ချယ်ဆီးအသင်းဟာ ညက ပရီးမီးယားလိဂ် ပွဲမှာ အဲဗာတန် အသင်းကို ၂ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲ ထပ်မံ ရရှိခဲ့ပြန်ပါတယ်။ ဂိုးတွေကို ဘန်ဂေါ့ဖရေးက Own Goal နဲ့ ဂျော်ဂျင်ဟိုက ပင်နယ်တီကနေ တစ်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းက ဂျာမန်သား နည်းပြ တူချယ်ရောက်လာပြီးနောက် ၁၁ ပွဲ ဆက် ရှုံးပွဲ မရှိ ရလဒ်ကောင်းနေပြီး အဲဗာတန်ကို ပေးဂိုး မရှိဘဲ နိုင်လိုက်တာကြောင့် ပရီးမီးယားလိဂ် သမိုင်းမှာ အိမ်ကွင်း ပထမ ၅ ပွဲ ဆက် ဂိုးမပေးရတဲ့ ပထမဆုံးအသင်း မန်နေဂျာလည်း ဖြစ်လာပါတယ်။

ဒါ့အပြင် ချယ်ဆီးအသင်းဟာ ၂၀၁၅ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အိမ်ကွင်း လိဂ် ပွဲ ၅ ပွဲ ဆက် ပေးဂိုး လုံး၀ မရှိတဲ့ မှတ်တမ်းကောင်းလည်း ရရှိသွားခဲ့ပါတယ်။
ပူလီဆစ်ဟာ အရည်အချင်းကောင်းတွေ ရှိပါလျက် ကံမကောင်းလို့သာ အရန်မှာ ရှိနေသေးတာ ဖြစ်ပြီး ဒေါ့မွန် ကစားသမားဟောင်း အပေါ် ယုံကြည်မှု အပြည့်အ၀ ရှိကြောင်း တူချယ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အဲဗာတန် အသင်းဟာ ချယ်ဆီးနဲ့ လယ်ဗယ်တူ အဆင့်မှာ ရှိမနေကြောင်း အဲဗာတန် နည်းပြ အန်ဆယ်လော့တီက ပွဲ အပြီးမှာ ဝန်ခံစကား ဆိုခဲ့ပါတယ်။
အထူးခြေစွမ်းပြသွားတဲ့ ကိုင်ဟာဗက်ဇ် စွမ်းဆောင် ရည်ကို နည်းပြ တူချယ်ကတော့ သဘောကျနေပြီး ဟာဗက်ဇ် အပေါ် ယုံကြည်မှု ပေးခဲ့တာကြောင့် ဒီယုံကြည်မှုကို ကစားသမားက ဆုပ်ကိုင် အသုံးချသွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက ပရီးမီးယားလိဂ္ ပြဲမွာ အဲဗာတန္ အသင္းကို ၂ဂိုး ဂိုးမရွိနဲ႕ နုိင္ပြဲ ထပ္မံ ရရွိခဲ့ျပန္ပါတယ္။ ဂိုးေတြကို ဘန္ေဂါ့ဖေရးက Own Goal နဲ႕ ေဂ်ာ္ဂ်င္ဟိုက ပင္နယ္တီကေန တစ္ဂိုး သြင္းယူခဲ့တာ ျဖစ္ပါတယ္။
ခ်ယ္ဆီးအသင္းက ဂ်ာမန္သား နည္းျပ တူခ်ယ္ေရာက္လာျပီးေနာက္ ၁၁ ပြဲ ဆက္ ရွံဳးပြဲ မရွိ ရလဒ္ေကာင္းေနျပီး အဲဗာတန္ကို ေပးဂိုး မရွိဘဲ နုိင္လိုက္တာေၾကာင့္ ပရီးမီးယားလိဂ္ သမိုင္းမွာ အိမ္ကြင္း ပထမ ၅ ပြဲ ဆက္ ဂိုးမေပးရတဲ့ ပထမဆံုးအသင္း မန္ေနဂ်ာလည္း ျဖစ္လာပါတယ္။
ဒါ့အျပင္ ခ်ယ္ဆီးအသင္းဟာ ၂၀၁၅ ေနာက္ပိုင္း ပထမဆံုး အၾကိမ္ အျဖစ္ အိမ္ကြင္း လိဂ္ ပြဲ ၅ ပြဲ ဆက္ ေပးဂိုး လံုး၀ မရွိတဲ့ မွတ္တမ္းေကာင္းလည္း ရရွိသြားခဲ့ပါတယ္။
ပူလီဆစ္ဟာ အရည္အခ်င္းေကာင္းေတြ ရွိပါလ်က္ ကံမေကာငး္လို႔သာ အရန္မွာ ရွိေနေသးတာ ျဖစ္ျပီး ေဒါ့မြန္ ကစားသမားေဟာင္း အေပၚ ယံုၾကည္မႈ အျပည့္အ၀ ရွိေၾကာင္း တူခ်ယ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
အဲဗာတန္ အသင္းဟာ ခ်ယ္ဆီးနဲ႕ လယ္ဗယ္တူ အဆင့္မွာ ရွိမေနေၾကာင္း အဲဗာတန္ နည္းျပ အန္ဆယ္ေလာ့တီက ပြဲ အျပီးမွာ ၀န္ခံစကား ဆိုခဲ့ပါတယ္။
အထူးေျခစြမ္းျပသြားတဲ့ ကိုင္ဟာဗက္ဇ္ စြမ္းေဆာင္ ရည္ကို နည္းျပ တူခ်ယ္ကေတာ့ သေဘာက်ေနျပီး ဟာဗက္ဇ္ အေပၚ ယံုၾကည္မႈ ေပးခဲ့တာေၾကာင့္ ဒီယံုၾကည္မႈကို ကစားသမားက ဆုပ္ကိုင္ အသံုးခ်သြားနုိင္ခဲ့တယ္လို႔ ဆိုပါတယ္။
