ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (28/05/20)

နာမည်ကျော် ဝေးစ် တောင်ပံကစားသမား ဂါရတ်ဘေးလ် ဆောက်သမ်တန်မှာ စတင်တောက်ပစဉ်က ယူနိုက်တက်ဟာ ဘေးလ်ကို ခေါ်ယူဖို့ ပေါင် သုံး-လေးသန်းလောက်နဲ့ ကမ်းလှမ်းခဲ့ဖူးပြီး နည်းပါးလွန်းတာကြောင့် စိန့်တွေက ငြင်းပယ်ခဲ့ကြောင်း နည်းပြဟောင်း ဂျော့ဘာလေက ဖွင့်ဟလိုက်ပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းကောင်းနဲ့ လျင်မြန်ဖျတ်လတ်မှုလည်း ရှိတာကြောင့် ဘယ်ပြိုင်ဘက်မဆိုကို ယှဉ်နိုင်သူ ဖြစ်တယ်လို့ တော်မီနေးက ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက် နည်းပြဟောင်း ဗန်ဟားလ်က သူ မန်ချက်စတာကလပ်ကို ကိုင်တွယ်ရစဉ်မှာ အသင်း ဝင်ငွေကောင်းပေမယ့် အလိုရှိတဲ့ ကစားသမား တစ်ယောက်မှ မခေါ်ပေးနိုင်ခဲ့တဲ့ ယူနိုက်တက် တာဝန်ရှိသူတွေရဲ့ ညံ့ဖျင်းတဲ့ စီမံမှုတွေအကြောင်း ထုတ်ဖော် ဝေဖန်လိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ ကမ်းလှမ်းမှု အဖြစ် ဂျိမ်းစ် ရိုဒရီဂွက်ဇ်၊ အိုဒီဂတ်၊ လူးကပ်စ် ဗက်စ်ကွက် နဲ့ ဘရာဟင် ဒီယက်ဇ် စတဲ့ ကစားသမားလေးဦးထိ ထည့်ကာ အလိုက်ပေး ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

နွေအပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ရင် နည်းပြဆိုးရှားအတွက် ကစားသမားသစ်တွေ ခေါ်ယူပေးနိုင်ဖို့ ယူနိုက်တက်ဟာ ပေါင် သန်း ၁၄၀ ထိ ငွေချေးယူဖို့ စီစဉ်နေတယ်လို့ မန်ချက်စတာအခြေစိုက် သတင်းဌာနက ဖော်ပြသွားပါတယ်။

ပြောင်းရွှေ့ကြေး မြင့်မားတဲ့ ဒေါ့မွန်တိုက်စစ် ကြယ်ပွင့် ဆန်ချိုအတွက် ကမ်းလှမ်းမှုမှာ ယူနိုက်တက်က ချီလီသား တိုက်စစ်သမား ဆန်းချုက်ကို အလိုက်ပေး ထည့်သွင်း ကမ်းလှမ်းရန် စီစဉ်နေပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်ရင် ကွင်းပိတ်ပြီး ပရိသတ်မပါဘဲ ကစားရမယ်ဆိုတာက ယူနိုက်တက် အသင်းသားတွေအတွက် အခက်အခဲ မဟုတ်ဘူးလို့ နည်းပြ ဆိုးရှားက ပြောကြားလိုက်ပါတယ်။

ဂိုးသမား ဒီဂီယာ အမှားကျူးလွန်မိတာတွေက ပုံမှန်ပဲ ဖြစ်ပြီး ရှမိုက်ကယ်လို ဂိုးသမားကြီးတောင် ဒါမျိုး အမှားတွေ လုပ်ခဲ့ဖူးတယ်လို့ ယူနိုက်တက် ဂိုးသမားဟောင်းကြီး Van der Gouw က ကာကွယ်ပြောဆိုလိုက်ကာ ဒီဂီယာက ဂိုးသမားကောင်း ဖြစ်တယ်လို့ ထောက်ခံလိုက်ပါတယ်။

Zawgyi – နာမည္ေက်ာ္ ေ၀းစ္ ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ ေဆာက္သမ္တန္မွာ စတင္ေတာက္ပစဥ္က ယူနိုက္တက္ဟာ ေဘးလ္ကို ေခၚယူဖို႔ ေပါင္ သံုး-ေလးသန္းေလာက္နဲ႕ ကမ္းလွမ္းခဲ့ဖူးျပီး နည္းပါးလြန္းတာေၾကာင့္ စိန္႔ေတြက ျငင္းပယ္ခဲ့ေၾကာင္း နည္းျပေဟာင္း ေဂ်ာ့ဘာေလက ဖြင့္ဟလိုက္ပါတယ္။

ယူနိုက္တက္ ကြငး္လယ္ကစားသမား ေပါ့ဘာဟာ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈ ေကာင္းေကာင္္းနဲ႕ လ်င္ျမန္ဖ်တ္လတ္မႈလည္း ရွိတာေၾကာင့္ ဘယ္ျပိဳင္ဘက္မဆိုကို ယွဥ္နုိင္သူ ျဖစ္တယ္လို႔ ေတာ္မီေနးက ခ်ီးက်ဴးလိုက္ပါတယ္။

ယူနုိက္တက္ နည္းျပေဟာင္း ဗန္ဟားလ္က သူ မန္ခ်က္စတာကလပ္ကို ကိုင္တြယ္ရစဥ္မွာ အသင္း ၀င္ေငြေကာင္းေပမယ့္ အလုိရွိတဲ့ ကစားသမား တစ္ေယာက္မွ မေခၚေပးနုိင္ခဲ့တဲ့ ယူနိုက္တက္ တာ၀န္ရွိသူေတြရဲ႕ ညံ့ဖ်င္းတဲ့ စီမံမႈေတြအေၾကာင္း ထုတ္ေဖာ္ ေ၀ဖန္လိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ယူနုိက္တက္ ကြင္းလယ္ ကစားသမား ေပါ့ဘာကို ေခၚယူဖို႔ ကမ္းလွမ္းမႈ အျဖစ္ ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္၊ အိုဒီဂတ္၊ လူးကပ္စ္ ဗက္စ္ကြက္ နဲ႕ ဘရာဟင္ ဒီယက္ဇ္ စတဲ့ ကစားသမားေလးဦးထိ ထည့္ကာ အလုိက္ေပး ကမ္းလွမ္းခဲ့ေၾကာင္း သိရပါတယ္။

ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္ ဖြင့္လွစ္ရင္ နည္းျပဆိုးရွားအတြက္ ကစားသမားသစ္ေတြ ေခၚယူေပးႏုိင္ဖို႔ ယူႏုိက္တက္ဟာ ေပါင္ သန္း ၁၄၀ ထိ ေငြေခ်းယူဖို႔ စီစဥ္ေနတယ္လို႔ မန္ခ်က္စတာအေျခစိုက္ သတင္းဌာနက ေဖာ္ျပသြားပါတယ္။

ေျပာင္းေရႊ႕ေၾကး ျမင့္မားတဲ့ ေဒါ့မြန္တိုက္စစ္ ၾကယ္ပြင့္ ဆန္ခ်ိဳအတြက္ ကမ္းလွမ္းမႈမွာ ယူနိုက္တက္က ခ်ီလီသား တိုက္စစ္သမား ဆန္းခ်ုက္ကို အလိုက္ေပး ထည့္သြင္း ကမ္းလွမ္းရန္ စီစဥ္ေနပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတင္ရင္ ကြင္းပိတ္ျပီး ပရိသတ္မပါဘဲ ကစားရမယ္ဆိုတာက ယူႏုိက္တက္ အသင္းသားေတြအတြက္ အခက္အခဲ မဟုတ္ဘူးလို႔ နည္းျပ ဆိုးရွားက ေျပာၾကားလိုက္ပါတယ္။

ဂိုးသမား ဒီဂီယာ အမွားက်ဴးလြန္မိတာေတြက ပံုမွန္ပဲ ျဖစ္ျပီး ရွမိုက္ကယ္လို ဂိုးသမားၾကီးေတာင္ ဒါမ်ိဳး အမွားေတြ လုပ္ခဲ့ဖူးတယ္လို႔ ယူနိုက္တက္ ဂိုးသမားေဟာင္းၾကီး Van der Gouw က ကာကြယ္ေျပာဆိုလိုက္ကာ ဒီဂီယာက ဂိုးသမားေကာင္း ျဖစ္တယ္လို႔ ေထာက္ခံလိုက္ပါတယ္။