ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (25/02/21)

ချယ်ဆီးအသင်းသားတွေဟာ နည်းပြ တူချယ်ရောက်လာပြပီးနောက် ယုံကြည်ချက်တွေ ပို ရှိလာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလည်း ပိုတိုးလာခဲ့ကြောင်း ဂိုးသမား မန်ဒီက ဖွင့်ဟခဲ့ပါတယ်။

ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ချယ်ဆီးက စိတ်ဝင်စားနေတာကြောင့် အသင်း အကယ်ဒမီထွက် တိုက်စစ်မှူး တမ်မီ အေဗရာဟမ်က စာချုပ် သက်တမ်းတိုးဖို့ မလိုလားသေးဘဲ ဖြစ်နေပါတယ်။

ဒါပေမယ့် ရာသီကုန် စာချုပ်ကုန်ဆုံးမယ့် ဝါရင့် တိုက်စစ်မှူးကြီး ဂျီရူးကတော့ နောက်ထပ် ကာလတို စာချုပ် ထပ်မံ တိုး ချုပ်ဆိုဖွယ် ရှိနေပါတယ်။ ဂျီရူးဟာ လတ်တလောမှာပဲ အက်သလက်တီကို မက်ဒရစ်ဘက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးထားပါတယ်။

ဆောက်သမ်တန်နဲ့ ပွဲကထက် အက်သလက်တီကို မက်ဒရစ်ကို နိုင်တဲ့ ပွဲမှာ လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေ ယုံကြည်မှု ရှိရှိ ချမှတ်ခဲ့တာ အတွက် ကျေနပ်ပျော်ရွှင်ရကြောင်း ချယ်ဆီးနည်းပြ တူချယ်က ဆိုပါတယ်။

သီယေဂို ဆေးလ်ဗားက ပြီးခဲ့တဲ့ရာသီ ပီအက်စ်ဂျီမှာ ဖိအားတွေများစွာနဲ့ ပေါင်းအိုးထဲ ထည့်ပြုတ်ခံရသလို အနေအထားကနေ လွတ်မြောက်လာခဲ့ကာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့လာဖြစ်တာ အတွက် ပျော်ရွှင်နေပါတယ်။

ချယ်ဆီး တိုက်စစ်မှူး ဂျီရူးဟာ လျှော့အတွက် ခံရတဲ့ထဲက အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ချယ်ဆီးကစားသမားဟောင်းကြီး ကတ်စကာရီနို က ချီးကျူးလိုက်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းသားေတြဟာ နည္းျပ တူခ်ယ္ေရာက္လာျပပီးေနာက္ ယံုၾကည္ခ်က္ေတြ ပို ရွိလာျပီး ကိုယ့္ကုိကိုယ္ ယံုၾကည္မႈေတြလည္း ပိုတိုးလာခဲ့ေၾကာင္း ဂိုးသမား မန္ဒီက ဖြင့္ဟခဲ့ပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ ဟာလန္းကို ခ်ယ္ဆီးက စိတ္၀င္စားေနတာေၾကာင့္ အသင္း အကယ္ဒမီထြက္ တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္က စာခ်ဳပ္ သက္တမ္းတိုးဖို႔ မလိုလားေသးဘဲ ျဖစ္ေနပါတယ္။

ဒါေပမယ့္ ရာသီကုန္ စာခ်ဳပ္ကုန္ဆံုးမယ့္ ၀ါရင့္ တိုက္စစ္မွဴးၾကီး ဂ်ီရူးကေတာ့ ေနာက္ထပ္ ကာလတို စာခ်ဳပ္ ထပ္မံ တိုး ခ်ဳပ္ဆိုဖြယ္ ရွိေနပါတယ္။ ဂ်ီရူးဟာ လတ္တေလာမွာပဲ အက္သလက္တီကို မက္ဒရစ္ဘက္ အဖိုးတန္ အနိုင္ဂိုး သြင္းယူေပးထားပါတယ္။

ေဆာက္သမ္တန္နဲ႕ ပြဲကထက္ အက္သလက္တီကို မက္ဒရစ္ကို နုိင္တဲ့ ပြဲမွာ လိုအပ္တဲ့ ဆံုးျဖတ္ခ်က္ေတြ ယံုၾကည္မႈ ရွိရွိ ခ်မွတ္ခဲ့တာ အတြက္ ေက်နပ္ေပ်ာ္ရႊင္ရေၾကာင္း ခ်ယ္ဆီးနည္းျပ တူခ်ယ္က ဆိုပါတယ္။

သီေယဂို ေဆးလ္ဗားက ျပီးခဲ့တဲ့ရာသီ ပီအက္စ္ဂ်ီမွာ ဖိအားေတြမ်ားစြာနဲ႕ ေပါင္းအိုးထဲ ထည့္ျပဳတ္ခံရသလို အေနအထားကေန လြတ္ေျမာက္လာခဲ့ကာ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႕လာျဖစ္တာ အတြက္ ေပ်ာ္ရႊင္ေနပါတယ္။

ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူးဟာ ေလွ်ာ့အတြက္ ခံရတဲ့ထဲက အေကာင္းဆံုး ကစားသမား ျဖစ္တယ္လို႔ ခ်ယ္ဆီးကစားသမားေဟာင္းၾကီး ကတ္စကာရီနို က ခ်ီးက်ဴးလိုက္ပါတယ္။