အဓိက တိုက်စစ်မှူး အတွက် တန်ကြေး သတ်မှတ်ပေးလိုက်တဲ့ အာဆင်နယ်

အာဆင္နယ္အသင္းဟာ အားထားရတဲ့ အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး အူဘာမီးယန္းရဲ႕ အေျခအေနေၾကာင့္ ၄င္းအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၅၀ လို႔ သတ္မွတ္ေပးလိုက္ပါတယ္။

အူဘာမီးယန္းဟာ စာခ်ဳပ္သစ္ သက္တမ္းတိုး ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ မေပးနုိင္တာေၾကာင့္ အာဆင္နယ္က အူဘာမီယန္းကို မျဖစ္မေန ထုတ္ေရာင္းရမယ့္ အေျခအေန ရွိလာခဲ့ၿပီး လာမယ့္ေႏြရာသီမွာ ေရာင္းခ်သြားရဖြယ္ ရွိေနပါတယ္။

အသင္းကေန လက္လႊတ္ရမယ္ဆိုရင္ အာဆင္နယ္အသင္းက ယူရုိ ၅၅ သန္း (ေပါင္သန္း ၅၀) လိုခ်င္တယ္လို႔ တုန္႔ျပန္ထားခဲ့တာျဖစ္ၿပီး ျဖစ္ႏိုင္ရင္ေတာ့ အာဆင္နယ္က အူဘာမီးယန္း ကို ေရာင္းခ်ဖို႔ထက္ အသင္းမွာ ဆက္လက္ထိန္းထားဖို႔အတြက္သာ ပို အလိုရွိေနတာပါ။

အူဘာမီးယန္းက အာဆင္နယ္ရဲ႕ အဓိက ကစားသမားအျဖစ္ရွိေနခဲ့သလို အသင္းေခါင္းေဆာင္တစ္ဦးလည္း ျဖစ္တာေၾကာင့္ အာဆင္နယ္ အသင္း နည္းျပ အာတီတာက အသင္းမွာ ေနာက္ထပ္တစ္ရာသီေလာက္ေတာ့ ထပ္မံရွိေနေစဖို႔ကို အလိုရွိေနပါတယ္။

ဒါေပမယ့္ စပိန္အင္အားၾကီးကလပ္ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕တိုက္စစ္မွဴး ဆြာရက္ဇ္ ဒဏ္ရာျပႆနာရွိေနခဲ့တာေၾကာင့္ အူဘာမီယန္းကို ေခၚယူဖို႔အတြက္ စီစဥ္ေနတာပါ။

အာဆင္နယ္ အသင္းသာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ကိုလာမယ့္ရာသီမွာသာ ဆက္လက္ဆံုးရံႈးခဲ့မယ္ဆိုရင္ အူဘာမီယန္းကို ေသခ်ာေပါက္ လက္လႊတ္ရမယ့္ အေရးနဲ႔ကို ရင္ဆိုင္ရႏိုင္တာျဖစ္ပါတယ္။

Unicode – အာဆင်နယ်အသင်းဟာ အားထားရတဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီးယန်းရဲ့ အခြေအနေကြောင့် ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ လို့ သတ်မှတ်ပေးလိုက်ပါတယ်။

အူဘာမီးယန်းဟာ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ သဘောတူညီမှု မပေးနိုင်တာကြောင့် အာဆင်နယ်က အူဘာမီယန်းကို မဖြစ်မနေ ထုတ်ရောင်းရမယ့် အခြေအနေ ရှိလာခဲ့ပြီး လာမယ့်နွေရာသီမှာ ရောင်းချသွားရဖွယ် ရှိနေပါတယ်။

အသင်းကနေ လက်လွှတ်ရမယ်ဆိုရင် အာဆင်နယ်အသင်းက ယူရို ၅၅ သန်း (ပေါင်သန်း ၅၀) လိုချင်တယ်လို့ တုန့်ပြန်ထားခဲ့တာဖြစ်ပြီး ဖြစ်နိုင်ရင်တော့ အာဆင်နယ်က အူဘာမီးယန်း ကို ရောင်းချဖို့ထက် အသင်းမှာ ဆက်လက်ထိန်းထားဖို့အတွက်သာ ပို အလိုရှိနေတာပါ။

အူဘာမီးယန်းက အာဆင်နယ်ရဲ့ အဓိက ကစားသမားအဖြစ်ရှိနေခဲ့သလို အသင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်တာကြောင့် အာဆင်နယ် အသင်း နည်းပြ အာတီတာက အသင်းမှာ နောက်ထပ်တစ်ရာသီလောက်တော့ ထပ်မံရှိနေစေဖို့ကို အလိုရှိနေပါတယ်။

ဒါပေမယ့် စပိန်အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ အသင်းရဲ့တိုက်စစ်မှူး ဆွာရက်ဇ် ဒဏ်ရာပြဿနာရှိနေခဲ့တာကြောင့် အူဘာမီယန်းကို ခေါ်ယူဖို့အတွက် စီစဉ်နေတာပါ။

အာဆင်နယ် အသင်းသာ ချန်ပီယံလိဂ် ဝင်ခွင့်ကိုလာမယ့်ရာသီမှာသာ ဆက်လက်ဆုံးရှုံးခဲ့မယ်ဆိုရင် အူဘာမီယန်းကို သေချာပေါက် လက်လွှတ်ရမယ့် အရေးနဲ့ကို ရင်ဆိုင်ရနိုင်တာဖြစ်ပါတယ်။