ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (09/03/21)

ဝေးစ်တောင်ပံတိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်က ယူနိုက်တက်မှာ ဂိုးသွင်းပြီးရင် အောင်ပွဲခံတာကို ပြေးပြီးရင်း ပြေးနေတာက ကလေး လို ဖြစ်နေတုန်းပဲလို့ လုခ်ရှောက နောက်ပြောင်လိုက်ပြီး ဒိထက်ကောင်းတဲ့ ဂိုးအောင်ပွဲခံပုံတွေ ရှာထားဖို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားကတော့ ၎င်းဟာ ပွဲထဲမှာ အော်ဟစ် လမ်းညွှန်ဖို့ အသံအောင်တဲ့ အသင်းခေါင်းဆောင် ဖြစ်ပြီး ကလပ်အသင်းကို ဆုဖလားတွေ များစွာ ယူနိုင်ဖို့ ဦးဆောင်သွားလိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လုခ်ရှောဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပြန်လည် တောက်ပလာတဲ့ အပေါ် ရီယို ဖာဒီနန်က ချီးကျူးလိုက်ပြီး အင်္ဂလန်သားဟာ ဂျို့စ် မော်ရင်ညို ရှိစဉ်က လျစ်လျူရှှုခံခဲ့ရကြောင်း သုံးသပ်ခဲ့ပါတယ်။

မန်ချက်စတာ ဒါဘီမှာ ဘယ်ခြေကျင်းဝတ် ထိသွားခဲ့တဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ် ဒဏ်ရာက ပြင်းထန်မှု မရှိပေမယ့် လာမယ့် ကြာသပတေးနေ့ အေစီမီလန်နဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ပွဲကိုတော့ လွဲချော်မယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဘာစီလိုနာ ကစားသမား ဆာဂျီ ရိုဘတ်တို ကို အလိုရှိနေပြီး ကတ်တလန် ကလပ်ဟာ အသက် ၂၉ နှစ် အရွယ် ကစားသမား အတွက် ယူရို သန်း ၆၀ ဈေး သတ်မှတ်ထားပါတယ်။

ပေါ့ဘာရဲ့ ပေါင်ခြံ ဒဏ်ရာကလည်း အေစီမီလန်နဲ့ ပွဲကို ဆက်လက် လွဲချော်စေဦးမှာ ဖြစ်သလို သမီးဦးလေး မွေးဖွားတာကြောင့် အသင်းနဲ့ ပျက်ကွက်နေတဲ့ ဒီဂီယာ ပြန်ပါဝင်မယ့် ရက်ကိုလည်း မသိရသေးပါဘူး။ တိုက်စစ်မှူးကြီး ကာဗာနီကတော့ မန်စီးတီးနဲ့ ပွဲမှာ မပါဝင်ခဲ့ပေမယ့် ယူရိုပါလိဂ် ပွဲမှာ ပါဝင်ရဖွယ် ရှိပါတယ်။

Zawgyi – ေ၀းစ္ေတာင္ပံတိုက္စစ္သမား ဒန္နီရယ္ ဂ်ိမ္းစ္က ယူနိုက္တက္မွာ ဂိုးသြင္းျပီးရင္ ေအာင္ပြဲခံတာကို ေျပးျပီးရင္း ေျပးေနတာက ကေလး လို ျဖစ္ေနတုန္းပဲလို႔ လုခ္ေရွာက ေနာက္ေျပာင္လိုက္ျပီး ဒိထက္ေကာင္းတဲ့ ဂိုးေအာင္ပြဲခံပံုေတြ ရွာထားဖို႔ ဆိုခဲ့ပါတယ္။

ယူနိုက္တက္ ခံစစ္မွဴး မက္ဂြဲရားကေတာ့ ၄င္းဟာ ပြဲထဲမွာ ေအာ္ဟစ္ လမ္းညႊန္ဖို႔ အသံေအာင္တဲ့ အသင္းေခါင္းေဆာင္ ျဖစ္ျပီး ကလပ္အသင္းကို ဆုဖလားေတြ မ်ားစြာ ယူနိုင္ဖို႔ ဦးေဆာင္သြားလိုေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

လုခ္ေရွာဟာ မန္ခ်က္စတာ ယူနိုက္တက္မွာ ျပန္လည္ ေတာက္ပလာတဲ့ အေပၚ ရီယို ဖာဒီနန္က ခ်ီးက်ဴးလိုက္ျပီး အဂၤလန္သားဟာ ဂ်ိဳ႔စ္ ေမာ္ရင္ညိဳ ရွိစဥ္က လ်စ္လ်ဴရွႈခံခဲ့ရေၾကာင္း သံုးသပ္ခဲ့ပါတယ္။

မန္ခ်က္စတာ ဒါဘီမွာ ဘယ္ေျခက်င္း၀တ္ ထိသြားခဲ့တဲ့ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ ဒဏ္ရာက ျပင္းထန္မႈ မရွိေပမယ့္ လာမယ့္ ၾကာသပေတးေန႔ ေအစီမီလန္နဲ႕ ယွဥ္ျပိဳင္ရမယ့္ ယူရိုပါလိဂ္ ပြဲကိုေတာ့ လြဲေခ်ာ္မယ္လို႔ သိရပါတယ္။

ယူနိုက္တက္ဟာ ဘာစီလိုနာ ကစားသမား ဆာဂ်ီ ရိုဘတ္တို ကို အလိုရွိေနျပီး ကတ္တလန္ ကလပ္ဟာ အသက္ ၂၉ နွစ္ အရြယ္ ကစားသမား အတြက္ ယူရို သန္း ၆၀ ေစ်း သတ္မွတ္ထားပါတယ္။

ေပါ့ဘာရဲ႕ ေပါင္ျခံ ဒဏ္ရာကလည္း ေအစီမီလန္နဲ႕ ပြဲကို ဆက္လက္ လြဲေခ်ာ္ေစဦးမွာ ျဖစ္သလို သမီးဦးေလး ေမြးဖြားတာေၾကာင့္ အသင္းနဲ႕ ပ်က္ကြက္ေနတဲ့ ဒီဂီယာ ျပန္ပါ၀င္မယ့္ ရက္ကိုလည္း မသိရေသးပါဘူး။ တိုက္စစ္မွဴးၾကီး ကာဗာနီကေတာ့ မန္စီးတီးနဲ႕ ပြဲမွာ မပါ၀င္ခဲ့ေပမယ့္ ယူရိုပါလိဂ္ ပြဲမွာ ပါ၀င္ရဖြယ္ ရွိပါတယ္။