ချယ်ဆီးအသင်းထံ သီးသန့်အခွင့်အရေးတစ်ခု တောင်းဆိုသွားတဲ့ ကန်တေ

UNICODE – ချယ်ဆီးကွင်းလယ်လူ ကန်တေက ဇွန်လ ၁၇ ရက်နေ့မှာ ပြန်လည်းစတင်မယ့် ပရီးမီးယားလိဂ်မတိုင်ခင် ချွင်းချက်တစ်ခုဖြင့် လေ့ကျင့်ရေး ပြန်ဝင်ဖို့ကို သဘောတူလိုက်ပါတယ်။

ကိုဟမ်လေ့ကျင့်ရေးကို ပြန်လာပြီး လေ့ကျင့်မှာဖြစ်ပေမယ့် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်မှာ မဟုတ်ဘဲ သီးသန့် တစ်ဦးတည်း လေ့ကျင့်ရေးဆင်းခွင့်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ သဘောတူညီမှုနဲ့အတူ ကန်တေဟာ ကိုဟမ်လေ့ကျင့်ရေးကွင်းကို ပြန်ဝင်လာမှာဖြစ်တယ်။

မန်နေ၈ျာလမ်းပတ်နဲ့ ချယ်ဆီးအသင်းဟာ ကိုရိုနာဗိုင်းရပ်ကို ကြောက်ရွံ့နေတဲ့ ကန်တေအတွက် ဆွေးနွေးမှုတွေ လုပ်ပေးရာက အခုလိုရလဒ် ထွက်ပေါ်လာတာပါ။ ရက်ပေါင်း ၂၀ အတွင်း ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အမြင့်ဆုံးမှာ ရှိနေဖို့ အာရုံစိုက်ရမယ့် လမ်းပတ်က ကန်တေရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးခဲ့တယ်လို့ ယုံကြည်ရတယ်။

ကိုဗစ် စစ်ဆေးမှုလုပ်တဲ့ ပထမဆုံး အပတ်မှာတော့ ကန်တေဟာ ကိုဟမ်ကို ပြန်လာခဲ့ပေမယ့် အဲ့တစ်ကြိမ် ပြီးတည်းက သူဟာ လေ့ကျင့်ရေးကွင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့တာပါ။ အစောတုန်းက ရာသီကုန်ထိ အနားပေးလိုက်ရမယ် သတင်းတွေ ထွက်ထားပေမယ့် ညိနှိုင်းမှုတွေကြောင့် လေ့ကျင့်ရေး ပြန်ဝင်သွားမှာဖြစ်ပါတယ်။

ချယ်ဆီးရဲ့ ပရီးမီးယားလိဂ် လက်ကျန် ၉ ပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ဖို့ အရေးပါသလို အက်ဖ်အေဖလားပွဲကလည်း ရှေ့ဆက်နိုင်ရင် ၃ ပွဲထိ ကစားရမှာဖြစ်တယ်။ ဒီပွဲတွေမှာ ကွင်းလယ်လူရဲ့ လှုပ်နိုင်စွမ်းတွေက အရေးပါမှာ ဖြစ်ပါတယ်။

ဗြိတိန်ဘက်က စစ်တမ်းတွေက ကိုရိုနာဗိုင်းရပ်ဟာ လူမဲတွေဆိုရင် သေဆုံးမှု ပိုမြင့်တက်ကြောင်း ကြေညာထားတယ်။ အကိုဖြစ်သူကလည်း နှလုံးဖောက်ပြီး ရုတ်တရတ် ကွယ်လွန်ခဲ့ခြင်းကြောင့် ကန်တေတို့ မိသားစုဝင်တွေဟာ ကျန်မာရေးနဲ့ ပက်သက်ရင် သတိထားရတဲ့ ကိစ္စတွေ ရှိတာကြောင့် ကန်တေက ဘောလုံးပြန်ကစားရဖို့ကို ကြောက်ရွံ့နေရခြင်း ဖြစ်ပါတယ်။

ZAWGYI – ချယ်ဆီးကွင်းလယ်လူ ကန်တေက ဇွန်လ ၁၇ ရက်နေ့မှာ ပြန်လည်းစတင်မယ့် ပရီးမီးယားလိဂ်မတိုင်ခင် ချွင်းချက်တစ်ခုဖြင့် လေ့ကျင့်ရေး ပြန်ဝင်ဖို့ကို သဘောတူလိုက်ပါတယ်။




