ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (22/03/21)

ချယ်ဆီးအသင်းဟာ မနေ့ညက ရှက်ဖီးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲမှာ ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရှက်ဖီးအသင်းဘက် ဂိုးတွေကို နောဝုဒ်က Own Goal နဲ့ ပွဲပြီး နာကျင်အချိန်ပိုမှာ ဇီယက်က တစ်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တိုက်စစ်သမား ပူလီဆစ်ကတော့ ရှက်ဖီးနဲ့ ပွဲမှာ နည်းပြ တူချယ်ကို အကောင်းဆုံး အစွမ်းပြနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဒိထက် ပိုပြီး အဆုံးအဖြတ်တွေ ကောင်းမွန်ကာ ဂိုးသွင်းယူခဲ့သင့်ကြောင်း ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာတော့ ချယ်ဆီးဟာ ဖလားယူဖို့ ရေပန်းစားနေတဲ့ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ နောက်ထပ်ဆီမီး အတွဲကတော့ လက်စတာနဲ့ ဆောက်သမ်တန်တို့ ဖြစ်ကာ နိုင်တဲ့ အသင်းတွေကတော့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

နည်းပြ တူချယ်ကတော့ ညကပွဲမှာ အသင်းရဲ့ အာရုံစူးစိုက်မှုပိုင်းနဲ့ ထိန်းချုပ်နိုင်မှု အပိုင်း အထူးသဖြင့် ပွဲချိန် ဒုတိယပိုင်းမှာ ပျောက်ဆုံး သွားခဲ့တယ်လို့ ယူဆနေပြီး ရှက်ဖီးကို နိုင်တဲ့ ပွဲ အပေါ် ဝမ်းမြောက် ပျော်ရွှင်နေမှုမျိုး မပြသခဲ့ပါဘူး။

ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်က ရှားရှားပါးပါး အင်တာဗျူး ပြုလုပ်သွားရာ အသင်းနဲ့ ပတ်သတ်ပြီး သူ့ရည်မှန်းချက်က ဆုဖလားတွေတွေ သိမ်းပိုက်ပြီး ရေရှည် အနာဂတ် အတွက် တည်ဆောက်သွားဖို့ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ပွဲသိမ်း အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဟာကင် ဇီယက်ချ်ဟာ ချယ်ဆီး ရောက်လာပြီးနောက် ညက အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ပွဲ ဖြစ်ကြောင်း လန်ဒန် အခြေစိုက် သတင်းဌာနတွေက ချီးကျူးသွားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ မေန႔ညက ရွက္ဖီးနဲ႕ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ ပြဲမွာ ၂-၀ နဲ႕ အနုိင္ရရွိသြားခဲ့ျပီး ဆီမီးဖိုင္နယ္ အဆင့္ တက္ေရာက္သြားခဲ့ျပီ ျဖစ္ပါတယ္။ ရွက္ဖီးအသင္းဘက္ ဂိုးေတြကို ေနာ၀ုဒ္က Own Goal နဲ႕ ပြဲျပီး နာက်င္အခ်ိန္ပိုမွာ ဇီယက္က တစ္ဂိုး သြင္းယူခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ တိုက္စစ္သမား ပူလီဆစ္ကေတာ့ ရွက္ဖီးနဲ႕ ပြဲမွာ နည္းျပ တူခ်ယ္ကို အေကာင္းဆံုး အစြမ္းျပနိုင္ဖို႔ ၾကိဳးစားခဲ့ေပမယ့္ ဒိထက္ ပိုျပီး အဆံုးအျဖတ္ေတြ ေကာင္းမြန္ကာ ဂိုးသြင္းယူခဲ့သင့္ေၾကာင္း ပြဲ အျပီးမွာ ဆိုခဲ့ပါတယ္။

အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာေတာ့ ခ်ယ္ဆီးဟာ ဖလားယူဖို႔ ေရပန္းစားေနတဲ့ မန္စီးတီးနဲ႕ ထိပ္တိုက္ေတြ႔ဆံုေနပါတယ္။ ေနာက္ထပ္ဆီမီး အတြဲကေတာ့ လက္စတာနဲ႕ ေဆာက္သမ္တန္တို႔ ျဖစ္ကာ နုိင္တဲ့ အသင္းေတြကေတာ့ ဗိုလ္လုပြဲမွာ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

နည္းျပ တူခ်ယ္ကေတာ့ ညကပြဲမွာ အသင္းရဲ႕ အာရံုစူးစိုက္မႈပိုင္းနဲ႕ ထိန္းခ်ဳပ္နုိင္မႈ အပိုင္း အထူးသျဖင့္ ပြဲခ်ိန္ ဒုတိယပိုင္းမွာ ေပ်ာက္ဆံုး သြားခဲ့တယ္လို႔ ယူဆေနျပီး ရွက္ဖီးကို နုိင္တဲ့ ပြဲ အေပၚ ၀မ္းေျမာက္ ေပ်ာ္ရႊင္ေနမႈမ်ိဳး မျပသခဲ့ပါဘူး။

ခ်ယ္ဆီးအသင္းပိုင္ရွင္ ရိုမန္ ေအဗရာမိုဗစ္ခ်္က ရွားရွားပါးပါး အင္တာဗ်ဴး ျပဳလုပ္သြားရာ အသင္းနဲ႕ ပတ္သတ္ျပီး သူ႔ရည္မွန္းခ်က္က ဆုဖလားေတြေတြ သိမ္းပိုက္ျပီး ေရရွည္ အနာဂတ္ အတြက္ တည္ေဆာက္သြားဖို႔ ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ပြဲသိမ္း အနုိင္ဂိုး သြင္းယူေပးခဲ့တဲ့ ဟာကင္ ဇီယက္ခ်္ဟာ ခ်ယ္ဆီး ေရာက္လာျပီးေနာက္ ညက အေကာင္းဆံုး ေျခစြမ္းျပခဲ့တဲ့ ပြဲ ျဖစ္ေၾကာင္း လန္ဒန္ အေျခစိုက္ သတင္းဌာနေတြက ခ်ီးက်ဴးသြားခဲ့ပါတယ္။