ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် တချို့ ကြားရက်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး လီဗာပူး နဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်လည်း ပါဝင်ပါတယ်။ ပွဲချိန် ကတော့ မတ်လ ၅ ရက်၊ သောကြာနေ့၊ နံနက် ၂း၄၅ နာရီမှာပါ။
နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ လီဗာပူးနဲ့ ချယ်ဆီးတို့ ပွဲစဉ်နဲ့ ပတ်သတ်ပြီး အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” လီဗာပူး ချယ်ဆီးပွဲက ဒီတစ်ပတ် ကြားရက် ကန်တဲ့ ပွဲတွေထဲ အကောင်းဆုံး ပွဲ ဖြစ်နိုင်ပါတယ်။ အန်းဖီးမှာ ပြန် ကစားရမယ့် ဒီပွဲမှာ လီဗာပူးကတော့ အိမ်ကွင်း ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အသည်းအသန် ဆန္ဒရှိနေပါလိမ့်မယ်။
သူတို့က ချယ်ဆီးကို ကြိုဆိုရမှာ ဖြစ်လို့ သတိကြီးတော့ ထားရမှာပါ။ သောမတ်စ် တူချယ်ကသာ ကောင်တာနဲ့ ကစားမယ်ဆို လီဗာပူး ပြသနာတွေ ရှိသွားနိုင်ပါတယ်။
ဒါပေမယ့် ချယ်ဆီးအသင်းကလည်း သတိထားရမယ့် နံပါတ် ၉ တိုက်စစ် ပျောက်ဆုံးနေတာပါ။ ဒါကြောင့် ဒီပွဲက အကြိတ်အနယ် ရှိပေမယ့် ဂိုးနည်းမယ် ထင်တယ်။ ကျနော်ကတော့ ၁ဂိုးစီ သရေလောက်ပဲ မှန်းပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။
မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ် ကတော့ လီဗာပူး 1-1 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ တခ်ိဳ႕ ၾကားရက္မွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ျပီး လီဗာပူး နဲ႕ ခ်ယ္ဆီးတို႔ ထိပ္တိုက္ေတြ႔တဲ့ ပြဲစဥ္လည္း ပါ၀င္ပါတယ္။ ပြဲခ်ိန္ ကေတာ့ မတ္လ ၅ ရက္၊ ေသာၾကာေန႔၊ နံနက္ ၂း၄၅ နာရီမွာပါ။
နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ကေတာ့ လီဗာပူးနဲ႕ ခ်ယ္ဆီးတို႔ ပြဲစဥ္နဲ႔ ပတ္သတ္ျပီး အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” လီဗာပူး ခ်ယ္ဆီးပြဲက ဒီတစ္ပတ္ ၾကားရက္ ကန္တဲ့ ပြဲေတြထဲ အေကာင္းဆံုး ပြဲ ျဖစ္နုိင္ပါတယ္။ အန္းဖီးမွာ ျပန္ ကစားရမယ့္ ဒီပြဲမွာ လီဗာပူးကေတာ့ အိမ္ကြင္း ရလဒ္ဆိုးေတြကေန ရုန္း္ထြက္ျပီး လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ဖို႔ အသည္းအသန္ ဆႏၵရွိေနပါလိမ့္မယ္။
သူတို႔က ခ်ယ္ဆီးကို ၾကိဳဆိုရမွာ ျဖစ္လို႔ သတိၾကီးေတာ့ ထားရမွာပါ။ ေသာမတ္စ္ တူခ်ယ္ကသာ ေကာင္တာနဲ႕ ကစားမယ္ဆို လီဗာပူး ျပသနာေတြ ရွိသြားနိုင္ပါတယ္။
ဒါေပမယ့္ ခ်ယ္ဆီးအသင္းကလည္း သတိထားရမယ့္ နံပါတ္ ၉ တိုက္စစ္ ေပ်ာက္ဆံုးေနတာပါ။ ဒါေၾကာင့္ ဒီပြဲက အၾကိတ္အနယ္ ရွိေပမယ့္ ဂိုးနည္းမယ္ ထင္တယ္။ က်ေနာ္ကေတာ့ ၁ဂိုးစီ သေရေလာက္ပဲ မွန္းပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။
မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ လီဗာပူး 1-1 ခ်ယ္ဆီး ျဖစ္ပါတယ္။
