ မယုံနိုင်လောက်အောင် ကောင်းမွန်စွာ သက်ရောက်မှုကြီး ပေးနေကြောင်း ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဘယ်လောက် အလုပ်ကြိုးစားသူ ဖြစ်ကြောင်း လူတွေက မသိကြဘူးလို့ အသင်းဖော် ဘိုင်လီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




