ယူနိုက်တက် ကွင်းလယ် ကစားသမား ပါရဲရားဟာ အငှား သွားရောက် ကစားနေတဲ့ လာဇီယို အသင်းမှာ ပွဲကစားချိန် ရဖို့ ရုန်းကန်နေရပြီး ရာသီကုန်မှာလည်း ပေါင် ၂၁ သန်းနဲ့ အပြီးသတ် ဝယ်ယူဖို့ လာဇီယိုက မလိုလားတာကြောင့် မန်ချက်စတာ သို့ ပြန်လာဖွယ် ရှိနေပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ဒီလထဲမှာ ဘရူနို ဖာနန်ဒက်စ်ကို ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ကစားပေးဖို့ သွားရောက် ပူးပေါင်းမယ့် အပေါ် တားဆီးသွားမယ်လို့ သိရပါတယ်။ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကလည်း ကိုဗစ် အနီရောင် သတိပေး အဆင့် ရှိပြီး ကွာရန်တင်း ၁၀ ရက် ဝင်ရမယ့် နိုင်ငံတွေထံ သူ့ ကစားသမားတွေကို မစေလွှတ်လိုကြောင်း ပြောဆိုထားပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဖြစ်ပြီး ဘောလုံး သုံးသပ်သူ ဖြစ်တဲ့ လီရှပ်ကတော့ နည်းပြ ဆိုးရှားဟာ ယူနိုက်တက် အတွက် အရေးပါတဲ့ ပွဲတွေမှာ ကစားသမားတွေ ဆီက အရည်အချင်းတွေ ညှစ်ထုတ်နိုင်မှု အပေါ် မေးခွန်းထုတ်လိုက်ပါတယ်။
ပဲေ့လစ်နဲ့ သရေကျသွားတဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ခြေကုန်လက်ပန်းကျနေတဲ့ ပုံစံ မြင်တွေ့ခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ်ကလည်း ပွဲစတဲ့ အချိန်တည်းက စလို့ လျော့တိလျော့ရဲ ဖြစ်နေခဲ့ကြောင်း နဗီးလ်က ဝေဖန် ပြောဆိုခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ယူနိုက်တက် အသင်းသား နှစ်ဦး ဖြစ်တဲ့ မက်ဂွဲရားနဲ့ မားကပ် ရက်ဖို့ဒ်တို့ အပြန်အလှန် အော်ဟစ်က အငြင်းပွား အချင်းများခဲ့ကြပါတယ်။ မက်ဂွဲရားက လူကျွံအနေအထားကနေ ခေါင်းတိုက်တဲ့ ရက်ဖို့ဒ်ကို အော်ဟစ်ခဲ့ပြီး အင်္ဂလန်သားကလည်း ပြန်အော်ပြောခဲ့တာ ဖြစ်ပါတယ်။
ဒေါ့မွန် တိုက်စစ်ကြယ်ပွင့် ဟာလန်းဟာ အသင်းပြောင်းမယ် ဆိုရင် သူ ပြောင်းချင်တဲ့ အသင်း ၆ သင်း စာရင်းရှိပြီး ထိုအသင်းတွေကတော့ မန်ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူး၊ ဂျူဗင်တပ်၊ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ ကစားသမား ပါရဲရားဟာ အငွား သြားေရာက္ ကစားေနတဲ့ လာဇီယို အသင္းမွာ ပြဲကစားခ်ိန္ ရဖို႔ ရုန္းကန္ေနရျပီး ရာသီကုန္မွာလည္း ေပါင္ ၂၁ သန္းနဲ႕ အျပီးသတ္ ၀ယ္ယူဖို႔ လာဇီယိုက မလိုလားတာေၾကာင့္ မန္ခ်က္စတာ သို႔ ျပန္လာဖြယ္ ရွိေနပါတယ္။
ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ဒီလထဲမွာ ဘရူနို ဖာနန္ဒက္စ္ကို ေပၚတူဂီ လက္ေရြးစင္ အသင္းအတြက္ ကစားေပးဖို႔ သြားေရာက္ ပူးေပါင္းမယ့္ အေပၚ တားဆီးသြားမယ္လို႔ သိရပါတယ္။ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကလည္း ကိုဗစ္ အနီေရာင္ သတိေပး အဆင့္ ရွိျပီး ကြာရန္တင္း ၁၀ ရက္ ၀င္ရမယ့္ နုိင္ငံေတြထံ သူ႔ ကစားသမားေတြကို မေစလႊတ္လိုေၾကာင္း ေျပာဆိုထားပါတယ္။
ယူနိုက္တက္ ကစားသမားေဟာင္း ျဖစ္ျပီး ေဘာလံုး သံုးသပ္သူ ျဖစ္တဲ့ လီရွပ္ကေတာ့ နည္းျပ ဆိုးရွားဟာ ယူနိုက္တက္ အတြက္ အေရးပါတဲ့ ပြဲေတြမွာ ကစားသမားေတြ ဆီက အရည္အခ်င္းေတြ ညွစ္ထုတ္နုိင္မႈ အေပၚ ေမးခြန္းထုတ္လိုက္ပါတယ္။
ပဲေ့လစ္နဲ႕ သေရက်သြားတဲ့ ပြဲမွာ မန္ခ်က္စတာ ယူနိုက္တက္က ေျခကုန္လက္ပန္းက်ေနတဲ့ ပံုစံ ျမင္ေတြ႕ခဲ့ရျပီး ဘရူနို ဖာနန္ဒက္စ္ကလည္း ပြဲစတဲ့ အခ်ိန္တည္းက စလို႔ ေလ်ာ့တိေလ်ာ့ရဲ ျဖစ္ေနခဲ့ေၾကာင္း နဗီးလ္က ေ၀ဖန္ ေျပာဆိုခဲ့ပါတယ္။
ခရစၥတယ္ပဲေလ့စ္နဲ႕ ပြဲမွာ ယူနိုက္တက္ အသင္းသား နွစ္ဦး ျဖစ္တဲ့ မက္ဂြဲရားနဲ႕ မားကပ္ ရက္ဖို႔ဒ္တို႔ အျပန္အလွန္ ေအာ္ဟစ္က အျငင္းပြား အခ်င္းမ်ားခဲ့ၾကပါတယ္။ မက္ဂြဲရားက လူကၽြံအေနအထားကေန ေခါင္းတိုက္တဲ့ ရက္ဖို႔ဒ္ကို ေအာ္ဟစ္ခဲ့ျပီး အဂၤလန္သားကလည္း ျပန္ေအာ္ေျပာခဲ့တာ ျဖစ္ပါတယ္။
ေဒါ့မြန္ တိုက္စစ္ၾကယ္ပြင့္ ဟာလန္းဟာ အသင္းေျပာင္းမယ္ ဆုိရင္ သူ ေျပာငး္ခ်င္တဲ့ အသင္း ၆ သင္း စာရင္းရွိျပီး ထိုအသင္းေတြကေတာ့ မန္ယူနုိက္တက္၊ မန္စီးတီး၊ လီဗာပူး၊ ဂ်ဴဗင္တပ္၊ ရီးရဲလ္နဲ႕ ဘာစီလိုနာတို႔ ျဖစ္တယ္လို႔ သိရပါတယ္။
