ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (16/03/21)

ယူနိုက်တက် U23 အသင်းမှာ ပုံမှန် ပွဲကစားခွင့်ရနေတဲ့ အသက် ၁၈ နှစ် အရွယ် ပြင်သစ်သား ကွင်းလယ် ကစားသမား ဟန်နီဘယ် ကို ကလပ်အသင်းက ကာလရှည် သက်တမ်းတိုး စာချုပ်တစ်ရပ် ဒီနေ့ပဲ ချုပ်ဆိုသွားခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင်နည်းပြကြီးရဲ့ နာမည်ကျော် စကား တစ်ခွန်း ဖြစ်တဲ့ ” တိုက်စစ်က ပွဲတွေကို နိုင်စေပြီး ခံစစ်က ဆုဖလားတွေကို ရစေတယ် ” ဆိုတဲ့ စကားအတိုင်း ယူနိုက်တက်က နွေမှာ အကောင်အထည်ဖော်သွားဖို့ ရှိနေကြောင်း မန်ချက်စတာ သတင်းဌာနက သုံးသပ် သွားပါတယ်။

ယူနိုက်တက်ဟာ နွေ ဦးစားပေး ထိပ်တန်း ပစ်မှတ်တွေ အဖြစ် တိုက်စစ် အတွက် ဒေါ့မွန် မှ ဟာလန်း၊ ခံစစ် အတွက် ရီးရဲလ်မှ ဗာရိန်း တို့ကို သတ်မှတ်ထားကြောင်းလည်း MEN သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ လူကာ မိုဒရစ် နေရာ အစားထိုး ဆက်ခံဖို့ ခေါ်ယူမယ့် ကွင်းလယ် ကစားသမား ပစ်မှတ် သုံးဦးထဲ ယူနိုက်တက်ရဲ့ ပေါလ် ပေါ့ဘာလည်း ပါဝင်နေပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှ ပြိုင်ဘက် လီဗာပူးကို ကျော်ဖြတ်ပြီး ဖီရင်အိုတီးနား ခံစစ်မှူး မီလန်ကိုဗစ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဆားဘီးယား သား အတွက် အီတလီကလပ်ကတော့ ပေါင် သန်း ၃၀ ဈေးသတ်မှတ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ပွဲကစားချိန် နည်းပါးနေတာကြောင့် ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်က လာမယ့်နွေမှာ အသင်းပြောင်းဖို့ စဉ်းစားနေပြီး ရာသီမကုန်ခင် အသင်းအကြီးအကဲ ဝုဒ်ဝပ်နဲ့ ပြောဆို ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ ဗန်ဒီဘိခ် ယူနိုက်တက် က ထွက်မယ်ဆိုရင် ၎င်းရဲ့ အသင်းဟောင်း အေဂျက်ကတော့ ပြန်ခေါ်ဖြစ်ဖို့ ရေပန်းစားနေပါတယ်။

Zawgyi – ယူနိုက္တက္ U23 အသင္းမွာ ပံုမွန္ ပြဲကစားခြင့္ရေနတဲ့ အသက္ ၁၈ နွစ္ အရြယ္ ျပင္သစ္သား ကြငး္လယ္ ကစားသမား ဟန္နီဘယ္ ကို ကလပ္အသင္းက ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္တစ္ရပ္ ဒီေန႔ပဲ ခ်ဳပ္ဆိုသြားခဲ့ပါတယ္။

ယူနိုက္တက္ ဂႏၱ၀င္နည္းျပၾကီးရဲ႕ နာမည္ေက်ာ္ စကား တစ္ခြန္း ျဖစ္တဲ့ ” တိုက္စစ္က ပြဲေတြကို နုိင္ေစျပီး ခံစစ္က ဆုဖလားေတြကို ရေစတယ္ ” ဆိုတဲ့ စကားအတိုင္း ယူနိုက္တက္က ေႏြမွာ အေကာင္အထည္ေဖာ္သြားဖို႔ ရွိေနေၾကာင္း မန္ခ်က္စတာ သတင္းဌာနက သုံးသပ္ သြားပါတယ္။

ယူနိုက္တက္ဟာ ေႏြ ဦးစားေပး ထိပ္တန္း ပစ္မွတ္ေတြ အျဖစ္ တိုက္စစ္ အတြက္ ေဒါ့မြန္ မွ ဟာလန္း၊ ခံစစ္ အတြက္ ရီးရဲလ္မွ ဗာရိန္း တို႔ကို သတ္မွတ္ထားေၾကာင္းလည္း MEN သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ လူကာ မိုဒရစ္ ေနရာ အစားထိုး ဆက္ခံဖို႔ ေခၚယူမယ့္ ကြင္းလယ္ ကစားသမား ပစ္မွတ္ သံုးဦးထဲ ယူနုိက္တက္ရဲ႕ ေပါလ္ ေပါ့ဘာလည္း ပါ၀င္ေနပါတယ္။

ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္မွ ျပိဳင္ဘက္ လီဗာပူးကို ေက်ာ္ျဖတ္ျပီး ဖီရင္အိုတီးနား ခံစစ္မွဴး မီလန္ကိုဗစ္ကို ေခၚယူနိုင္ဖို႔ ေရပန္းအစားဆံုး ျဖစ္ေနပါတယ္။ ဆားဘီးယား သား အတြက္ အီတလီကလပ္ကေတာ့ ေပါင္ သန္း ၃၀ ေစ်းသတ္မွတ္ထားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္မွာ ပြဲကစားခ်ိန္ နည္းပါးေနတာေၾကာင့္ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္က လာမယ့္ေႏြမွာ အသင္းေျပာင္းဖို႔ စဥ္းစားေနျပီး ရာသီမကုန္ခင္ အသင္းအၾကီးအကဲ ၀ုဒ္၀ပ္နဲ႕ ေျပာဆို ေဆြးေႏြးေတာ့မွာ ျဖစ္ပါတယ္။ ဗန္ဒီဘိခ္ ယူနိုက္တက္ က ထြက္မယ္ဆုိရင္ ၄င္းရဲ႕ အသင္းေဟာင္း ေအဂ်က္ကေတာ့ ျပန္ေခၚျဖစ္ဖို႔ ေရပန္းစားေနပါတယ္။