ယူရိုပါလိဂ် လက်ကျန် အသင်းတွေထဲ ယူနိုက်တက် လူစာရင်းက အကောင်းဆုံးပဲ လို့ ပေါစခိုးလ် ဆို

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါစခိုးလ်ကတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ကျန်ရှိနေတဲ့ အသင်းတွေထဲ အကောင်းဆုံး လူစာရင်း ပိုင်ဆိုင်ထားပြီး ဗိုလ်စွဲဖို့လည်း အလားအလာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှ အာဆင်နယ်နဲ့ စပါးတို့လည်း ပြိုင်ပွဲမှာ ရှိနေသေးပေမယ့် စခိုးလ်ကတော့ ပြိုင်ဘက်တွေကို လျှော့ချ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရီးရဲလ် ဆိုဆီဒက်ကို ဒုတိယ အကျော့မှာ သရေကျခဲ့ပေမယ့် နှစ်ကျော့ပေါင်း ၄-၀ ရလဒ်နဲ့ပဲ ယူရိုပါလိဂ် နောက်ဆုံး ၁၆ သင်းထဲ ပါဝင်သွားပြီ ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ပရီးမီးယားလိဂ်မှ ယူနိုက်တက်၊ အာဆင်နယ်၊ စပါးတို့ အပြင် အခြား အသင်းကြီးတွေ ဖြစ်တဲ့ အေစီမီလန်၊ အေဂျက်နဲ့ စကော့တလန်မှာ ခြေစွာလာတဲ့ ရိမ်းဂျားစ်တို့လည်း ရှိနေပါသေတယ်။

ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါစခိုးလ်ကတော့ အာဆင်နယ်၊ စပါးအသင်းတို့ဟာ ပြိုင်ပွဲ နောက်ဆုံး အဆင့်ထိ တင်ကျန်ရစ်မယ်လို့ မယူဆဘဲ အသင်းဟောင်း ယူနိုက်တက်က အခြေအနေ အကောင်းဆုံးလို့ ယူဆထားပါတယ်။

ယူရိုပါလိဂ်မှာ အာဆင်နယ်၊ စပါး၊ မန်ယူနိုက်တက်နဲ့ ရိမ်းဂျားစ်တို့က ဗိုလ်စွဲနိုင်သလား အမေးကို စခိုးလ်က – ” ယူနိုက်တက်က ဖြစ်နိုင်တယ်၊ ကျန်တဲ့ အသင်းတွေ အကြောင်း ပြောဖို့တော့ သိပ် မသေချာဘူး။ ယူနိုက်တက်ကို ကြည့်လိုက်ပါ။ ဒီပြိုင်ပွဲမှာ ကျန်နေတဲ့ထဲ အကောင်းဆုံး လူစာရင်း ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး အသင်း ဖြစ်တယ်။

မနှစ်က ဒီအခြေအနေ ဆိုရင် ဆီဗီလာ အသင်း ရှိနေသေးတယ်။ ဒီပြိုင်ပွဲမှာ သူတို့က ဘယ်လို ဆိုတာ ကျနော်တို့ သိထားပြီး ဖြစ်တယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ယူနိုက်တက် ပြိုင်ပွဲ နောက်ဆုံး အဆင့်ထိသွားပြီး ဖလား ယူဖို့ အခွင့်ကောင်းပါပဲ။ ပွဲကောင်းတာတွေရော သိပ်မကောင်းတာတွေရောကတော့ ကြုံလာနိုင်ပါသေးတယ်။

အာဆင်နယ်နဲ့ စပါးတို့ကလည်း အခွင့်ကောင်း ရပြီ တွေးနေမှာပါ။ ဒါပေမယ့် အဲဒီနှစ်သင်းထက် ယူနိုက်တက်က အပုံကြီး ပိုသာပါတယ်။ နောက်ပြီး စပိန်တို့ အီတလီတို့ကလည်း အရင်ကလောက် မကောင်းတော့ပါဘူး။ မီလန်က လိဂ်မှာ ထိပ်ရောက်နေတယ် ဒါပေမယ့် ယူနိုက်တက်က ကျော်ဖြတ်နိုင်တယ် ကျနော် ထင်ပါတယ်။ ” လို့ စခိုးလ်က ဆိုပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ေဟာင္း ေပါစခိုးလ္ကေတာ့ ယူနုိက္တက္ဟာ ယူရိုပါလိဂ္ ျပိဳင္ပြဲမွာ က်န္ရွိေနတဲ့ အသင္းေတြထဲ အေကာင္းဆံုး လူစာရင္း ပိုင္ဆိုင္ထားျပီး ဗိုလ္စြဲဖို႔လည္း အလားအလာ အေကာင္းဆံုး ျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။ ပရီးမီးယားလိဂ္မွ အာဆင္နယ္နဲ႕ စပါးတို႔လည္း ျပိဳင္ပြဲမွာ ရွိေနေသးေပမယ့္ စခိုးလ္ကေတာ့ ျပိဳင္ဘက္ေတြကို ေလွ်ာ့ခ် ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ရီးရဲလ္ ဆိုဆီဒက္ကို ဒုတိယ အေက်ာ့မွာ သေရက်ခဲ့ေပမယ့္ နွစ္ေက်ာ့ေပါင္း ၄-၀ ရလဒ္နဲ႕ပဲ ယူရိုပါလိဂ္ ေနာက္ဆံုး ၁၆ သင္းထဲ ပါ၀င္သြားျပီ ျဖစ္ပါတယ္။ ယူရိုပါလိဂ္မွာ ပရီးမီးယားလိဂ္မွ ယူနိုက္တက္၊ အာဆင္နယ္၊ စပါးတို႔ အျပင္ အျခား အသင္းၾကီးေတြ ျဖစ္တဲ့ ေအစီမီလန္၊ ေအဂ်က္နဲ႕ စေကာ့တလန္မွာ ေျခစြာလာတဲ့ ရိမ္းဂ်ားစ္တို႔လည္း ရွိေနပါေသတယ္။

ယူနိုက္တက္ ကြင္းလယ္ေဟာင္း ေပါစခိုးလ္ကေတာ့ အာဆင္နယ္၊ စပါးအသင္းတို႔ဟာ ျပိဳင္ပြဲ ေနာက္ဆံုး အဆင့္ထိ တင္က်န္ရစ္မယ္လို႔ မယူဆဘဲ အသင္းေဟာင္း ယူနိုက္တက္က အေျခအေန အေကာင္းဆံုးလို႔ ယူဆထားပါတယ္။

ယူရိုပါလိဂ္မွာ အာဆင္နယ္၊ စပါး၊ မန္ယူနိုက္တက္နဲ႕ ရိမ္းဂ်ားစ္တို႔က ဗိုလ္စြဲနုိင္သလား အေမးကို စခိုးလ္က – ” ယူနိုက္တက္က ျဖစ္နုိင္တယ္၊ က်န္တဲ့ အသင္းေတြ အေၾကာင္း ေျပာဖို႔ေတာ့ သိပ္ မေသခ်ာဘူး။ ယူနိုက္တက္ကို ၾကည့္လိုက္ပါ။ ဒီျပိဳင္ပြဲမွာ က်န္ေနတဲ့ထဲ အေကာင္းဆံုး လူစာရင္း ပိုင္ဆိုင္ထားတဲ့ အေကာင္းဆံုး အသင္း ျဖစ္တယ္။

မနွစ္က ဒီအေျခအေန ဆိုရင္ ဆီဗီလာ အသင္း ရွိေနေသးတယ္။ ဒီျပိဳင္ပြဲမွာ သူတို႔က ဘယ္လို ဆိုတာ က်ေနာ္တို႔ သိထားျပီး ျဖစ္တယ္။ ဒါေပမယ့္ ဒီနွစ္ကေတာ့ ယူနိုက္တက္ ျပိဳင္ပြဲ ေနာက္ဆံုး အဆင့္ထိသြားျပီး ဖလား ယူဖို႔ အခြင့္ေကာင္းပါပဲ။ ပြဲေကာင္းတာေတြေရာ သိပ္မေကာင္းတာေတြေရာကေတာ့ ၾကံဳလာနုိင္ပါေသးတယ္။

အာဆင္နယ္နဲ႕ စပါးတို႔ကလည္း အခြင့္ေကာငး္ ရျပီ ေတြးေနမွာပါ။ ဒါေပမယ့္ အဲဒီနွစ္သင္းထက္ ယူနုိက္တက္က အပံုၾကီး ပိုသာပါတယ္။ ေနာက္ျပီး စပိန္တို႔ အီတလီတို႔ကလည္း အရင္ကေလာက္ မေကာင္းေတာ့ပါဘူး။ မီလန္က လိဂ္မွာ ထိပ္ေရာက္ေနတယ္ ဒါေပမယ့္ ယူနိုက္တက္က ေက်ာ္ျဖတ္နုိင္တယ္ က်ေနာ္ ထင္ပါတယ္။ ” လို႔ စခိုးလ္က ဆိုပါတယ္။