ပြီးခဲ့တဲ့ ပေါင် သန်း ၄၀ နဲ့ ယူနိုက်တက်ထံ ပြောင်းရွှေ့လာတဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ဟာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီး နယ်သာလန်သားဟာ လမ်းပျောက်နေပုံ ရကြောင်း မာ့ခ်ဟုချ်က သုံးသပ်လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး၊ မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ဆဲလ်ဘတ် တိုက်စစ်မှူး ပက်ဆွန် ဒါကာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ အသက် ၂၂ နှစ် အရွယ် တိုက်စစ်သမားဟာ လက်ရှိ တန်ကြေး ယူရို သန်း ၂၀ လောက် ရှိပါတယ်။

ယူနိုက်တက်ရဲ့ ပွဲစဉ် ဇယားဟာ တောက်လျောက်ကြပ်နေတာကြောင့် လက်စတာနဲ့ အက်ဖ်အေ ကွာတားဖိုင်နယ် ပွဲမှာ ဘရူနို ဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းမှာ မထည့်ခဲ့တာ ဖြစ်ကြောင်း ဆိုးရှားက ပြောဆိုခဲ့ပါတယ်။ ထိုပွဲမှာ လက်စတာကို ရှူံးခဲ့တာကြောင့် ယူနိုက်တက် အက်ဖ်အေပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
အဲဗာတန် အကယ်ဒမီထွက် အသက် ၁၉နှစ် အရွယ် စတန်လေ ဂိုးသမား တိုဘီ ဆာဗင်ကို မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ် အသင်းတို့က စောင့်ကြည့် ကင်းထောက်နေကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် လူငယ် ကြယ်ပွင့် အာမက် ဒီယာလိုဟာ အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းရဲ့ ရွေးချယ်မှုကို ပထမဆုံး အကြိမ် ရရှိခဲ့ပါတယ်။ ဒီယာလိုက ဒီလထဲ အာဖရိက နေးရှင်းဖလား ခြေစစ်ပွဲစဉ်များမှာ ပါဝင် ကစားခွင့် ရတော့မှာပါ။
အက်ဖ်အေဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားက ကလပ်အသင်းဟာ ဒိထက် ပို ကောင်းအောင် လုပ်နိုင်ခဲ့သင့်ပြီး ရှုံးပွဲ အတွက် ဆင်ခြေပေးစရာ မရှိကြောင်း ဝန်ခံခဲ့ပါတယ်။

Zawgyi – ျပီးခဲ့တဲ့ ေပါင္ သန္း ၄၀ နဲ႕ ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာတဲ့ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ဟာ အသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနျပီး နယ္သာလန္သားဟာ လမ္းေပ်ာက္ေနပံု ရေၾကာင္း မာ့ခ္ဟုခ်္က သံုးသပ္လိုက္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္၊ လီဗာပူး၊ မန္စီးတီးနဲ႕ အာဆင္နယ္ အသင္းတို႔ဟာ ဆဲလ္ဘတ္ တိုက္စစ္မွဴး ပက္ဆြန္ ဒါကာ ကို ေခၚယူဖို႔ စိတ္၀င္စားေနၾကပါတယ္။ အသက္ ၂၂ နွစ္ အရြယ္ တိုက္စစ္သမားဟာ လက္ရွိ တန္ေၾကး ယူရို သန္း ၂၀ ေလာက္ ရွိပါတယ္။
ယူနိုက္တက္ရဲ႕ ပြဲစဥ္ ဇယားဟာ ေတာက္ေလ်ာက္ၾကပ္ေနတာေၾကာင့္ လက္စတာနဲ႕ အက္ဖ္ေအ ကြာတားဖိုင္နယ္ ပြဲမွာ ဘရူနို ဖာနန္ဒက္စ္ကို ပြဲထြက္စာရင္းမွာ မထည့္ခဲ့တာ ျဖစ္ေၾကာင္း ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။ ထိုပြဲမွာ လက္စတာကို ရွံဴးခဲ့တာေၾကာင့္ ယူနိုက္တက္ အက္ဖ္ေအျပိဳင္ပြဲက ထြက္ခဲ့ရျပီ ျဖစ္ပါတယ္။
အဲဗာတန္ အကယ္ဒမီထြက္ အသက္ ၁၉နွစ္ အရြယ္ စတန္ေလ ဂိုးသမား တိုဘီ ဆာဗင္ကို မန္ခ်က္စတာ ယူနုိက္တက္နဲ႕ နယူးကာဆယ္ အသင္းတို႔က ေစာင့္ၾကည့္ ကင္းေထာက္ေနေၾကာင္း သိရပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ လူငယ္ ၾကယ္ပြင့္ အာမက္ ဒီယာလိုဟာ အိုင္ဗရီကို႔စ္ လက္ေရြးစင္ အသင္းရဲ႕ ေရြးခ်ယ္မႈကို ပထမဆံုး အၾကိမ္ ရရွိခဲ့ပါတယ္။ ဒီယာလိုက ဒီလထဲ အာဖရိက ေနးရွင္းဖလား ေျခစစ္ပြဲစဥ္မ်ားမွာ ပါ၀င္ ကစားခြင့္ ရေတာ့မွာပါ။
အက္ဖ္ေအဖလား ျပိဳင္ပြဲကေန ထြက္ခြာခဲ့ရျပီးေနာက္ ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားက ကလပ္အသင္းဟာ ဒိထက္ ပို ေကာင္းေအာင္ လုပ္နုိင္ခဲ့သင့္ျပီး ရွံဳးပဲြ အတြက္ ဆင္ေျခေပးစရာ မရွိေၾကာင္း ၀န္ခံခဲ့ပါတယ္။
