ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (18/03/21)

မန်ချက်စတာ ယူနိုက်တက် ပရိသတ် အူစိန်ဘော့ကတော့ ယူနိုက်တက်မှာ ဆိုးရှား ရေရှည် နည်းပြ ဖြစ်နိုင်မလား ဆိုတဲ့ အမေးကို – ” ဆိုးရှား ပြောင်းလဲ နိုင်ရင်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သိပ်သဘောကောင်းလွန်းတယ်။ ဘယ်ကစားသမားကိုမှလည်း မကောင်း မပြောတတ်ဘူး။ ဖိအားမပေးဘူး ဒါကို ပြောင်းလဲနိုင်ရင် ဖြစ်နိုင်ပါတယ်။ ” လို့ သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် ကွင်းလယ် ကစားသမား ဖရက်နဲ့ ပတ်သတ်ပြီးလည်း – ” ဖရက်က ကွင်းလယ်မှာ မရှိနေသင့်တော့ဘူးလို့ ကျနော် ထင်တယ်။ သူ့မှာ လိုအပ်ချက်တွေက အများကြီးပဲ။ အလုပ်ကြိုးစားတာ မှန်ပါတယ် ဒါပေမယ့် ဘောလုံး ပေးပို့မှုကို မကောင်းဘဲ ဖြုန်းတီးလွန်းတဲ့ အပြင် အန္တရယ်ကြီးတဲ့ နေရာတွေမှာ ပြစ်ဒဏ်ဘောက ကျူးလွန်သေးတယ်။ ” လို့ ဘော့က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်နဲ့ ပတ်သတ်ပြီး အူစိန်ဘော့က – ” သူကတော့ ထူးချွန်သူပါ။ ဒါပေမယ့် ဘရူနို မကစားရင် ကျနော်တို့က ဟာကွက်တွေ ထွက်လာပြီး ဘောလုံး အသင်းနဲ့ ကို မတူတော့ဘူး ဖြစ်တာက စိုးရိမ်စရာ ဖြစ်နေတယ်။ ” လို့ သတိပေး ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အက်စတွန်ဗီလာ ဂိုးသမား မာတီနက်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ်အသင်းတွေထဲ ပါဝင်လာပါတယ်။ ဂန်းနားဟောင်း ဂိုးသမားဟာ ဗီလာပါ့ခ်မှာ လက်စွမ်းပြနေပါတယ်။

ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုဟာ ဂျူဗင်တပ်နဲ့ စာချုပ် နောက်ဆုံးနှစ်ထဲကိုေ ရာက်ရှိလာပြီး အင်္ဂလန်ကို ပြန်လာဖွယ်ရှိကြောင်း သုံးသပ် နေကြပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ ပြန်ခေါ်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

ဆန်စီရိုမှာ အေစီမီလန်နဲ့ ရင်ဆိုင် ကစားရမယ့် အပေါ် ကြောက်ရွံ့ခြင်း အလျင်း မရှိဘဲ ယူနိုက်တက်ဟာ ဒီပွဲကို နိုင်အောင် ကစားနိုင်တဲ့ စွမ်းအား အပြည့် ရှိပြီး ဖြစ်ကြောင်း ခံစစ်မှူး တဲလက်စ်က ပြောဆိုလိုက်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ပရိသတ္ အူစိန္ေဘာ့ကေတာ့ ယူနိုက္တက္မွာ ဆိုးရွား ေရရွည္ နည္းျပ ျဖစ္နုိင္မလား ဆိုတဲ့ အေမးကို – ” ဆိုးရွား ေျပာင္းလဲ နုိင္ရင္ေပါ့။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူက သိပ္သေဘာေကာင္းလြန္းတယ္။ ဘယ္ကစားသမားကိုမွလည္း မေကာင္း မေျပာတတ္ဘူး။ ဖိအားမေပးဘူး ဒါကို ေျပာင္းလဲနုိင္ရင္ ျဖစ္နုိင္ပါတယ္။ ” လို႔ သံုးသပ္ခဲ့ပါတယ္။

ဒါ့အျပင္ ကြင္းလယ္ ကစားသမား ဖရက္နဲ႕ ပတ္သတ္ျပီးလည္း – ” ဖရက္က ကြင္းလယ္မွာ မရွိေနသင့္ေတာ့ဘူးလို႔ က်ေနာ္ ထင္တယ္။ သူ႔မွာ လိုအပ္ခ်က္ေတြက အမ်ားၾကီးပဲ။ အလုပ္ၾကိဳးစားတာ မွန္ပါတယ္ ဒါေပမယ့္ ေဘာလံုး ေပးပို႔မႈကို မေကာင္းဘဲ ျဖဳန္းတီးလြန္းတဲ့ အျပင္ အႏၱရယ္ၾကီးတဲ့ ေနရာေတြမွာ ျပစ္ဒဏ္ေဘာက က်ဴးလြန္ေသးတယ္။ ” လို႔ ေဘာ့က ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဖာနန္ဒက္စ္နဲ႔ ပတ္သတ္ျပီး အူစိန္ေဘာ့က – ” သူကေတာ့ ထူးခၽြန္သူပါ။ ဒါေပမယ့္ ဘရူနို မကစားရင္ က်ေနာ္တို႔က ဟာကြက္ေတြ ထြက္လာျပီး ေဘာလံုး အသင္းနဲ႕ ကို မတူေတာ့ဘူး ျဖစ္တာက စိုးရိမ္စရာ ျဖစ္ေနတယ္။ ” လို႔ သတိေပး ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ အက္စတြန္ဗီလာ ဂိုးသမား မာတီနက္ဇ္ ကို ေခၚယူဖို႔ စိတ္၀င္စားတဲ့ ကလပ္အသင္းေတြထဲ ပါ၀င္လာပါတယ္။ ဂန္းနားေဟာင္း ဂိုးသမားဟာ ဗီလာပါ့ခ္မွာ လက္စြမ္းျပေနပါတယ္။

ေပၚတူဂီ ၾကယ္ပြင့္ ခရစၥတီယာနို ရိုနယ္ဒိုဟာ ဂ်ဴဗင္တပ္နဲ႕ စာခ်ဳပ္ ေနာက္ဆံုးနွစ္ထဲကိုေ ရာက္ရွိလာျပီး အဂၤလန္ကို ျပန္လာဖြယ္ရွိေၾကာင္း သံုးသပ္ ေနၾကေပမယ့္ မန္ခ်က္စတာ ယူနုိက္တက္ကေတာ့ ျပန္ေခၚဖို႔ အစီအစဥ္ မရွိဘူးလို႔ သိရပါတယ္။

ဆန္စီရိုမွာ ေအစီမီလန္နဲ႕ ရင္ဆိုင္ ကစားရမယ့္ အေပၚ ေၾကာက္ရြံ႕ျခင္း အလ်င္း မရွိဘဲ ယူနိုက္တက္ဟာ ဒီပြဲကို နုိင္ေအာင္ ကစားနုိင္တဲ့ စြမ္းအား အျပည့္ ရွိျပီး ျဖစ္ေၾကာင္း ခံစစ္မွဴး တဲလက္စ္က ေျပာဆိုလိုက္ပါတယ္။