ချယ်ဆီးအသင်းဟာ ညက ပရီးမီးယားလိဂ် ပွဲမှာ လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ နိုင်ပွဲ မရခဲ့ပေမယ့် တူချယ် လက်ထက် မရှူံးသေးတဲ့ မှတ်တမ်းကိုတော့ ချယ်ဆီး ဆက်ရသွားခဲ့ပါတယ်။
ကိုင်ဟာဗက်ဇ် ကို နံပါတ် ၉ အထောင် တိုက်စစ်မှူး နေရာ ထား ကစားခဲ့ပြီး လိဒ်ဘက်ကို ဂိုးသွင်းနိုင်ဖို့ အခွင့်ကောင်း ရခဲ့ပေမယ့် ဂျာမန်သားက ထပ်မံ လွဲချော်ခဲ့ပါတယ်။

တူချယ်ကတော့ ဟာဗက်ဇ်ဟာ နံပါတ် ၉ တိုက်စစ်၊ နောက်ချန်တိုက်စစ်၊ တောင်ပံ တိုက်စစ် နေရာများ ကစားနိုင်ပြီး အထောင် တိုက်စစ်နေရာ အတွက် စမ်း ကစားနေစေတာဖြစ်ကြောင်း၊ ခြေစွမ်းကောင်း ပြနိုင်ပေမယ့် ထရိန်နင်မှာလို ဂိုးတွေ မသွင်းနိုင်တာ တစ်ခုသာ ရှိကြောင်း ပွဲ အပြီးမှာပြောဆိုခဲ့ပါတယ်။
လိဒ်နဲ့ ချယ်ဆီး နှစ်သင်းလုံးဟာ ပထမပိုင်းမှာ ဂိုးဘားတန်း ထိတဲ့ ဂိုးကန်ချက်တွေ ရှိခဲ့ပြီး နှစ်သင်းလုံး ဂိုးသမားတွေကလည်း အရေးပါတဲ့ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တူချယ်ကတော့ ချယ်ဆီးဟာ အနိုင် ၃ မှတ်ပြည့် ယူနိုင်သင့်တဲ့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပြီး နိုင်ခဲ့သင့်ကြောင်း ဆိုပါတယ်။
အသက် ၁၆ နှစ် အရွယ် တိုက်စ်သမားလေး အာမန်နီ ရစ်ချက်က ချယ်ဆီးကနေ ထွက်ခွာပြီး အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ပြီ ဖြစ်ကြောင်း အင်စတာဂရမ်ကနေ အသိပေးခဲ့ပါတယ်။ ၎င်းက အာဆင်နယ် ပရိသတ် ဖြစ်ပြီး သူ့မိသားစု ဆွေမျိုးတွေရော အနားကသူတွေ အကုန် အာဆင်နယ် အားပေးကြတယ်လို့ ဆိုပါတယ်။
တူချယ်က ချယ်ဆီးအသင်းသားတွေကို ပွဲအတွင်းမှာ ဆိုရင် အချင်းချင်း လျှို့ဝှက်စကားတွေနဲ့သာ ပြောဆိုကြဖို့ စီမံထားပြီး ပြိုင်ဘက်တွေက ချယ်ဆီး ဘယ်လို လှုပ်ရှားမလဲ ခန့်မှန်းရ ပိုခက်လာစေကြောင်း ဒေးလီးမေးလ်က ဖော်ထုတ်ထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက ပရီးမီးယားလိဂ္ ပြဲမွာ လိဒ္ယူနိုက္တက္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ခဲ့ရာ ဂိုးမရွိ သေရ ရလဒ္သာ ထြက္ေပၚခဲ့ပါတယ္။ နုိင္ပြဲ မရခဲ့ေပမယ့္ တူခ်ယ္ လက္ထက္ မရွံဴးေသးတဲ့ မွတ္တမ္းကိုေတာ့ ခ်ယ္ဆီး ဆက္ရသြားခဲ့ပါတယ္။
ကိုင္ဟာဗက္ဇ္ ကို နံပါတ္ ၉ အေထာင္ တိုက္စစ္မွဴး ေနရာ ထား ကစားခဲ့ျပီး လိဒ္ဘက္ကို ဂိုးသြင္းနုိင္ဖို႔ အခြင့္ေကာင္း ရခဲ့ေပမယ့္ ဂ်ာမန္သားက ထပ္မံ လြဲေခ်ာ္ခဲ့ပါတယ္။
တူခ်ယ္ကေတာ့ ဟာဗက္ဇ္ဟာ နံပါတ္ ၉ တိုက္စစ္၊ ေနာက္ခ်န္တိုက္စစ္၊ ေတာင္ပံ တိုက္စစ္ ေနရာမ်ား ကစားနိုင္ျပီး အေထာင္ တိုက္စစ္ေနရာ အတြက္ စမ္း ကစားေနေစတာျဖစ္ေၾကာင္း၊ ေျခစြမ္းေကာင္း ျပနုိင္ေပမယ့္ ထရိန္နင္မွာလို ဂိုးေတြ မသြင္းနုိင္တာ တစ္ခုသာ ရွိေၾကာင္း ပြဲ အျပီးမွာေျပာဆိုခဲ့ပါတယ္။
လိဒ္နဲ႕ ခ်ယ္ဆီး နွစ္သင္းလံုးဟာ ပထမပိုင္းမွာ ဂိုးဘားတန္း ထိတဲ့ ဂိုးကန္ခ်က္ေတြ ရွိခဲ့ျပီး နွစ္သင္းလံုး ဂိုးသမားေတြကလည္း အေရးပါတဲ့ ကာကြယ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ တူခ်ယ္ကေတာ့ ခ်ယ္ဆီးဟာ အနုိင္ ၃ မွတ္ျပည့္ ယူနုိင္သင့္တဲ့ အခြင့္အေရးေကာင္းေတြ ဖန္တီးနုိင္ခဲ့ျပီး နုိင္ခဲ့သင့္ေၾကာင္း ဆိုပါတယ္။
အသက္ ၁၆ နွစ္ အရြယ္ တိုက္စ္သမားေလး အာမန္နီ ရစ္ခ်က္က ခ်ယ္ဆီးကေန ထြက္ခြာျပီး အာဆင္နယ္ အသင္းထံ ေျပာင္းေရႊ႕ျပီ ျဖစ္ေၾကာင္း အင္စတာဂရမ္ကေန အသိေပးခဲ့ပါတယ္။ ၄င္းက အာဆင္နယ္ ပရိသတ္ ျဖစ္ျပီး သူ႔မိသားစု ေဆြမ်ိဳးေတြေရာ အနားကသူေတြ အကုန္ အာဆင္နယ္ အားေပးၾကတယ္လို႔ ဆိုပါတယ္။
တူခ်ယ္က ခ်ယ္ဆီးအသင္းသားေတြကို ပြဲအတြင္းမွာ ဆိုရင္ အခ်င္းခ်င္း လွ်ိဳ႕၀ွက္စကားေတြနဲ႕သာ ေျပာဆိုၾကဖို႔ စီမံထားျပီး ျပိဳင္ဘက္ေတြက ခ်ယ္ဆီး ဘယ္လို လႈပ္ရွားမလဲ ခန္႔မွန္းရ ပိုခက္လာေစေၾကာင္း ေဒးလီးေမးလ္က ေဖာ္ထုတ္ထားပါတယ္။
