ချယ်ဆီးအသင်းဟာ ညက ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ် အသင်းကို ဇီယက်၊ အီမာဆန်တို့ သွင်းဂိုးတွေနဲ့ ၂-၀ ရလဒ်ဖြစ် အနိုင်ရခဲ့ကာ နှစ်ကျော့ ပေါင်း ၃-၀ နဲ့ နောက်တစ်ဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။
တီကို နိုင်တဲ့ ပွဲ အပြီးမှာ နည်းပြ တူချယ်က ” သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်၊ မယုံနိုင်စရာ အားထုတ်မှုတွေကို ကျနော်တို့ မြင်ခဲ့ရတယ်။ ပွဲကြည့်စင်က ကျနော့် ကောင်လေးတွေဆီကတောင် ခံစားမိနေတယ်။ အားလုံးက ဒီလို ရလဒ်ကို လုံး၀ လိုချင်နေကြတာပါ။ ကွာတားဖိုင်နယ် ဆိုတော့ ကစားဖို့ လေးပွဲပဲ ကျန်တော့တဲ့ အဓိပ္ပါယ်ပါပဲ။ သိပ်ကောင်းသလို ခြေလှမ်းကြီးတွေပဲ ကျန်တော့တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

မိုရိုကို လက်ရွေးစင် ကွင်းလယ်ကစားသမား ဟာကင် ဇီယက်ကတော့ ညက ပွဲမှာ ချယ်ဆီးအတွက် အရေးပါတဲ့ သွင်းဂိုး ကို အက်သလက်တီကိုဘက် သွင်းနိုင်ခဲ့တာ အတွက် ဝမ်းမြောက်ပျော်ရွှင်နေပါတယ်။
ရာသီကုန်ရင် စာချုပ် ကုန်ဆုံးတော့မယ့် မန်စီးတီးတိုက်စစ်မှူး အဂွယ်ရို ကို ခေါ်ယူဖို့ ချယ်ဆီး၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ အသင်းတို့ က စောင့်ကြည့်နေပါတယ်။ ကစားသမားကတော့ ပရီးမီးယားလိဂ်မှာ ဆက်နေဖို့ ပိုလိုလားနေတာပါ။
အသက် ၄၇ နှစ် အရွယ် နည်းပြ သောမတ်စ် တူချယ်ဟာ ချယ်ဆီးနည်းပြ ဘ၀ ၁၃ ပွဲကိုင်တွယ်ပြီးချိန်မှာ ၉ ပွဲနိုင် ၄ ပွဲ သရေကျထားပြီး ရှုံးပွဲ လုံး၀ မရှိသေးပါဘူး။ ဒါဟာ နည်းပြသစ် တစ်ယောက် အနေနဲ့ ချယ်ဆီးကလပ်သမိုင်း အကောင်းဆုံး တာထွက် မှတ်တမ်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ချယ်ဆီး ခံစစ်မှာ ခရစ္စတန်ဆန်လည်း မပါဝင်နိုင်သလို သီယေဂို ဆေးလ်ဗားကိုလည်း လက်လွှတ်ထားရပေမယ့် ဇူးမားက အသင်း အတွက် ဝင်ရပ်တည် စွမ်းဆောင်ပြနိုင်ခဲ့ကြောင်းလည်း တူချယ်က ချီးကျူးစကား ဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက ခ်န္ပီယံလိဂ္ ရွံဳးထြက္ ဒုတိယအေက်ာ့ ပြဲစဥ္မွာ အက္သလက္တီကို မက္ဒရစ္ အသင္းကို ဇီယက္၊ အီမာဆန္တို႔ သြင္းဂိုးေတြနဲ႕ ၂-၀ ရလဒ္ျဖစ္ အနိုင္ရခဲ့ကာ နွစ္ေက်ာ့ ေပါင္း ၃-၀ နဲ႕ ေနာက္တစ္ဆင့္ တက္ေရာက္သြားျပီ ျဖစ္ပါတယ္။
တီကို နုိင္တဲ့ ပြဲ အျပီးမွာ နည္းျပ တူခ်ယ္က ” သိပ္ေကာင္းတဲ့ စြမ္းေဆာင္ရည္၊ မယံုနိုင္စရာ အားထုတ္မႈေတြကို က်ေနာ္တို႔ ျမင္ခဲ့ရတယ္။ ပြဲၾကည့္စင္က က်ေနာ့္ ေကာင္ေလးေတြဆီကေတာင္ ခံစားမိေနတယ္။ အားလံုးက ဒီလို ရလဒ္ကို လံုး၀ လိုခ်င္ေနၾကတာပါ။ ကြာတားဖိုင္နယ္ ဆိုေတာ့ ကစားဖို႔ ေလးပြဲပဲ က်န္ေတာ့တဲ့ အဓိပၸါယ္ပါပဲ။ သိပ္ေကာင္းသလို ေျခလွမ္းၾကီးေတြပဲ က်န္ေတာ့တယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။
မိုရိုကို လက္ေရြးစင္ ကြင္းလယ္ကစားသမား ဟာကင္ ဇီယက္ကေတာ့ ညက ပြဲမွာ ခ်ယ္ဆီးအတြက္ အေရးပါတဲ့ သြင္းဂိုး ကို အက္သလက္တီကိုဘက္ သြင္းနိုင္ခဲ့တာ အတြက္ ၀မ္းေျမာက္ေပ်ာ္ရႊင္ေနပါတယ္။
ရာသီကုန္ရင္ စာခ်ဳပ္ ကုန္ဆံုးေတာ့မယ့္ မန္စီးတီးတိုက္စစ္မွဴး အဂြယ္ရို ကို ေခၚယူဖို႔ ခ်ယ္ဆီး၊ ဘာစီလိုနာနဲ႕ ပီအက္စ္ဂ်ီ အသင္းတို႔ က ေစာင့္ၾကည့္ေနပါတယ္။ ကစားသမားကေတာ့ ပရီးမီးယားလိဂ္မွာ ဆက္ေနဖို႔ ပိုလိုလားေနတာပါ။
အသက္ ၄၇ နွစ္ အရြယ္ နည္းျပ ေသာမတ္စ္ တူခ်ယ္ဟာ ခ်ယ္ဆီးနည္းျပ ဘ၀ ၁၃ ပြဲကိုင္တြယ္ျပီးခ်ိန္မွာ ၉ ပြဲနိုင္ ၄ ပြဲ သေရက်ထားျပီး ရွံဳးပြဲ လံုး၀ မရွိေသးပါဘူး။ ဒါဟာ နည္းျပသစ္ တစ္ေယာက္ အေနနဲ႕ ခ်ယ္ဆီးကလပ္သမိုင္း အေကာင္းဆံုး တာထြက္ မွတ္တမ္းအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။
ခ်ယ္ဆီး ခံစစ္မွာ ခရစၥတန္ဆန္လည္း မပါ၀င္နုိင္သလို သီေယဂို ေဆးလ္ဗားကိုလည္း လက္လႊတ္ထားရေပမယ့္ ဇူးမားက အသင္း အတြက္ ၀င္ရပ္တည္ စြမ္းေဆာင္ျပနိုင္ခဲ့ေၾကာင္းလည္း တူခ်ယ္က ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။
