ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (25/02/21)

ယူနိုက်တက် ဝါရင့် ကွင်းလယ်သမား မာတစ်ကတော့ နယူးကာဆယ်နဲ့ ပွဲ မတိုင်ခင်မှာ အသင်း ထရိန်နင် နောက်ကျခဲ့တာကြောင့် ကိုယ့်ဘာသာ ဒဏ်ကြေးတပ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး ထိုစဉ်က ပေါ့ဘာနဲ့ စကားပြောနေခဲ့တာကြောင့် နောက်ကျခဲ့တာ ဖြစ်လို့ ပြင်သစ်သားကိုလည်း တဝက် ဆောင်ခိုင်းရမယ်လို့ အရွှန်းဖောက်ခဲ့ပါတယ်။

တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကတော့ အသင်းမှာ ပင်နယ်တီ ကန်သွင်းတာ အတွက် ဒင်း ဟန်ဒါဆန်၊ ဂျိုဝယ် ပါရဲရားတို့နဲ့ အတူ သေချာ လေ့ကျင့်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး လေးဂိုးသာ ရှိသေးပြီး ကလပ်အသင်းကလည်း နွေမှာ တိုက်စစ်သမား ခေါ်ယူဖို့ စဉ်းစားနေတာကြောင့် ပြင်သစ်သားရဲ့ အကောင်းဆုံး အချိန်တွေ ကုန်ဆုံးသွားပြီလားလို့ Goal သတင်းဌာနက သုံးသပ်ထားပါတယ်။

ယူနိုက်တက်ဟာ ဆီဗီလာ ခံစစ်မှူး ဂျူးလက်စ် ကွန်ဒဲ အတွက် စုံစမ်း မေးမြန်းခဲ့ပေမယ့် စပိန်ကလပ် က ပေါင် ၆၈ သန်းလို့ ဈေးဆိုခဲ့တာကြောင့် မန်ချက်စတာ ကလပ်က ကမ်းလှမ်းဖို့ နောက်ဆုတ်သွားပါတယ်။

နည်းပြ ဆိုးရှားဟာ မိုဒီအသင်းမှာ ဆုံဖူးတဲ့ ဟာလန်းနဲ့ အဆက်အသွယ် မပြတ် ရှိနေသေးပြီး ဒေါ့မွန်ရဲ့ တိုက်စစ်ကြယ်ပွင့် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းကို မန်စီးတီးနဲ့ ချယ်ဆီးတို့ကလည်း ခေါ်ယူလိုနေပါတယ်။

ယူနိုက်တက် ကွင်းလယ် ဘရူနို ဖာနန်ဒက်စ်ဟာ စွမ်းဆောင်ရည် ကျဆင်းနေတဲ့ သူ့ရဲ့ ကလပ်အသင်းဖော် အချို့ကို စိတ်ပျက်နေပုံရကြောင်း အီယန် ရိုက်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ ၀ါရင့္ ကြင္းလယ္သမား မာတစ္ကေတာ့ နယူးကာဆယ္နဲ႕ ပြဲ မတိုင္ခင္မွာ အသင္း ထရိန္နင္ ေနာက္က်ခဲ့တာေၾကာင့္ ကုိယ့္ဘာသာ ဒဏ္ေၾကးတပ္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ျပီး ထိုစဥ္က ေပါ့ဘာနဲ႕ စကားေျပာေနခဲ့တာေၾကာင့္ ေနာက္က်ခဲ့တာ ျဖစ္လို႔ ျပင္သစ္သားကိုလည္း တ၀က္ ေဆာင္ခိုင္းရမယ္လို႔ အရႊန္းေဖာက္ခဲ့ပါတယ္။

တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ကေတာ့ အသင္းမွာ ပင္နယ္တီ ကန္သြင္းတာ အတြက္ ဒင္း ဟန္ဒါဆန္၊ ဂ်ိဳ၀ယ္ ပါရဲရားတို႔နဲ႕ အတူ ေသခ်ာ ေလ့က်င့္ေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ သြင္းဂိုး ေလးဂိုးသာ ရွိေသးျပီး ကလပ္အသင္းကလည္း ေႏြမွာ တိုက္စစ္သမား ေခၚယူဖို႔ စဥ္းစားေနတာေၾကာင့္ ျပင္သစ္သားရဲ႕ အေကာင္းဆံုး အခ်ိန္ေတြ ကုန္ဆံုးသြားျပီလားလို႔ Goal သတင္းဌာနက သံုးသပ္ထားပါတယ္။

ယူနိုက္တက္ဟာ ဆီဗီလာ ခံစစ္မွဴး ဂ်ဴးလက္စ္ ကြန္ဒဲ အတြက္ စံုစမ္း ေမးျမန္းခဲ့ေပမယ့္ စပိန္ကလပ္ က ေပါင္ ၆၈ သန္းလို႔ ေစ်းဆိုခဲ့တာေၾကာင့္ မန္ခ်က္စတာ ကလပ္က ကမ္းလွမ္းဖို႔ ေနာက္ဆုတ္သြားပါတယ္။

နည္းျပ ဆိုးရွားဟာ မိုဒီအသင္းမွာ ဆံုဖူးတဲ့ ဟာလန္းနဲ႕ အဆက္အသြယ္ မျပတ္ ရွိေနေသးျပီး ေဒါ့မြန္ရဲ႕ တိုက္စစ္ၾကယ္ပြင့္ ကို ေခၚယူဖို႔ စိတ္၀င္စားေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။ ၄င္းကို မန္စီးတီးနဲ႕ ခ်ယ္ဆီးတို႔ကလည္း ေခၚယူလိုေနပါတယ္။

ယူနိုက္တက္ ကြင္းလယ္ ဘရူနို ဖာနန္ဒက္စ္ဟာ စြမ္းေဆာင္ရည္ က်ဆင္းေနတဲ့ သူ႔ရဲ႕ ကလပ္အသင္းေဖာ္ အခ်ိဳ႕ကို စိတ္ပ်က္ေနပံုရေၾကာင္း အီယန္ ရိုက္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။