ဖာနန်ဒက်စ်ကို ခေါ်ယူရာမှာ ယူနိုက်တက် မှားယွင်းခဲ့တဲ့တစ်ချက် ရှိနေကြောင်း ထောက်ပြမှု

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက စပို့တင်းလစ္စဘွန်းအသင်းထံကနေ ဘရူနို ဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၇ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဖာနန်ဒက်စ်က ယူနိုက်တက် ကာလရှည် ကြိုးစားခဲ့ရတဲ့ ပစ်မှတ် ကစားသမား ဖြစ်ပြီး ပေါ်တူဂီသားဟာလည်း ရောက်တည်းက ချက်ချင်းဆိုသလို ယူနိုက်တက်ကို ပြောင်းလဲပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘောလုံးသုံးသပ်သူတွေ ဖြစ်တဲ့ ရော်ဘီဆားဗေ့ချ်နဲ့ လူးဝစ် ဆာဟာတို့ကတော့ ဖာနန်ဒက်စ်ကို ခေါ်ယူရာမှာ ယူနိုက်တက်တို့ မှားခဲ့တဲ့ တစ်ချက် ရှိတယ်လို့ တက်ညီလက်ညီ ပြောဆို သုံးသပ်ခဲ့ပါတယ်။

သူတို့ ထောက်ပြခဲ့တာတော့ ယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက်စ်ကို အခုထက် ပိုပြီး စောစော မြန်မြန် ခေါ်ယူခဲ့သင့်တာ ဖြစ်တယ်လို့ ဆိုလိုက်တာပါ။ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်ဆီးအသင်းထံ လက်လွှတ်ရလုနီးနီး ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဆုံးမှာတော့ မန်ချက်စတာဆီ ရအောင် ခေါ်ယူနိုင်ခဲ့တာပါ။

လက်စတာ ကစားသမားဟောင်း ဆားဗေ့ချ်ဟာ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို အရခေါ်ဖို့ လက်နှေးနေခဲ့တဲ့ အပေါ် ထောက်ပြ ပြောဆိုခဲ့ပါတယ်။

” ဘရူနို ဖာနန်ဒက်စ်က အိုးထရက်ဖို့ဒ်လာပြီး ပိတ်ကစားတဲ့ အသင်းတွေကို ကျော်ဖြတ်ဖို့ တံခါးဖွင့်ပေးလိုက်နိုင်ခဲ့တယ်။ ကျနေ်ာ့ အတွက်တော့ လုံး၀ မြင်သာတဲ့ ကွာခြားချက်ပဲ။ သူတို့သာ ဘရူနို ဖာနန်ဒက်စ်ကို ဒီရာသီအစတည်းက ခေါ်နိုင်ခဲ့ရင် အဆင့် ၄ အတွင်းမှာ လုံး၀ ကျောက်ချ နေရာယူထားလောက်ပြီ။ သူက အသင်းကို လုံး၀ ပြောင်းလဲသွားစေခဲ့တယ်။

ပေါလ်စခိုးလ် နဲ့ မိုက်ကယ်ကားရစ်လို ကစားသမားတွေ ရှာဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် လိုအပ်နေချိန်မှာပဲ ဘရူနို ဖာနန်ဒက်စ် လို ကစားသမားက ဝင်လာပြီး လုံး၀ ထူးချွန်စွာ လုပ်ပြသွားခဲ့တယ်။ ” လို့ ဆားဗေ့ချ်က ထောက်ပြသွားပါတယ်။

” ဖာနန်ဒက်စ်က နည်းစနစ်ပိုင်းလုံး ကြေညက်ပြီး တကယ့် အရေးကြီး ချိန်တွေမှာ အဆုံးအဖြတ်ကိစ္စတွေ လုပ်ပေးနိုင်တယ်။ ဒါပေမယ့် သူ့ အရည်အချင်းတွေက အဲဒါထက် ပိုပါတယ်။ သူက ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး ယူနိုက်တက် ဒီရာသီမှာ လိုအပ်နေတာကို ဖြည့်ပေးခဲ့သူလည်း ဖြစ်တယ်။ ” လို့ သရဲနီဟောင်း ဆာဟာကလည်း ဆားဗေ့ချ်ကို ထောက်ခံ ဆွေးနွေးသွားပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီက စပို႔တင္းလစၥဘြန္းအသင္းထံကေန ဘရူနို ဖာနန္ဒက္စ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၆၇ သန္းနဲ႕ ေခၚယူခဲ့ပါတယ္။ ဖာနန္ဒက္စ္က ယူနုိက္တက္ ကာလရွည္ ၾကိဳးစားခဲ့ရတဲ့ ပစ္မွတ္ ကစားသမား ျဖစ္ျပီး ေပၚတူဂီသားဟာလည္း ေရာက္တည္းက ခ်က္ခ်င္းဆိုသလို ယူနိုက္တက္ကို ေျပာင္းလဲျပနိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ေဘာလံုးသံုးသပ္သူေတြ ျဖစ္တဲ့ ေရာ္ဘီဆားေဗ့ခ်္နဲ႕ လူး၀စ္ ဆာဟာတို႔ကေတာ့ ဖာနန္ဒက္စ္ကို ေခၚယူရာမွာ ယူနိုက္တက္တို႔ မွားခဲ့တဲ့ တစ္ခ်က္ ရွိတယ္လို႔ တက္ညီလက္ညီ ေျပာဆို သံုးသပ္ခဲ့ပါတယ္။

သူတို႔ ေထာက္ျပခဲ့တာေတာ့ ယူနုိက္တက္ဟာ ဘရူနို ဖာနန္ဒက္စ္ကို အခုထက္ ပိုျပီး ေစာေစာ ျမန္ျမန္ ေခၚယူခဲ့သင့္တာ ျဖစ္တယ္လို႔ ဆိုလိုက္တာပါ။ ယူနိုက္တက္ဟာ ဖာနန္ဒက္စ္ကို ပရီးမီးယားလိဂ္ ျပိဳင္ဘက္ ခ်ယ္ဆီးအသင္းထံ လက္လႊတ္ရလုနီးနီး ျဖစ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အဆံုးမွာေတာ့ မန္ခ်က္စတာဆီ ရေအာင္ ေခၚယူနိုင္ခဲ့တာပါ။

လက္စတာ ကစားသမားေဟာင္း ဆားေဗ့ခ်္ဟာ ယူနိုက္တက္ဟာ ဖာနန္ဒက္စ္ကို အရေခၚဖို႔ လက္ေႏွးေနခဲ့တဲ့ အေပၚ ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။

” ဘရူနို ဖာနန္ဒက္စ္က အိုးထရက္ဖို႔ဒ္လာျပီး ပိတ္ကစားတဲ့ အသင္းေတြကို ေက်ာ္ျဖတ္ဖို႔ တံခါးဖြင့္ေပးလုိက္နုိင္ခဲ့တယ္။ က်ေန္ာ့ အတြက္ေတာ့ လံုး၀ ျမင္သာတဲ့ ကြာျခားခ်က္ပဲ။ သူတို႔သာ ဘရူနို ဖာနန္ဒက္စ္ကို ဒီရာသီအစတည္းက ေခၚနိုင္ခဲ့ရင္ အဆင့္ ၄ အတြင္းမွာ လံုး၀ ေက်ာက္ခ် ေနရာယူထားေလာက္ျပီ။ သူက အသင္းကို လံုး၀ ေျပာင္းလဲသြားေစခဲ့တယ္။

ေပါလ္စခိုးလ္ နဲ႕ မိုက္ကယ္ကားရစ္လို ကစားသမားေတြ ရွာဖို႔က ခက္ခဲပါတယ္။ ဒါေပမယ့္ လိုအပ္ေနခ်ိန္မွာပဲ ဘရူနို ဖာနန္ဒက္စ္ လုိ ကစားသမားက ၀င္လာျပီး လံုး၀ ထူးခၽြန္စြာ လုပ္ျပသြားခဲ့တယ္။ ” လို႔ ဆားေဗ့ခ်္က ေထာက္ျပသြားပါတယ္။

” ဖာနန္ဒက္စ္က နည္းစနစ္ပိုင္းလံုး ေၾကညက္ျပီး တကယ့္ အေရးၾကီး ခ်ိန္ေတြမွာ အဆံုးအျဖတ္ကိစၥေတြ လုပ္ေပးနိုင္တယ္။ ဒါေပမယ့္ သူ႔ အရည္အခ်င္းေတြက အဲဒါထက္ ပိုပါတယ္။ သူက ေခါင္းေဆာင္ တစ္ဦး ျဖစ္ျပီး ယူနုိက္တက္ ဒီရာသီမွာ လိုအပ္ေနတာကို ျဖည့္ေပးခဲ့သူလည္း ျဖစ္တယ္။ ” လို႔ သရဲနီေဟာင္း ဆာဟာကလည္း ဆားေဗ့ခ်္ကို ေထာက္ခံ ေဆြးေႏြးသြားပါတယ္။