ညက စတန်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲကတော့ ဂိုးမရှိ သရေကျသွားခဲ့ပြီး ယခင် အိုးထရက်ဖို့ဒ်မှာလည်း အလားတူ ဂိုးမရှိ သရေကျထားခဲ့တာကြောင့် နှစ်သင်းလုံးရဲ့ ဒီရာသီ အားပြိုင်မှုကတော့ ပြတ်သားတဲ့ ရလဒ် မထွက်ခဲ့ပါဘူး။
ယူနိုက်တက်နဲ့ ပွဲမှာ ချယ်ဆီးဘက်က တိုက်စစ်မှူး တီမိုဗာနာ ကို ပွဲမထုတ်ခဲ့ဘဲ အရန်မှာ ထား အနားပေးခဲ့တာက ဂျာမန်သားဟာ အနားယူဖို့ လိုအပ်တယ် ယူဆပြီး လီဗာပူးနဲ့ပွဲ အတွက် လန်းဆန်းနေစေချင်တာကြောင့် ဖြစ်တယ်လို့ တူချယ်က ပွဲအပြီးမှာ ရှင်းလင်း ပြောဆိုပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက ဒီတလော VAR နဲ့ ပြန်ကြည့်တဲ့ ပင်နယ်တီ အဆုံးအဖြတ်များမှာ ယူနိုက်တက်က မျက်နှာသာ ပေး မခံရတဲ့ အပေါ် မပျော်ရွှင် ဖြစ်နေပြီး ချယ်ဆီးအသင်းရဲ့ အော်ဖစ်ရှယ် ဝက်ဘ်ဆိုဒ်မှာ ယူနိုက်တက် ပင်နယ်တီ ကိစ္စတွေနဲ့ ဆောင်းပါး တစ်ပုဒ် တင်ခဲ့တာလည်း ဒီကိစ္စတွေ အပေါ် လွှမ်းမိုးမှု ရှိကြောင်း ပြစ်တင်လိုက်ပါတယ်။
အိုဒွိုင်းရဲ့ လက်ထိဘော ဟာ ပင်နယ်တီ ဖြစ်တယ်လို့ ဒိုင်လူကြီးက မက်ဂွဲရားကို ပြောခဲ့ပြီး ဖြစ်ကြောင်း လုခ်ရှောက ဖွင့်ဟခဲ့ကာ VAR ကြည့်အပြီးမှာတော့ ပြောင်းလဲသွားခဲ့ရတယ်လို့ ဆိုပါတယ်။
ယူနိုက်တက်နဲ့ ရင်ဆိုင်ဖို့ ကစားသမား အယောက် ၂၀ ရွေးချယ်ရာမှာ တမ်မီ အေဗရာဟမ်ကို ချန်လှပ်ခဲ့တာကြောင့် အင်္ဂလန်သား အနေနဲ့ ဒီဆုံးဖြတ်ချက်ကို လက်ခံရ ခက်ခဲခဲ့ကြောင်း တူချယ်က ဝန်ခံ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးကွင်းလယ် ကစားသမား ကန်တေဟာ ညက ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ကို ကောင်းစွာ လူကပ် ကစားသွားခဲ့ပါတယ်။

Zawgyi – ညက စတန္းဖို႔ဘရစ္ခ်္မွာ ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ခ်ယ္ဆီးနဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲကေတာ့ ဂိုးမရွိ သေရက်သြားခဲ့ျပီး ယခင္ အိုးထရက္ဖို႔ဒ္မွာလည္း အလားတူ ဂိုးမရွိ သေရက်ထားခဲ့တာေၾကာင့္ နွစ္သငး္လံုးရဲ႕ ဒီရာသီ အားျပိဳင္မႈကေတာ့ ျပတ္သားတဲ့ ရလဒ္ မထြက္ခဲ့ပါဘူး။
ယူနိုက္တက္နဲ႕ ပြဲမွာ ခ်ယ္ဆီးဘက္က တိုက္စစ္မွဴး တီမိုဗာနာ ကို ပြဲမထုတ္ခဲ့ဘဲ အရန္မွာ ထား အနားေပးခဲ့တာက ဂ်ာမန္သားဟာ အနားယူဖို႔ လိုအပ္တယ္ ယူဆျပီး လီဗာပူးနဲ႕ပြဲ အတြက္ လန္းဆန္းေနေစခ်င္တာေၾကာင့္ ျဖစ္တယ္လို႔ တူခ်ယ္က ပြဲအျပီးမွာ ရွင္းလင္း ေျပာဆိုပါတယ္။
ယူနိုက္တက္ နည္းျပ ဆိုးရွားက ဒီတေလာ VAR နဲ႔ ျပန္ၾကည့္တဲ့ ပင္နယ္တီ အဆံုးအျဖတ္မ်ားမွာ ယူနုိက္တက္က မ်က္နွာသာ ေပး မခံရတဲ့ အေပၚ မေပ်ာ္ရႊင္ ျဖစ္ေနျပီး ခ်ယ္ဆီးအသင္းရဲ႕ ေအာ္ဖစ္ရွယ္ ၀က္ဘ္ဆိုဒ္မွာ ယူနိုက္တက္ ပင္နယ္တီ ကိစၥေတြနဲ႕ ေဆာင္းပါး တစ္ပုဒ္ တင္ခဲ့တာလည္း ဒီကိစၥေတြ အေပၚ လႊမ္းမိုးမႈ ရွိေၾကာင္း ျပစ္တင္လိုက္ပါတယ္။
အိုဒြိဳင္းရဲ႕ လက္ထိေဘာ ဟာ ပင္နယ္တီ ျဖစ္တယ္လို႔ ဒိုင္လူၾကီးက မက္ဂြဲရားကို ေျပာခဲ့ျပီး ျဖစ္ေၾကာင္း လုခ္ေရွာက ဖြင့္ဟခဲ့ကာ VAR ၾကည့္အျပီးမွာေတာ့ ေျပာင္းလဲသြားခဲ့ရတယ္လို႔ ဆိုပါတယ္။
ယူနိုက္တက္နဲ႕ ရင္ဆိုင္ဖို႔ ကစားသမား အေယာက္ ၂၀ ေရြးခ်ယ္ရာမွာ တမ္မီ ေအဗရာဟမ္ကို ခ်န္လွပ္ခဲ့တာေၾကာင့္ အဂၤလန္သား အေနနဲ႕ ဒီဆံုးျဖတ္ခ်က္ကို လက္ခံရ ခက္ခဲခဲ့ေၾကာင္း တူခ်ယ္က ၀န္ခံ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးကြင္းလယ္ ကစားသမား ကန္ေတဟာ ညက ပြဲမွာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အဓိက ကစားသမား ျဖစ္တဲ့ ဘရူနို ဖာနန္ဒက္စ္ကို ေကာင္းစြာ လူကပ္ ကစားသြားခဲ့ပါတယ္။
