ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (10/03/21)

ပရီးမီးယားလိဂ်မှ လန်ဒန်မြို့ခံ နှစ်သင်းဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတို့ဟာ အင်တာမီလန် ညာစွန်ခံစစ်မှူး ဟာကိမိ ကို ဒီနွေမှာ ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းမှာ ဖြစ်ပြီး ၎င်း တန်ကြေးက ပေါင် သန်း ၄၀ လောက် ရှိတယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ ခံစစ်မှူး ခရစ္စဆန်တန် ကို စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက ဖော်ထုတ်သွားပါတယ် အသက် ၂၄ နှစ် အရွယ်ကစားသမားဟာ ဒီတလော အဲဗာတန်၊ လီဗာပူး၊ နယူးကာဆယ်တို့နဲ့ ပွဲတွေမှာ ပွဲထွက်က ပါဝင်ထားပါတယ်။

ချယ်ဆီးအတွက် ၃၁ ပွဲ ကစားအပြီးမှာ ဂိုးသမား မန်ဒီဟာ ဒီရာသီ ပေးဂိုး ၁၇ ဂိုးထက် သူရခဲ့တဲ့ ပေးဂိုး မရှိပွဲက ၁၈ ပွဲ ရှိကာ ဂိုးမပေးရတဲ့ ပွဲ အရေအတွက်က သာသွားခဲ့ပြီ ဖြစ်ပါတယ်။ ထိုမှတ်တမ်းဟာ ပီတာချက်ရဲ့ ပထမရာသီမှာ ၄၈ ပွဲ ကစား ၂၉ ဂိုးပေးပြီး ပေးဂိုးမရှိ ၂၈ ပွဲ ရတာထက်ပါ သာလွန်လာခဲ့တာပါ။

ပြင်သစ်က သတင်းတွေ အရတော့ ချယ်ဆီးအသင်းဟာ လိုက်ဇစ် အသင်းမှ ခံစစ်မှူး ကွန်နက်တီ ကို စိတ်ဝင်စားနေပြီး အသက် ၂၁ နှစ် အရွယ် ကစားသမား အတွက် ဂျာမန်ကလပ်က ယူရို သန်း ၅၀ လောက် အလိုရှိနေပါတယ်။

ချယ်ဆီး တိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာဟာ လက်ရှိ ကလပ် အက်သလက်တီကို မက်ဒရစ်မှာ ထင်သလောက် အစွမ်း မပြနိုင်တာကြောင့် ဒီနှစ်ကုန်မှာ အသင်းနဲ့ လမ်းခွဲဖို့ နှုတ်ကတိ သဘောတူထားပြီး ၎င်းကို ဘင်ဖီကာ က ကမ်းလှမ်းနေပါတယ်။

အဲဗာတန်နဲ့ ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ချယ်ဆီး ကွင်းလယ် တိုက်စစ် ကိုင်ဟာဗက်ဇ် က ချယ်ဆီးမှာ အစောပိုင်း လတွေတုန်းက သူ့အတွက် ခက်ခဲခဲ့ရပြီး အခု ပြသတဲ့ခြေစွမ်းတွေက ရာသီကုန်ထိ ကောင်းစွာ သယ်ဆောင် အဆုံးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွ လန္ဒန္ျမိဳ႔ခံ နွစ္သင္းျဖစ္တဲ့ ခ်ယ္ဆီးနဲ႕ အာဆင္နယ္ အသင္းတို႔ဟာ အင္တာမီလန္ ညာစြန္ခံစစ္မွဴး ဟာကိမိ ကို ဒီေႏြမွာ ေခၚယူဖို႔ အျပိဳင္ ၾကိဳးပမ္းမွာ ျဖစ္ျပီး ၄င္း တန္ေၾကးက ေပါင္ သန္း ၄၀ ေလာက္ ရွိတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးအသင္းဟာ ခံစစ္မွဴး ခရစၥဆန္တန္ ကို စာခ်ဳပ္သစ္ တစ္ရပ္ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း တယ္လီဂရပ္ဖ္ သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္ အသက္ ၂၄ နွစ္ အရြယ္ကစားသမားဟာ ဒီတေလာ အဲဗာတန္၊ လီဗာပူး၊ နယူးကာဆယ္တို႔နဲ႕ ပြဲေတြမွာ ပြဲထြက္က ပါ၀င္ထားပါတယ္။

ခ်ယ္ဆီးအတြက္ ၃၁ ပြဲ ကစားအျပီးမွာ ဂိုးသမား မန္ဒီဟာ ဒီရာသီ ေပးဂိုး ၁၇ ဂိုးထက္ သူရခဲ့တဲ့ ေပးဂိုး မရွိပြဲက ၁၈ ပြဲ ရွိကာ ဂိုးမေပးရတဲ့ ပြဲ အေရအတြက္က သာသြားခဲ့ျပီ ျဖစ္ပါတယ္။ ထိုမွတ္တမ္းဟာ ပီတာခ်က္ရဲ႕ ပထမရာသီမွာ ၄၈ ပြဲ ကစား ၂၉ ဂိုးေပးျပီး ေပးဂိုးမရွိ ၂၈ ပြဲ ရတာထက္ပါ သာလြန္လာခဲ့တာပါ။

ျပင္သစ္က သတင္းေတြ အရေတာ့ ခ်ယ္ဆီးအသင္းဟာ လိုက္ဇစ္ အသင္းမွ ခံစစ္မွဴး ကြန္နက္တီ ကို စိတ္၀င္စားေနျပီး အသက္ ၂၁ နွစ္ အရြယ္ ကစားသမား အတြက္ ဂ်ာမန္ကလပ္က ယူရို သန္း ၅၀ ေလာက္ အလိုရွိေနပါတယ္။

ခ်ယ္ဆီး တိုက္စစ္မွဴးေဟာင္း ဒီေယဂို ေကာ္စတာဟာ လက္ရွိ ကလပ္ အက္သလက္တီကို မက္ဒရစ္မွာ ထင္သေလာက္ အစြမ္း မျပနုိင္တာေၾကာင့္ ဒီနွစ္ကုန္မွာ အသင္းနဲ႕ လမ္းခြဲဖို႔ ႏႈတ္ကတိ သေဘာတူထားျပီး ၄င္းကို ဘင္ဖီကာ က ကမ္းလွမ္းေနပါတယ္။

အဲဗာတန္နဲ႕ ပြဲမွာ အေကာင္းဆံုး ေျခစြမ္းျပနိုင္ခဲ့တဲ့ ခ်ယ္ဆီး ကြင္းလယ္ တိုက္စစ္ ကိုင္ဟာဗက္ဇ္ က ခ်ယ္ဆီးမွာ အေစာပိုင္း လေတြတုန္းက သူ႔အတြက္ ခက္ခဲခဲ့ရျပီး အခု ျပသတဲ့ေျခစြမ္းေတြက ရာသီကုန္ထိ ေကာင္းစြာ သယ္ေဆာင္ အဆံုးသတ္နုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ဆိုခဲ့ပါတယ္။