မော်ရင်ညို ပစ်မှတ်ထားခဲ့တဲ့ တိုက်စစ်မှူးကို ယူနိုက်တက် ထပ်ကြိုးစားဖို့ ဆိုးရှား မီးစိမ်းပြ

ယူနိုက်တက် နည်းပြ ဆိုးရှားက ယခင်နည်းပြဟောင်း မော်ရင်ညို ရှိစဉ်က မန်ချက်စတာကလပ်ထံ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ မိုနာကိုမှ ဆယ်ကျော်သက် တိုက်စစ် ကြယ်ပွင့် ပီယက်ထရို ပယ်လီဂရီ ကို ထပ်မံကြိုးစားဖို့ မီးစိမ်းပြလိုက်ပြီလို့ အင်္ဂလန်သတင်းတွေမှာ ဖော်ပြလာပါတယ်။

ပယ်လီဂရီ ကို လွန်ခဲ့တဲ့နှစ်နှစ်က အီတလီကလပ် ဂျီနိုအာမှာ ရှိစဉ်တည်းက ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ထိုစဉ်က မော်ရင်ညို ကိုယ်တိုင် ၎င်းကို အလိုရှိခဲ့တာပါ။

ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ ပယ်လီဂရီ ရဲ့ အေးဂျင့်တို့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖြစ်ပြီး နောက်ဆုံးမှာ မိုနာကိုထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။

မိုနာကိုကို အဓိက ရွေးသွားခဲ့တဲ့ အကြောင်းရင်းကတော့ ဆယ်ကျော်သက် အီတလီသားက ပထမအသင်းကြီးမှာ ပါဝင်ကစားဖို့ အခွင့်အရေး ပိုပေးနိုင်မယ့် အသင်းအဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပယ်လီဂရီ က ပြင်သစ်မှာ သူ့ ကစားသမား ဘ၀ တိုးတက်မှု ပိုဖြစ်ထွန်းနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

ပယ်လီဂရီ ကို ၁၆ နှစ်သား အရွယ်မှာတင် မိုနာကိုက ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်း ထိ သုံးကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး လက်ရှိ အသက် ၁၉ နှစ် ရှိပြီ ဖြစ်တဲ့ အီတလီသားဟာ မိုနာကို ပွဲထွက်စာရင်းမှာ ပါဝင်ခွင့် မရသေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ၆ ပွဲသာ လူစားဝင် ကစားခွင့် ရခြ့ပါတယ်။ ဒါပေမယ့် ၎င်းကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေက ရှိနေဆဲ ဖြစ်ပါတယ်။

အီတလီဘက်က သတင်းတွေ အဆိုအရ ပယ်လီဂရီ ကို ယူနိုက်တက်က ပြန်လည် စိတ်ဝင်စားမှု ပြသလာပြီး နည်းပြ ဆိုးရှား ကိုယ်တိုင်ကလည်း ခေါ်ယူဖို့ တိုက်တွန်းခဲ့ပြီ သိရပါတယ်။ မော်ရင်ညို နည်းတူပဲ ဆိုးရှားကလည်း ခြေစွမ်းကောင်းပြီး အလားအလာကောင်းတွေ ရှိတဲ့ ပယ်လီဂရီ ကို သဘောကျနေခဲ့ပါတယ်။

ယူနိုက်တက်ဟာ အငှားခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုကို ဆက်ခေါ်ထားမှာ ဖြစ်ပေမယ့် နိုင်ဂျီးရီးယားကို ရသည့်တိုင် ရေတို ဖြေရှင်းမှုသာ ဖြစ်တာကြောင့် ရေရှည် အတွက် ငယ်ရွယ်ပြီး ခြေစွမ်းထက်တဲ့ တိုက်စစ်မှူး ဆက်လက် ခေါ်ယူလိုနေပါတယ်။ ပယ်လီဂရီ ကို ယူနိုက်တက် ခေါ်ယူဖြစ်ရင် အသင်း အနာဂတ် အစီအစဉ်တွေ အတွက် ကြိုတင်ရင်းနှီးမှု ဖြစ်လာမှာ ဖြစ်ပြီး ပြင်သစ်မှာထက်တော့ ပယ်လီဂရီ ကို ပွဲ ကစားခွင့် ပိုပေးဖို့ ဆိုးရှားက ရည်ရွယ်နေပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားက ယခင္နည္းျပေဟာင္း ေမာ္ရင္ညိဳ ရွိစဥ္က မန္ခ်က္စတာကလပ္ထံ ေခၚယူဖို႔ ၾကိဳးစားခဲ့ဖူးတဲ့ မိုနာကိုမွ ဆယ္ေက်ာ္သက္ တိုက္စစ္ ၾကယ္ပြင့္ ပီယက္ထရို ပယ္လီဂရီ ကို ထပ္မံၾကိဳးစားဖို႔ မီးစိမ္းျပလိုက္ျပီလို႔ အဂၤလန္သတင္းေတြမွာ ေဖာ္ျပလာပါတယ္။

ပယ္လီဂရီ ကို လြန္ခဲ့တဲ့နွစ္နွစ္က အီတလီကလပ္ ဂ်ီနိုအာမွာ ရွိစဥ္တည္းက ယူနိုက္တက္က ေခၚယူဖိုု႔ ၾကိဳးစားခဲ့တာ ျဖစ္ျပီး ထိုစဥ္က ေမာ္ရင္ညိဳ ကိုယ္တိုင္ ၄င္း္ကို အလိုရွိခဲ့တာပါ။ ယူနိုက္တက္ တာ၀န္ရွိသူေတြနဲ႕ ပယ္လီဂရီ ရဲ႕ ေအးဂ်င့္တို႔ ေဆြးေႏြးမႈေတြ အၾကိမ္ၾကိမ္ ျပဳလုပ္ခဲ့ျဖစ္ျပီး ေနာက္ဆံုးမွာ မိုနာကိုထံ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

မိုနာကိုကို အဓိက ေရြးသြားခဲ့တဲ့ အေၾကာင္းရင္းကေတာ့ ဆယ္ေက်ာ္သက္ အီတလီသားက ပထမအသင္းၾကီးမွာ ပါ၀င္ကစားဖို႔ အခြင့္အေရး ပိုေပးနုိင္မယ့္ အသင္းအျဖစ္ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ ပယ္လီဂရီ က ျပင္သစ္မွာ သူ႔ ကစားသမား ဘ၀ တိုးတက္မႈ ပိုျဖစ္ထြန္းနုိင္မယ္လို႔ ယံုၾကည္ခဲ့ပါတယ္။

ပယ္လီဂရီ ကို ၁၆ နွစ္သား အရြယ္မွာတင္ မိုနာကိုက ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၁ သန္း ထိ သုံးကာ ေခၚယူခဲ့တာ ျဖစ္ျပီး လက္ရွိ အသက္ ၁၉ နွစ္ ရွိျပီ ျဖစ္တဲ့ အီတလီသားဟာ မိုနာကို ပြဲထြက္စာရင္းမွာ ပါ၀င္ခြင့္ မရေသးပါဘူး။ ျပီးခဲ့တဲ့ နွစ္ရာသီမွာ ၆ ပြဲသာ လူစား၀င္ ကစားခြင့္ ရချ့ပါတယ္။ ဒါေပမယ့္ ၄ငး္ကို စိတ္၀င္စားေနတဲ့ ကလပ္အသင္းေတြက ရွိေနဆဲ ျဖစ္ပါတယ္။

အီတလီဘက္က သတင္းေတြ အဆိုအရ ပယ္လီဂရီ ကို ယူနိုက္တက္က ျပန္လည္ စိတ္၀င္စားမႈ ျပသလာျပီး နည္းျပ ဆိုးရွား ကိုယ္တိုင္ကလည္း ေခၚယူဖို႔ တိုက္တြန္းခဲ့ျပီ သိရပါတယ္။ ေမာ္ရင္ညိဳ နည္းတူပဲ ဆိုးရွားကလည္း ေျခစြမ္းေကာင္းျပီး အလားအလာေကာင္းေတြ ရွိတဲ့ ပယ္လီဂရီ ကို သေဘာက်ေနခဲ့ပါတယ္။

ယူနုိက္တက္ဟာ အငွားေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလိုကို ဆက္ေခၚထားမွာ ျဖစ္ေပမယ့္ နုိင္ဂ်ီးရီးယားကို ရသည့္တိုင္ ေရတို ေျဖရွင္းမႈသာ ျဖစ္တာေၾကာင့္ ေရရွည္ အတြက္ ငယ္ရြယ္ျပီး ေျခစြမ္းထက္တဲ့ တိုက္စစ္မွဴး ဆက္လက္ ေခၚယူလိုေနပါတယ္။ ပယ္လီဂရီ ကို ယူနိုက္တက္ ေခၚယူျဖစ္ရင္ အသင္း အနာဂတ္ အစီအစဥ္ေတြ အတြက္ ၾကိဳတင္ရင္းနွီးမႈ ျဖစ္လာမွာ ျဖစ္ျပီး ျပင္သစ္မွာထက္ေတာ့ ပယ္လီဂရီ ကို ပြဲ ကစားခြင့္ ပိုေပးဖို႔ ဆိုးရွားက ရည္ရြယ္ေနပါတယ္။