ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (21/03/21)

မန်ချက်စတာ ယူနိုက်တက်ဟာ ဘောလုံးရာသီကုန်ထိ ၁၇ ပွဲလောက် ကစားဖို့ ရှိနေသေးပြီး အသင်း မန်နေဂျာ ဆိုးရှားကတော့ သက်တောင့်သက်သာ ဘဝမျိုးသာ လိုချင်ရင် ယူနိုက်တက်မှာ မကစားနဲ့လို့ ပြောဆို တွန်းအားပေးလိုက်ပါတယ်။

ဆန်ချို နေရာ အစားထိုး ပစ်မှတ် အဖြစ် ဝုဗ်အသင်းမှ ပေါင် သန်း ၅၀ တန် ညာတောင်ပံ တိုက်စစ်သမား နီတို ကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် တောင်ပံသမားဟာ ယူနိုက်တက် အလိုရှိတဲ့ အရည်အချင်းတွေ ရှိနေပါတယ်။

လက်စတာ ခံစစ်မှူး အီဗန်ဟာ မန်ချက်စတာ ယူနိုက်တက်မှာပဲ ရှိနေသေးသင့်တဲ့ ကစားသမား ဖြစ်ကြောင်း ဆိုးရှားက ပြောဆိုလိုက်ပါတယ်။ လူးဝစ် ဗန်ဟားလ်က ၂၀၁၅ မှာ အီဗန်ကို လွယ်လွယ် ရောင်းထုတ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖီရင်အိုတီးနား ခံစစ်မှူး မီလန် ကိုဗစ်ကို ယူနိုက်တက်က ချိတ်ဆက်နေတယ် သတင်းထွက်နေပေမယ့် ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်း မရှိကြောင်း သိရပါတယ်။ ၎င်းကို မော်ရင်ညို ယူနိုက်တက်မှာ ရှိစဉ်က ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။

အသက် ၂၅ နှစ် အရွယ် ယူနိုက်တက် ခံစစ်မှူး လုခ်ရှောဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ၂၀၁၈ က စလို့ ပါဝင် မကစားရတော့ဘဲ ရှိနေရာ ဒီလထဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပါဝင် ကစားဖို့ ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။ ရှောက ၎င်းဟာ နိုင်ငံအသင်းမှာ ကစားရဖို့ လက်လျှော့လိုက်ရပြီ ထင်ခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ရာသီကုန်ရင် စာချုပ် ကုန်ဆုံးတော့မယ့် ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီကို သက်တမ်းတိုးဖို့ ပြောဆိုဆွေးနွေးမှုများ ရှိနေကြောင်း ယူနိုက်တက် နည်းပြ ဆိုးရှားက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကာဗာနီကို တစ်နှစ် စာချုပ်နဲ့ပဲ ခေါ်ယူခဲ့ပေမယ့် နှစ်ဘက် သဘောတူညီမှု ရပါက နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ေဘာလံုးရာသီကုန္ထိ ၁၇ ပြဲေလာက္ ကစားဖို႔ ရွိေနေသးျပီး အသင္း မန္ေနဂ်ာ ဆိုးရွားကေတာ့ သက္ေတာင့္သက္သာ ဘ၀မ်ိဳးသာ လိုခ်င္ရင္ ယူနိုက္တက္မွာ မကစားနဲ႕လို႔ ေျပာဆို တြန္းအားေပးလိုက္ပါတယ္။

ဆန္ခ်ိဳ ေနရာ အစားထိုး ပစ္မွတ္ အျဖစ္ ၀ုဗ္အသင္းမွ ေပါင္ သန္း ၅၀ တန္ ညာေတာင္ပံ တိုက္စစ္သမား နီတို ကို ေခၚယူဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ ေတာင္ပံသမားဟာ ယူနိုက္တက္ အလိုရွိတဲ့ အရည္အခ်င္းေတြ ရွိေနပါတယ္။

လက္စတာ ခံစစ္မွဴး အီဗန္ဟာ မန္ခ်က္စတာ ယူနိုက္တက္မွာပဲ ရွိေနေသးသင့္တဲ့ ကစားသမား ျဖစ္ေၾကာင္း ဆိုးရွားက ေျပာဆိုလိုက္ပါတယ္။ လူး၀စ္ ဗန္ဟားလ္က ၂၀၁၅ မွာ အီဗန္ကို လြယ္လြယ္ ေရာင္းထုတ္ပစ္ခဲ့တာပဲ ျဖစ္ပါတယ္။

ဖီရင္အိုတီးနား ခံစစ္မွဴး မီလန္ ကိုဗစ္ကို ယူနိုက္တက္က ခ်ိတ္ဆက္ေနတယ္ သတင္းထြက္ေနေပမယ့္ ေခၚယူဖို႔ စိတ္၀င္စားေနျခင္း မရွိေၾကာင္း သိရပါတယ္။ ၄င္းကို ေမာ္ရင္ညိဳ ယူနိုက္တက္မွာ ရွိစဥ္က ေခၚယူဖို႕ ၾကိဳးစားခဲ့ဖူးပါတယ္။

အသက္ ၂၅ နွစ္ အရြယ္ ယူနိုက္တက္ ခံစစ္မွဴး လုခ္ေရွာဟာ အဂၤလန္ လက္ေရြးစင္ အသင္းမွာ ၂၀၁၈ က စလို႔ ပါ၀င္ မကစားရေတာ့ဘဲ ရွိေနရာ ဒီလထဲ ကမၻာ့ဖလား ေျခစစ္ပြဲေတြမွာ ပါ၀င္ ကစားဖို႔ ျပန္လည္ ေရြးခ်ယ္ခံခဲ့ရပါတယ္။ ေရွာက ၄င္းဟာ နုိင္ငံအသင္းမွာ ကစားရဖို႔ လက္ေလွ်ာ့လိုက္ရျပီ ထင္ခဲ့ေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

ရာသီကုန္ရင္ စာခ်ဳပ္ ကုန္ဆံုးေတာ့မယ့္ ၀ါရင့္တိုက္စစ္မွဴးၾကီး ကာဗာနီကို သက္တမ္းတိုးဖို႔ ေျပာဆိုေဆြးေႏြးမႈမ်ား ရွိေနေၾကာင္း ယူနိုက္တက္ နည္းျပ ဆိုးရွားက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ယူနိုက္တက္ဟာ ကာဗာနီကို တစ္နွစ္ စာခ်ဳပ္နဲ႕ပဲ ေခၚယူခဲ့ေပမယ့္ နွစ္ဘက္ သေဘာတူညီမႈ ရပါက ေနာက္ထပ္ ၁၂ လ သက္တမ္းတိုးခြင့္ ရွိေနပါတယ္။