မန်ချက်စတာ ယူနိုက်တက်ဟာ ညက အေစီမီလန်နဲ့ ယူရိုပါလိဂ် ပွဲမှာ အာမက် ဒီယာလို သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ပွဲပြီး နာကျင် အချိန်ပိုမှာမှ ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် ၁ ဂိုးစီ သရေ ကျသွားခဲ့ပါတယ်။
ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားဟာ ဂိုးသွင်းဖို့ အပိုင်အခွင့်အရေး ရခဲ့သော်လည်း အံ့အားသင့်စရာ လွဲချော်ခဲ့တဲ့ အပေါ် ဆင်ခြေပေးစရာ မရှိကြောင်း ဆိုကာ စိတ်ပျက်နေပြီး ဒါကြောင့်လည်း သူက တိုက်စစ်သမား မဟုတ်တာ ဖြစ်မယ်လို့ ညည်းတွားခဲ့ပါတယ်။

မက်ဂွဲရားက နောက်တစ်ပတ် ဆန်စီရိုမှာ ကန်ရမယ့် ဒုတိယ အကျော့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဒိထက် ပိုပြီး ကောင်းမွန်စွာ ကစားဖို့ လိုကြောင်းလည်း အသင်းဖော်တွေအား တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ဆယ်ကျော်သက် တိုက်စစ်သမားလေး ဒီယာလိုဟာ ညက အရန်ခုံကနေ လူစားဝင်လာပြီးနောက် ငါးမိနစ် အကြာမှာပဲ ဖာနန်ဒက်စ်ရဲ့ ပါးနပ်တဲ့ ပေးပို့မှုကနေ ဂိုး သွင်းယူနိုင်ခဲ့ပြီး ကလပ် စံချိန်မှတ်တမ်းသစ် တစ်ခု ရယူနိုင်ခဲ့ပါတယ်။
ဒီယာလိုဟာ ယူနိုက်တက် ပြည်ပကနေ ခေါ်ယူတဲ့ ကစားသမားတွေထဲ အသက် ၁၈နှစ်နဲ့ ၂၄၃ ရက် အကြာမှာတင် ဥရောပပွဲတွေမှာ ဂိုးစသွင်းတဲ့ မှတ်တမ်းကောင်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကလပ်ရဲ့ အငယ်ဆုံး ဥရောပ ဂိုးသွင်းရှင်ကတော့ မေဆန် ဂရင်းဝုဒ် ဖြစ်ပြီး အာဆင်နယ်အသင်းဘက် အသက် ၁၇ နှစ် ၃၅၃ ရက် မှာ ဂိုးသွင်းခဲ့တာပါ။
ဘရူနို ဖာနန်ဒက်စ်ဟာ လစာ တစ်ပတ် ပေါင် ၂ သိန်းထိ တိုးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ယူနိုက်တက်က ကမ်းလှမ်းထားတဲ့ အပေါ် လက်ခံထားဖို့ ငြင်းဆန်ထားပြီး ရီးရဲလ်မက်ဒရစ်ကလည်း နွေမှာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက ေအစီမီလန္နဲ႕ ယူရိုပါလိဂ္ ပြဲမွာ အာမက္ ဒီယာလို သြင္းဂိုးနဲ႕ ဦးေဆာင္ထားနုိင္ခဲ့ေပမယ့္ ပြဲျပီး နာက်င္ အခ်ိန္ပိုမွာမွ ေခ်ပဂိုး ျပန္ေပးလိုက္ရတာေၾကာင့္ ၁ ဂိုးစီ သေရ က်သြားခဲ့ပါတယ္။
ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ဂိုးသြင္းဖို႔ အပိုင္အခြင့္အေရး ရခဲ့ေသာ္လည္း အံ့အားသင့္စရာ လြဲေခ်ာ္ခဲ့တဲ့ အေပၚ ဆင္ေျခေပးစရာ မရွိေၾကာင္း ဆိုကာ စိတ္ပ်က္ေနျပီး ဒါေၾကာင့္လည္း သူက တိုက္စစ္သမား မဟုတ္တာ ျဖစ္မယ္လို႔ ညည္းတြားခဲ့ပါတယ္။
မက္ဂြဲရားက ေနာက္တစ္ပတ္ ဆန္စီရိုမွာ ကန္ရမယ့္ ဒုတိယ အေက်ာ့ ပြဲစဥ္မွာ မန္ခ်က္စတာ ယူနုိက္တက္ဟာ ဒိထက္ ပိုျပီး ေကာင္းမြန္စြာ ကစားဖို႔ လိုေၾကာင္းလည္း အသင္းေဖာ္ေတြအား တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။
ယူနုိက္တက္ရဲ႕ ဆယ္ေက်ာ္သက္ တိုက္စစ္သမားေလး ဒီယာလိုဟာ ညက အရန္ခံုကေန လူစား၀င္လာျပီးေနာက္ ငါးမိနစ္ အၾကာမွာပဲ ဖာနန္ဒက္စ္ရဲ႕ ပါးနပ္တဲ့ ေပးပို႔မႈကေန ဂိုး သြင္းယူနုိင္ခဲ့ျပီး ကလပ္ စံခ်ိန္မွတ္တမ္းသစ္ တစ္ခု ရယူနုိင္ခဲ့ပါတယ္။
ဒီယာလိုဟာ ယူနုိက္တက္ ျပည္ပကေန ေခၚယူတဲ့ ကစားသမားေတြထဲ အသက္ ၁၈နွစ္နဲ႕ ၂၄၃ ရက္ အၾကာမွာတင္ ဥေရာပပြဲေတြမွာ ဂိုးစသြင္းတဲ့ မွတ္တမ္းေကာင္း ရယူနိုင္ခဲ့တာ ျဖစ္ပါတယ္။ ကလပ္ရဲ႕ အငယ္ဆံုး ဥေရာပ ဂိုးသြင္းရွင္ကေတာ့ ေမဆန္ ဂရင္း၀ုဒ္ ျဖစ္ျပီး အာဆင္နယ္အသင္းဘက္ အသက္ ၁၇ နွစ္ ၃၅၃ ရက္ မွာ ဂိုးသြင္းခဲ့တာပါ။
ဘရူနို ဖာနန္ဒက္စ္ဟာ လစာ တစ္ပတ္ ေပါင္ ၂ သိန္းထိ တိုးျပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ယူနိုက္တက္က ကမ္းလွမ္းထားတဲ့ အေပၚ လက္ခံထားဖို႔ ျငင္းဆန္ထားျပီး ရီးရဲလ္မက္ဒရစ္ကလည္း ေႏြမွာ ဖာနန္ဒက္စ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။
