ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (05/03/21)

ချယ်ဆီးအသင်းဟာ ညက အန်းဖီးမှာ သွားကန်တဲ့ ပရီးမီးယားလိဂ်မှာ အိမ်ရှင် လီဗာပူးအသင်းကို မေဆန်မောင့်ရဲ့ တစ်လုံးတန်သော ဂိုးနဲ့ အဖိုးတန် နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ချယ်ဆီးဟာ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ရောက်လာပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီတလောမှာ ရလဒ်ကောင်းတွေ ရပြီး ပေးဂိုး မရှိတဲ့ ပွဲတွေ ပိုင်ဆိုင်ထားပေမယ့် သွင်းဂိုးတွေက လုံလောက်မှု မရှိသေးကြောင်း မောင့်က ဆိုခဲ့ပြီး လီဗာပူးဘက် ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် ဝမ်းမြောက်နေပါတယ်။

မေဆန်မောင့်ဟာ ချယ်ဆီးအသင်း အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၂ ဂိုး ရှိသွားပြီ ဖြစ်ပြီး ဂိုးထောက်ပံ့မှုက ၈ ကြိမ် ရှိထားပါတယ်။ ဒါဟာ အာဂျန်ရော်ဘင် နောက်ပိုင်း ဂိုးနဲ့ ထောက်ပံ့မှု ၂၀ ရောက်လာတဲ့ ဒုတိယ အငယ်ဆုံး ချယ်ဆီးအသင်းသားလည်း ဖြစ်လာစေခဲ့ပါတယ်။

သတ္တိအပြည့်နဲ့ ရဲရင့်တဲ့ ချယ်ဆီး အသင်းသားတွေဟာ ဒီနိုင်ပွဲနဲ့ လုံးဝကို ထိုက်တန်တယ်လို့ ချယ်ဆီးနည်းပြ တူချယ်ကတော့ ပွဲ အပြီးမှာ ချီးကျူး စကား ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချယ်ဆီးနဲ့ ပွဲမှာ တိုက်စစ်မှူး ဆာလက် ကို စောစောစီးစီး လူစားလဲ လိုက်တာက အီဂျစ်သားကို ဒဏ်ရာ ရသွားမှာ စိုးရိမ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ကလော့ပ်က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ကစားသမားဟောင်း အက်ရှ်လေကိုးလ်ကတော့ လီဗာပူးနဲ့ ပွဲမှာ ကစားသွားတဲ့ စွမ်းဆောင်ရည် သူ မြင်သမျှ ချယ်ဆီးအသင်း ပွဲတွေထဲ အကောင်းဆုံး တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ချီးကျူးလိုက်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက အန္းဖီးမွာ သြားကန္တဲ့ ပရီးမီးယားလိဂ္မွာ အိမ္ရွင္ လီဗာပူးအသင္းကို ေမဆန္ေမာင့္ရဲ႕ တစ္လံုးတန္ေသာ ဂိုးနဲ႕ အဖိုးတန္ နုိင္ပြဲ ရရွိသြားခဲ့ပါတယ္။ ဒီနိုင္ပြဲေၾကာင့္ ခ်ယ္ဆီးဟာ အမွတ္ေပးဇယား အဆင့္ ၄ ေနရာကို ေရာက္လာျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီတေလာမွာ ရလဒ္ေကာင္းေတြ ရျပီး ေပးဂိုး မရွိတဲ့ ပြဲေတြ ပိုင္ဆိုိင္ထားေပမယ့္ သြင္းဂိုးေတြက လံုေလာက္မႈ မရွိေသးေၾကာင္း ေမာင့္က ဆိုခဲ့ျပီး လီဗာပူးဘက္ ဂိုးသြင္းနုိင္ခဲ့တဲ့ အတြက္ ၀မ္းေျမာက္ေနပါတယ္။

ေမဆန္ေမာင့္ဟာ ခ်ယ္ဆီးအသင္း အတြက္ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၂ ဂိုး ရွိသြားျပီ ျဖစ္ျပီး ဂိုးေထာက္ပံ့မႈက ၈ ၾကိမ္ ရွိထားပါတယ္။ ဒါဟာ အာဂ်န္ေရာ္ဘင္ ေနာက္ပိုင္း ဂိုးနဲ႕ ေထာက္ပံ့မႈ ၂၀ ေရာက္လာတဲ့ ဒုတိယ အငယ္ဆံုး ခ်ယ္ဆီးအသင္းသားလည္း ျဖစ္လာေစခဲ့ပါတယ္။

သတၱိအျပည့္နဲ႕ ရဲရင့္တဲ့ ခ်ယ္ဆီး အသင္းသားေတြဟာ ဒီနုိင္ပြဲနဲ႕ လုံး၀ကို ထိုက္တန္တယ္လို႔ ခ်ယ္ဆီးနည္းျပ တူခ်ယ္ကေတာ့ ပြဲ အျပီးမွာ ခ်ီးက်ဴး စကား ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ခ်ယ္ဆီးနဲ႕ ပြဲမွာ တိုက္စစ္မွဴး ဆာလက္ ကို ေစာေစာစီးစီး လူစားလဲ လိုက္တာက အီဂ်စ္သားကို ဒဏ္ရာ ရသြားမွာ စိုးရိမ္ခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ကေလာ့ပ္က ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ကစားသမားေဟာင္း အက္ရွ္ေလကိုးလ္ကေတာ့ လီဗာပူးနဲ႕ ပြဲမွာ ကစားသြားတဲ့ စြမ္းေဆာင္ရည္ သူ ျမင္သမွ် ခ်ယ္ဆီးအသင္း ပြဲေတြထဲ အေကာင္းဆံုး တစ္ပြဲ ျဖစ္ခဲ့တယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။