Assist king လို့ နာမည်ကြီးတဲ့ ပေါ်တို တောင်ပံတိုက်စစ်သမား ဂျီးဆပ် ကော်ရိုနာ ကို ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ကစားသမားရဲ့ အေးဂျင့် ဖြစ်သူက အတည်ပြု ပြောဆိုလိုက်ပါတယ်။
ကော်ရိုနာကို ချယ်ဆီးကင်းထောက်တွေ သွားရောက် စောင့်ကြည့်တဲ့ သတင်းများလည်း ယခင်က ထွက်ပေါ်ဖူးပတယ်။ အသက် ၂၇ နှစ် အရွယ် မက္ကဆီကိုသားဟာ နိုင်ငံအသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားထားပြီး ဖြစ်ပါတယ်။ ဒီရာသီ ပေါ်တို အသင်း အတွက်တော့ ၄၁ ပွြ ကစားထားရာမှာ ၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှုက ၁၇ ကြိမ် ပြုလုပ်ထားပါတယ်။
၎င်းက တောင်ပံတိုက်စစ် နေရာမှာ ကစားနိုင်သလို တောင်ပံခံစစ်မှာလည်း ဝင် ကစားနိုင်သူ ဖြစ်ပါတယ်။ ကော်ရိုနာရဲ့ အေးဂျင့်ဖြစ်သူ မက်ဒီယို တီယမ်ပိုကတော့ အနောက်လန်ဒန်ကလပ်အသင်းက သူ့ ကစားသမားကို ခေါ်ဖို့ ဆက်သွယ် ဆွေးနွေးထားခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
” ကျနော်တို့ သူ့ အပြောင်းအရွှေ့ အတွက် ချယ်ဆီးနဲ့ စကားပြောခဲ့တယ်။ ဒါပေမယ့် သူက တကယ့် ဦးစာပေး ပစ်မှတ်လားတော့ ကျနော် မပြောနိုင်ပါဘူး။ အခုတော့ ကောလဟာလလိုပါပဲ။
ကျနော်တို့ အနေနဲ့ကတော့ ဒီအတိုင်း ရှေ့ဆက်သွားနေဖို့ နည်းနည်းစောင့်ရမယ်။ လိဂ်တွေ ပြန်စဖို့ ပြန် ကစားကြဖို့ပေါ့။ အဲဒါပြီးမှ နောက် ဘယ်ကို ရွေ့မလဲ ကြည့်ရမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ဈေးကွက်ကလည်း နည်းနည်းအေးနေပြီလေ။ သူက ပေါ်တိုနဲ့ နောက်ထပ် စာချုပ် သက်တမ်း ၂ နှစ် ကျန်သေးတယ်။ ” လို့ အေးဂျင့်က ပြောဆိုခဲ့ပါတယ်။
ကော်ရိုနာက ဒီရာသီမှာ ပေါ်တိုအသင်းရဲ့ ညာတောင်ပံကနေ သိသိသာသာ ခြေစွမ်းပြခဲ့သူပါ။ ၎င်းရဲ့ နာမည်ကိုတော့ ချယ်ဆီးအသင်းရဲ့ ပစ်မှတ်နဲ့ ကောလဟာလတွေထဲ မပါဝင်ဖူးပေမယ့် အေးဂျင့် အဆိုအရတော့ ၎င်းက ချယ်ဆီး ချိတ်ဆက်ပြောဆိုထားသူ တစ်ဦး ဖြစ်နေပါတယ်။
Zawgyi – Assist king လို့ နာမည္ၾကီးတဲ့ ေပၚတို ေတာင္ပံတိုက္စစ္သမား ဂ်ီးဆပ္ ေကာ္ရိုနာ ကို ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးအသင္းက ေခၚယူဖို႔ ခ်ိတ္ဆက္ေနျပီး ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္ ျဖစ္သူက အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။
ေကာ္ရိုနာကို ခ်ယ္ဆီးကင္းေထာက္ေတြ သြားေရာက္ ေစာင့္ၾကည့္တဲ့ သတင္းမ်ားလည္း ယခင္က ထြက္ေပၚဖူးပတယ္။ အသက္ ၂၇ နွစ္ အရြယ္ မကၠဆီကိုသားဟာ နုိင္ငံအသင္းအတြက္ ၄၂ ပြဲ ပါ၀င္ကစားထားျပီး ျဖစ္ပါတယ္။ ဒီရာသီ ေပၚတို အသင္း အတြက္ေတာ့ ၄၁ ပြျ ကစားထားရာမွာ ၂ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈက ၁၇ ၾကိမ္ ျပဳလုပ္ထားပါတယ္။
၄င္းက ေတာင္ပံတိုက္စစ္ ေနရာမွာ ကစားနုိင္သလို ေတာင္ပံခံစစ္မွာလည္း ၀င္ ကစားနုိင္သူ ျဖစ္ပါတယ္။ ေကာ္ရိုနာရဲ႕ ေအးဂ်င့္ျဖစ္သူ မက္ဒီယို တီယမ္ပိုကေတာ့ အေနာက္လန္ဒန္ကလပ္အသင္းက သူ႔ ကစားသမားကို ေခၚဖို႔ ဆက္သြယ္ ေဆြးေႏြးထားခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။
” က်ေနာ္တို႔ သူ႔ အေျပာင္းအေရႊ႕ အတြက္ ခ်ယ္ဆီးနဲ႕ စကားေျပာခဲ့တယ္။ ဒါေပမယ့္ သူက တကယ့္ ဦးစာေပး ပစ္မွတ္လားေတာ့ က်ေနာ္ မေျပာနုိင္ပါဘူး။ အခုေတာ့ ေကာလဟာလလိုပါပဲ။
က်ေနာ္တို႔ အေနနဲ႕ကေတာ့ ဒီအတိုင္း ေရွ႕ဆက္သြားေနဖို႔ နည္းနည္းေစာင့္ရမယ္။ လိဂ္ေတြ ျပန္စဖို႔ ျပန္ ကစားၾကဖို႔ေပါ့။ အဲဒါျပီးမွ ေနာက္ ဘယ္ကို ေရြ႕မလဲ ၾကည့္ရမွာပါ။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ေစ်းကြက္ကလည္း နည္းနည္းေအးေနျပီေလ။ သူက ေပၚတိုနဲ႕ ေနာက္ထပ္ စာခ်ဳပ္ သက္တမ္း ၂ နွစ္ က်န္ေသးတယ္။ ” လို႔ ေအးဂ်င့္က ေျပာဆိုခဲ့ပါတယ္။
ေကာ္ရိုနာက ဒီရာသီမွာ ေပၚတိုအသင္းရဲ႕ ညာေတာင္ပံကေန သိသိသာသာ ေျခစြမ္းျပခဲ့သူပါ။ ၄င္းရဲ႕ နာမည္ကိုေတာ့ ခ်ယ္ဆီးအသင္းရဲ႕ ပစ္မွတ္နဲ႕ ေကာလဟာလေတြထဲ မပါ၀င္ဖူးေပမယ့္ ေအးဂ်င့္ အဆိုအရေတာ့ ၄င္းက ခ်ယ္ဆီး ခ်ိတ္ဆက္ေျပာဆိုထားသူ တစ္ဦး ျဖစ္ေနပါတယ္။