ယူနိုက်တက်မှာ ဆက်နေခွင့်အတွက် ပေါင် ၇၅ သန်းတန် စာချုပ်ကို ထိခိုက်ခံမယ့် အစ်ဟာလို

UNICODE – ယူနိုက်တက်တိုက်စစ်မှူး အစ်ဟာလိုဟာ လက်ကျန် ရာသီကုန်ထိကို မန်ချက်စတာကလပ်မှာ အငှားဆက်ကစားလိုပြီး ဒါဟာ သူ့ရဲ့ ပေါင် ၇၅ သန်းတန် စာချုပ်သစ်ကိုပါ ထိခိုက်မှု ရှိစေနိုင်တယ်လို့ သိရပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကို အငှားလာကစားနေတဲ့ အစ်ဟာလိုက ၈ ပွဲကစားပြီး ၄ ဂိုးသွင်းထားပါတယ်။ ဒီအပတ်အကုန်မှာ စာချုပ်ကုန်ပြီဖို့လို့ တရုတ်ကလပ်ကို ပြန်ရမှာဖြစ်ပြီး တရုတ်ကလပ်ကလည်း နောက်လ ရာသီသစ်မစခင်မှာ အစ်ဟာလိုကို ပြန်ခေါ်လိုနေတာဖြစ်တယ်။

ဒါပေမယ့် တိုက်စစ်မှူးက တရုတ်ကလပ်ကို ပြန်မယ့်အစား ယူနိုက်တက်မှာပဲ ဒီရာသီ ကုန်တဲ့အထိ ဆက်နေပြီး သူ့ရဲ့ အိပ်မက်အသင်းအတွက် ပွဲထွက်ကစားပေးလိုပါတယ်။ ယူနိုက်တက်နဲ့ ရှန်ဟိုင်းရှန်ဟွာတို့ကတော့ အစ်ဟာလိုကို အငှားကာလ သက်တမ်းတိုးဖို့ကိစ္စ စကားဆက်ပြောသွားမှာဖြစ်တယ်။

တရုတ်ကလပ်ဟာ အသက် ၃၀ အရွယ် အစ်ဟာလိုကို တစ်ပတ် ပေါင် ၄၈၀၀၀၀ ပေးမယ့် သုံးနှစ်သက်တမ်းတိုးစာချုပ် ပေးလိုနေပြီး အဆိုပါ စာချုပ်က ပေါင် ၇၅ သန်းထိ တန်ကြေးရှိပါတယ်။ ဒါပေမယ့် လက်ကျန် ဘောလုံးရာသီကို အစ်ဟာလိုက ယူနိုက်တက်မှာပဲ ဆက်နေမယ်ဆိုရင် အဆိုပါ စာချုပ်သစ်ပေးဖို့ကို စဉ်းစားသွားဖွယ် ရှိတာပါ။

အစ်ဟာလိုက ယူနိုက်တက်မှာ ကစားရဖို့က သူ့ရဲ့ ငယ်ဘဝ အိပ်မက်ဖြစ်ပြီး ဒီဇန်နဝါရီမှာ ပြောင်းလာပြီး ကစားနိုင်ဖို့အတွက် လုပ်ခပိုင်းကို လျော့ချယူထားရတာဖြစ်တယ်။ အစ်ဟာလို ပရီးမီးယားလိဂ် အဆုံးသတ်တဲ့ထိ မန်ချက်စတာမှာ ဆက်ကစားနိုင်ဖို့ လာမယ့် ၄၈ နာရီအတွင်း သုံးပွင့်ဆိုင် ညိနှိုင်းမှုကို အပြီးသတ်ရမှာဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္တိုက္စစ္မွဴး အစ္ဟာလိုဟာ လက္က်န္ ရာသီကုန္ထိကို မန္ခ်က္စတာကလပ္မွာ အငွားဆက္ကစားလိုျပီး ဒါဟာ သူ႔ရဲ႕ ေပါင္ ၇၅ သန္းတန္ စာခ်ဳပ္သစ္ကိုပါ ထိခိုက္မႈ ရွိေစႏုိင္တယ္လို႔ သိရပါတယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ယူႏုိက္တက္ကို အငွားလာကစားေနတဲ့ အစ္ဟာလိုက ၈ ပြဲကစားျပီး ၄ ဂိုးသြင္းထားပါတယ္။ ဒီအပတ္အကုန္မွာ စာခ်ဳပ္ကုန္ျပီဖို႔လို႔ တရုတ္ကလပ္ကို ျပန္ရမွာျဖစ္ျပီး တရုတ္ကလပ္ကလည္း ေနာက္လ ရာသီသစ္မစခင္မွာ အစ္ဟာလိုကို ျပန္ေခၚလိုေနတာျဖစ္တယ္။

ဒါေပမယ့္ တိုက္စစ္မွဴးက တရုတ္ကလပ္ကို ျပန္မယ့္အစား ယူႏုိက္တက္မွာပဲ ဒီရာသီ ကုန္တဲ့အထိ ဆက္ေနျပီး သူ႔ရဲ႕ အိပ္မက္အသင္းအတြက္ ပြဲထြက္ကစားေပးလိုပါတယ္။ ယူႏိုက္တက္နဲ႔ ရွန္ဟိုင္းရွန္ဟြာတို႔ကေတာ့ အစ္ဟာလိုကို အငွားကာလ သက္တမ္းတိုးဖို႔ကိစၥ စကားဆက္ေျပာသြားမွာျဖစ္တယ္။

တရုတ္ကလပ္ဟာ အသက္ ၃၀ အရြယ္ အစ္ဟာလိုကို တစ္ပတ္ ေပါင္ ၄၈၀၀၀၀ ေပးမယ့္ သံုးႏွစ္သက္တမ္းတိုးစာခ်ဳပ္ ေပးလိုေနျပီး အဆိုပါ စာခ်ဳပ္က ေပါင္ ၇၅ သန္းထိ တန္ေၾကးရွိပါတယ္။ ဒါေပမယ့္ လက္က်န္ ေဘာလံုးရာသီကို အစ္ဟာလိုက ယူႏုိက္တက္မွာပဲ ဆက္ေနမယ္ဆိုရင္ အဆိုပါ စာခ်ဳပ္သစ္ေပးဖို႔ကို စဥ္းစားသြားဖြယ္ ရွိတာပါ။

အစ္ဟာလိုက ယူႏုိက္တက္မွာ ကစားရဖို႔က သူ႔ရဲ႕ ငယ္ဘဝ အိပ္မက္ျဖစ္ျပီး ဒီဇန္နဝါရီမွာ ေျပာင္းလာျပီး ကစားႏုိင္ဖို႔အတြက္ လုပ္ခပိုင္းကို ေလ်ာ့ခ်ယူထားရတာျဖစ္တယ္။ အစ္ဟာလို ပရီးမီးယားလိဂ္ အဆံုးသတ္တဲ့ထိ မန္ခ်က္စတာမွာ ဆက္ကစားႏုိင္ဖို႔ လာမယ့္ ၄၈ နာရီအတြင္း သံုးပြင့္ဆိုင္ ညိႏိႈင္းမႈကို အျပီးသတ္ရမွာျဖစ္ပါတယ္။