အာဆင်နယ် တိုက်စစ်မှူး နှစ်ဦးလုံးကို ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတွေဘက်က ကြိုးစားမှု စတင်

UNICODE – အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇက်တီနဲ့ အူဘာမီယန်တို့ကို ဥရောပအင်အားကြီး ကလပ်တွေဖြစ်တဲ့ အင်တာမီလန်နဲ့ ဘာစီလိုနာတို့က ကမ်းလှမ်းမှုတွေ လုပ်ထားကြတယ်လို့ သိရပါတယ်။

ပြင်သစ်သား တိုက်စစ်မှူး လာကာဇက်တီကို တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ စီးရီးအေကလပ် အင်တာမီလန်က ကမ်းလှမ်းမှု ပေးခဲ့တာဖြစ်ပြီး လာကာဇက်တီဘက်ကတော့ စိတ်မဝင်စားဘူးလို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီရာသီ ပြီးဆုံးပြီရင် လာကာဇက်တီဟာ အာဆင်နယ်နဲ့ စာချုပ် နှစ်နှစ်ပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

လာကာဇက်တီကို ခေါ်ယူဖို့ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ် အသင်းကလည်း စိတ်ဝင်စားထားခဲ့ပြီး ကွင်းလယ်လူ သောမက်စ်ပါတေးနဲ့ အလဲအထပ် လုပ်ဖို့ သတင်းတွေ ထွက်ထားခဲ့ပေမယ့် အခုထိတော့ မဖြစ်လာသေးပါဘူး။ ပရီးမီးယားလိဂ်ကော လာလီဂါပါ ဘောလုံးပွဲ ပြန်စရေး ကိစ္စတွေနဲ့ အလုပ်တွေ များနေခြင်းကြောင့် နွေအပြောင်းအရွှေ့ ကိစ္စတွေက ဦးစားပေး အနေအထားမှာ ရှိမနေတာဖြစ်တယ်။

အခြားတစ်ဘက်မှာတော့ ဘာစီလိုနာဟာ အင်တာမီလန်တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူရေးကိစ္စ အဆင်မပြေရင် အာဆင်နယ်မှ အူဘာမီယန်ကို ခေါ်ယူဖို့အား ဦးစားပေးအဖြစ် ရွှေးချယ်လာပါတယ်။ အူဘာမီယန်နဲ့ အာဆင်နယ်ကြားမှာ စာချုပ် တစ်နှစ်ပဲ ကျန်ရှိတာကြောင့် လန်ဒန်အသင်းဘက်ကလည်း သက်တမ်းတိုးရေး ကိစ္စတွေကို ညိနှိုင်းနေပါတယ်။

ရာသီကုန်လိုမှ စာချုပ်သက်တမ်းတိုးမှု အဆင်မပြေရင် နောက်တစ်နှစ်မှာ အလွှတ်နဲ့ ထွက်ခွင့်ပေးရမှာဖြစ်လို့ အာဆင်နယ်ဘက်က အူဘာရဲ့ အနာဂတ်ကို သေချာ ဆုံးဖြတ်ရမှာပါ။ ဘာစီလိုနာဘက်ကတော့ ၎င်းတို့အသင်း လူငယ်တိုက်စစ်သမား ဒမ်ဘီလီနဲ့ အလိုက်ပေး လဲလှယ်မှုမျိုး လုပ်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ZAWGYI – အာဆင္နယ္အသင္းရဲ႕ အဓိက တိုက္စစ္မွဴးေတြျဖစ္တဲ့ လာကာဇက္တီနဲ႔ အူဘာမီယန္တို႔ကို ဥေရာပအင္အားၾကီး ကလပ္ေတြျဖစ္တဲ့ အင္တာမီလန္နဲ႔ ဘာစီလိုနာတို႔က ကမ္းလွမ္းမႈေတြ လုပ္ထားၾကတယ္လို႔ သိရပါတယ္။

ျပင္သစ္သား တိုက္စစ္မွဴး လာကာဇက္တီကို တိုက္စစ္ပိုင္း အင္အားျဖည့္ဖို႔ စီးရီးေအကလပ္ အင္တာမီလန္က ကမ္းလွမ္းမႈ ေပးခဲ့တာျဖစ္ျပီး လာကာဇက္တီဘက္ကေတာ့ စိတ္မဝင္စားဘူးလို႔ ျပင္သစ္သတင္းေတြမွာ ေဖာ္ျပပါတယ္။ ဒီရာသီ ျပီးဆံုးျပီရင္ လာကာဇက္တီဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္ ႏွစ္ႏွစ္ပဲ က်န္ရွိေတာ့မွာ ျဖစ္ပါတယ္။

လာကာဇက္တီကို ေခၚယူဖို႔ လာလီဂါကလပ္ အက္သလက္တီကို မက္ဒရစ္ အသင္းကလည္း စိတ္ဝင္စားထားခဲ့ျပီး ကြင္းလယ္လူ ေသာမက္စ္ပါေတးနဲ႔ အလဲအထပ္ လုပ္ဖို႔ သတင္းေတြ ထြက္ထားခဲ့ေပမယ့္ အခုထိေတာ့ မျဖစ္လာေသးပါဘူး။ ပရီးမီးယားလိဂ္ေကာ လာလီဂါပါ ေဘာလံုးပြဲ ျပန္စေရး ကိစၥေတြနဲ႔ အလုပ္ေတြ မ်ားေနျခင္းေၾကာင့္ ေႏြအေျပာင္းအေရႊ႔ ကိစၥေတြက ဦးစားေပး အေနအထားမွာ ရွိမေနတာျဖစ္တယ္။

အျခားတစ္ဘက္မွာေတာ့ ဘာစီလိုနာဟာ အင္တာမီလန္တိုက္စစ္မွဴး မာတီနက္စ္ကို ေခၚယူေရးကိစၥ အဆင္မေျပရင္ အာဆင္နယ္မွ အူဘာမီယန္ကို ေခၚယူဖို႔အား ဦးစားေပးအျဖစ္ ေရႊးခ်ယ္လာပါတယ္။ အူဘာမီယန္နဲ႔ အာဆင္နယ္ၾကားမွာ စာခ်ဳပ္ တစ္ႏွစ္ပဲ က်န္ရွိတာေၾကာင့္ လန္ဒန္အသင္းဘက္ကလည္း သက္တမ္းတိုးေရး ကိစၥေတြကို ညိႏိႈင္းေနပါတယ္။

ရာသီကုန္လိုမွ စာခ်ဳပ္သက္တမ္းတိုးမႈ အဆင္မေျပရင္ ေနာက္တစ္ႏွစ္မွာ အလႊတ္နဲ႔ ထြက္ခြင့္ေပးရမွာျဖစ္လို႔ အာဆင္နယ္ဘက္က အူဘာရဲ႕ အနာဂတ္ကို ေသခ်ာ ဆံုးျဖတ္ရမွာပါ။ ဘာစီလိုနာဘက္ကေတာ့ ၄င္းတုိ႔အသင္း လူငယ္တုိက္စစ္သမား ဒမ္ဘီလီနဲ႔ အလုိက္ေပး လဲလွယ္မႈမ်ိဳး လုပ္ဖို႔အတြက္ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။