ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (16/03/21)

ချယ်ဆီး တိုက်စစ်သမား ကိုင်ဟာဗက်ဇ်က လိဒ်နဲ့ ပွဲမှာ အသင်းက လုံလောက်တဲ့ အခွင့်အရေးတွေ ရှိပေမယ့် ဂိုး မသွင်းနိုင်ခဲ့တဲ့ အပေါ် ဆင်ခြေစကား မပြောဘဲ ဂိုးရှေ့မှာ တိုးတက်ဖို့ လိုနေသေးကြောင်း ဝန်ခံစကား ဆိုလိုက်ပါတယ်။

ဒီလထဲ နိုင်ငံတကာ ပွဲတွေ ကစားဖို့ အင်္ဂလန် U21 လက်ရွေးစင် အသင်း အတွက် လူစာရင်း ကြေငြာခဲ့ရာ ချယ်ဆီးမှ တိုက်စစ်သမား အိုဒွိုင်း ပါဝင်ခဲ့ပါတယ်။

ဂျူဗပ်တပ်ရဲ့ ဒိုင်ဘာလား ကို ခေါ်ယူဖို့ အလားအလာ အကောင်းဆုံး အသင်းတွေ အဖြစ် ချယ်ဆီး၊ စပါးအသင်းတို့ ထိပ်ဆုံးက ရှိနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ချယ်ဆီးဟာ ဒိုင်ဘာလားကို ၂၀၁၅ နဲ့ ၂၀၁၇ မှာ ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပါတယ်။

အက်သလက်တီကို နည်းပြ ဆီမြွန်နီဟာ ချယ်ဆီးနဲ့ လန်ဒန်မှာ တွေ့မယ့် ချန်ပီယံလိဂ် ဒုတိယ အကျော့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ပွဲထွက်လူစာရင်း ပြောင်းလဲဖို့ ထရိန်နင်မှာ လေ့ကျင့်နေကြောင်း သိရပါတယ်။

ချယ်ဆီးနဲ့ ပွဲမှာ သောမတ်စ်လီမာနဲ့ တော်ရဲရားတို့ ပွဲထွက် ပါဝင်လာဖွယ် မရှိဘဲ ဖြစ်နိုင်ဖွယ် လိုင်းအပ်က Oblak; Trippier, Savic, Gimenez, Lodi; Koke, Kondogbia, Llorente, Carrasco; Suarez, Felix ဖြစ်တယ်လို့ စပိန်သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလထဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားမယ့် စပိန်လက်ရွေးစင် အသင်းမှာ ချယ်ဆီး ဂိုးသမား ကီပါ ရွေးချယ်ခြင်း မခံရဘဲ ချန်လှပ်ခံခဲ့ရပါတယ်။ ကီပါဟာ ကလပ်အသင်းမှာ နံပါတ် တစ် ပွဲထွက် ဂိုးသမား နေရာကို မန်ဒီထံ ပေးအပ်ခဲ့ရတာကြောင့် စပိန်အသင်းကလည်း ပုံစံကောင်း ရနေတဲ့ ဘရိုက်တန် ဂိုးသမား ရောဘတ် ဆန်းချက် ကို ခေါ်ယူခဲ့တာပါ။

Zawgyi – ခ်ယ္ဆီး တိုက္စစ္သမား ကိုင္ဟာဗက္ဇ္က လိဒ္နဲ႕ ပြဲမွာ အသင္းက လံုေလာက္တဲ့ အခြင့္အေရးေတြ ရွိေပမယ့္ ဂိုး မသြင္းနုိင္ခဲ့တဲ့ အေပၚ ဆင္ေျခစကား မေျပာဘဲ ဂိုးေရွ႕မွာ တိုးတက္ဖို႔ လိုေနေသးေၾကာင္း ၀န္ခံစကား ဆိုလိုက္ပါတယ္။

ဒီလထဲ နုိင္ငံတကာ ပြဲေတြ ကစားဖို႔ အဂၤလန္ U21 လက္ေရြးစင္ အသင္း အတြက္ လူစာရင္း ေၾကျငာခဲ့ရာ ခ်ယ္ဆီးမွ တိုက္စစ္သမား အိုဒြိဳင္း ပါ၀င္ခဲ့ပါတယ္။

ဂ်ဴဗပ္တပ္ရဲ႕ ဒိုင္ဘာလား ကို ေခၚယူဖို႔ အလားအလာ အေကာင္းဆံုး အသင္းေတြ အျဖစ္ ခ်ယ္ဆီး၊ စပါးအသင္းတို႔ ထိပ္ဆံုးက ရွိေနေၾကာင္း သတင္းထြက္ေပၚေနပါတယ္။ ခ်ယ္ဆီးဟာ ဒိုင္ဘာလားကို ၂၀၁၅ နဲ႕ ၂၀၁၇ မွာ ေခၚယူဖို႕ ခ်ိတ္ဆက္ခဲ့ပါတယ္။

အက္သလက္တီကို နည္းျပ ဆီျမြန္နီဟာ ခ်ယ္ဆီးနဲ႕ လန္ဒန္မွာ ေတြ႔မယ့္ ခ်န္ပီယံလိဂ္ ဒုတိယ အေက်ာ့ အတြက္ ျပင္ဆင္မႈေတြ ျပဳလုပ္ေနျပီး ပြဲထြက္လူစာရင္း ေျပာင္းလဲဖို႔ ထရိန္နင္မွာ ေလ့က်င့္ေနေၾကာင္း သိရပါတယ္။

ခ်ယ္ဆီးနဲ႕ ပြဲမွာ ေသာမတ္စ္လီမာနဲ႕ ေတာ္ရဲရားတို႔ ပြဲထြက္ ပါ၀င္လာဖြယ္ မရွိဘဲ ျဖစ္နုိင္ဖြယ္ လိုင္းအပ္က Oblak; Trippier, Savic, Gimenez, Lodi; Koke, Kondogbia, Llorente, Carrasco; Suarez, Felix ျဖစ္တယ္လို႔ စပိန္သတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီလထဲ ကမၻာ့ဖလား ေျခစစ္ပြဲ ကစားမယ့္ စပိန္လက္ေရြးစင္ အသင္းမွာ ခ်ယ္ဆီး ဂိုးသမား ကီပါ ေရြးခ်ယ္ျခင္း မခံရဘဲ ခ်န္လွပ္ခံခဲ့ရပါတယ္။ ကီပါဟာ ကလပ္အသင္းမွာ နံပါတ္ တစ္ ပြဲထြက္ ဂိုးသမား ေနရာကို မန္ဒီထံ ေပးအပ္ခဲ့ရတာေၾကာင့္ စပိန္အသင္းကလည္း ပံုစံေကာင္း ရေနတဲ့ ဘရိုက္တန္ ဂိုးသမား ေရာဘတ္ ဆန္းခ်က္ ကို ေခၚယူခဲ့တာပါ။