ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (05/03/21)

ဘာစီလိုနာ ကွင်းလယ် ကစားသမား မိုရီဘာ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ လိုက်ပ်ဇစ်တို့ က ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း စပိန် သတင်းဌာနတွေက ဖော်ထုတ်လိုက်ပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမားဟာ ဒီရာသီမှ ဘာစီလိုနာ အသင်းကြီးနဲ့ အတူ ပွဲ ကစားခွင့် ရလာသူပါ။

ယူနိုက်တက် ဂိုးသမား ဒီဂီယာ ဟာ ဇနီးဖြစ်သူက သမီးဦးလေး မွေးထားတာကြောင့် အဖေ အသစ်စက်စက် ပီပီ ဒီရက်ပိုင်း ပွဲတွေမှာ မပါဝင်နိုင်သေးကြောင်း နည်းပြ ဆိုးရှားက အတည်ပြုခဲ့ပါတယ်။ ဒီဂီယာက လာမယ့် တနင်္ဂနွေ မန်ချက်စတာ ဒါဘီကို လွဲချော်မှာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ သုံးပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေပြီး ပုံစံပျက်သွားပြီ လို့ ဝေဖန်နေကြတဲ့ စကားတွေကို ဆိုးရှားကတော့ ငြင်းဆန် ပယ်ချလိုက်ပြီး ၁၀ ပွဲဆက် ရှုံးပွဲ မရှိတဲ့အသင်း ရလဒ်တွေကိုလည်း ကြည့်ဖို့ တုန့်ပြန်လိုက်ပါတယ်။

ယူနိုက်တက် ခံစစ်မှူး လင်ဒီလော့ဖ်က ၎င်းရဲ့ ကျော ဒဏ်ရာဟာ ကာလရှည် ဒုက္ခပေးနေဆဲ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပြီး နာကျင်လျက်နဲ့ ပဲ ကြိတ်မှိတ် ကစားနေခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပဲလေ့စ်နဲ့ ပွဲမှာ ကွင်းထဲ မက်ဂွဲရားနဲ့ ရက်ဖို့ဒ်တို့ အချင်းများခဲ့တဲ့ ဖြစ်ရပ် အပေါ် ဘာဘာတော့ဗ်က အကောင်းမြင်နေပြီး ရက်ဖို့ဒ်ရဲ့ ပေါက်ကွဲမှုနဲ့ စိတ်အား ထက်သန်မှုကို မြင်ခဲ့ရကြောင်း ထောက်ပြခဲ့ပါတယ်။

မန်ချက်စတာ မြို့ခံ ခါးသီး ပြိုင်ဘက် မန်စီးတီးနဲ့ ၆ မှတ် ကွာဟနေတာက သိပ်ဝေးလွန်းတဲ့ အနေအထား မဟုတ်ကြောင်း ဆိုးရှားက ဆိုလိုက်ပြီး တစ်ပွဲချင်း အာရုံစိုက် သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ဘာစီလိုနာ ကြင္းလယ္ ကစားသမား မိုရီဘာ အတြက္ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ လိုက္ပ္ဇစ္တို႔ က ကမ္းလွမ္းမႈေတြ ျပဳလုပ္ထားေၾကာင္း စပိန္ သတင္းဌာနေတြက ေဖာ္ထုတ္လိုက္ပါတယ္။ အသက္ ၁၈ နွစ္ အရြယ္ ကစားသမားဟာ ဒီရာသီမွ ဘာစီလိုနာ အသင္းၾကီးနဲ႕ အတူ ပြဲ ကစားခြင့္ ရလာသူပါ။

ယူနိုက္တက္ ဂိုးသမား ဒီဂီယာ ဟာ ဇနီးျဖစ္သူက သမီးဦးေလး ေမြးထားတာေၾကာင့္ အေဖ အသစ္စက္စက္ ပီပီ ဒီရက္ပိုင္း ပြဲေတြမွာ မပါ၀င္နုိင္ေသးေၾကာင္း နည္းျပ ဆိုးရွားက အတည္ျပဳခဲ့ပါတယ္။ ဒီဂီယာက လာမယ့္ တနဂၤေႏြ မန္ခ်က္စတာ ဒါဘီကို လြဲေခ်ာ္မွာပါ။

မန္ခ်က္စတာ ယူနုိက္တက္ဟာ သံုးပြဲဆက္ ဂိုးေပါက္ ေပ်ာက္ဆံုးေနျပီး ပံုစံပ်က္သြားျပီ လို႔ ေ၀ဖန္ေနၾကတဲ့ စကားေတြကို ဆိုးရွားကေတာ့ ျငင္းဆန္ ပယ္ခ်လိုက္ျပီး ၁၀ ပြဲဆက္ ရွံဳးပြဲ မရွိတဲ့အသင္း ရလဒ္ေတြကိုလည္း ၾကည့္ဖို႔ တုန္႔ျပန္လိုက္ပါတယ္။

ယူနိုက္တက္ ခံစစ္မွဴး လင္ဒီေလာ့ဖ္က ၄င္းရဲ႕ ေက်ာ ဒဏ္ရာဟာ ကာလရွည္ ဒုကၡေပးေနဆဲ ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ျပီး နာက်င္လ်က္နဲ႕ ပဲ ၾကိတ္မွိတ္ ကစားေနခဲ့တာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ပဲေလ့စ္နဲ႕ ပြဲမွာ ကြင္းထဲ မက္ဂြဲရားနဲ႕ ရက္ဖို႔ဒ္တို႔ အခ်င္းမ်ားခဲ့တဲ့ ျဖစ္ရပ္ အေပၚ ဘာဘာေတာ့ဗ္က အေကာင္းျမင္ေနျပီး ရက္ဖို႔ဒ္ရဲ႕ ေပါက္ကြဲမႈနဲ႕ စိတ္အား ထက္သန္မႈကို ျမင္ခဲ့ရေၾကာင္း ေထာက္ျပခဲ့ပါတယ္။

မန္ခ်က္စတာ ျမိဳ႔ခံ ခါးသီး ျပိဳင္ဘက္ မန္စီးတီးနဲ႕ ၆ မွတ္ ကြာဟေနတာက သိပ္ေ၀းလြန္းတဲ့ အေနအထား မဟုတ္ေၾကာင္း ဆိုးရွားက ဆိုလိုက္ျပီး တစ္ပြဲခ်င္း အာရံုစိုက္ သြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။