ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (23/03/21)

အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ပြန်လည် ရွေးချယ်ခံခဲ့ရတဲ့ ခံစစ်မှူး ရှောကို ဒီတလောနှစ်တွေမှာ ပထမဦးစားပေး ဖြစ်လာနေတဲ့ ဘန်ချေးဝဲလ်က ဒီတစ်ကြိမ်မှာ ပြန်လည် တွေ့ဆုံယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

ကွင်းလယ် ကစားသမား ဗန်ဒီဘိခ် အပေါ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြုမူဆက်ဆံပုံကို ရီယို ဖာဒီနန်ကတော့ ပဟေဠိဖြစ်နေပြီး ဘာကြောင့် နယ်သာလန်သားကို ခေါ်ယူခဲ့သလဲ တွေးမရ ဖြစ်နေပါတယ်။

အေစီမီလန်နဲ့ စာချုပ် နောက်ဆုံးနှစ်ထဲ ရောက်နေပြီ ဖြစ်တဲ့ ယူနိုက်တက် ပစ်မှတ် ကွင်းလယ် ကစားသမား Calhanoglu ကတော့ ဂါလာတာစာရေးမှာ ကစားလိုကြောင်း ဖွင့်ဟလိုက်ပါတယ်။

ယူနိုက်တက်မှာ နေရာပေးခြင်း မခံရတဲ့ ခံစစ်မှူး အဲရစ် ဘိုင်လေက ကလပ်အသင်းဟာ ပြောင်းရွှေ့ကြေး မြင့်မြင့် ရဖို့ အတွက် သူ့ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုချင်နေမှာမျိုးကို စိုးရိမ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဖရက်ဟာ လက်စတာကို ရှုံးတဲ့ အက်ဖ်အေဖလား ပွဲ အပြီးမှာ ၎င်းရဲ့ အင်စတာဂရမ် အကောင့်က ပစ်မှတ်ဖြစ်လာပြီး ဆိုရှယ်မီဒီယာကနေ လူမျိုးရေး ခွဲခြား အနိုင်ကျင့်ခံခဲ့ရပါတယ်။

ပေါင် ၈၉ သန်းတန် ယူနိုက်တက် ပစ်မှတ် ကစားသမား ဖြစ်တဲ့ နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေကို ပရီးမီးယားလိဂ်မှ အဲဗာတန် အသင်းကလည်း စိတ်ဝင်စားနေပြီး အပြိုင် ခေါ်ယူရန် ကြံရွယ်နေပါတယ်။

Zawgyi – အဂၤလန္ လက္ေရြးစင္ အသင္းအတြက္ ျပန္လည္ ေရြးခ်ယ္ခံခဲ့ရတဲ့ ခံစစ္မွဴး ေရွာကို ဒီတေလာနွစ္ေတြမွာ ပထမဦးစားေပး ျဖစ္လာေနတဲ့ ဘန္ေခ်း၀ဲလ္က ဒီတစ္ၾကိမ္မွာ ျပန္လည္ ေတြ႔ဆံုယွဥ္ျပိဳင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။

ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ အေပၚ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ျပဳမူဆက္ဆံပံုကို ရီယို ဖာဒီနန္ကေတာ့ ပေဟဠိျဖစ္ေနျပီး ဘာေၾကာင့္ နယ္သာလန္သားကို ေခၚယူခဲ့သလဲ ေတြးမရ ျဖစ္ေနပါတယ္။

ေအစီမီလန္နဲ႕ စာခ်ဳပ္ ေနာက္ဆံုးနွစ္ထဲ ေရာက္ေနျပီ ျဖစ္တဲ့ ယူနိုက္တက္ ပစ္မွတ္ ကြင္းလယ္ ကစားသမား Calhanoglu ကေတာ့ ဂါလာတာစာေရးမွာ ကစားလိုေၾကာင္း ဖြင့္ဟလိုက္ပါတယ္။

ယူနိုက္တက္မွာ ေနရာေပးျခင္း မခံရတဲ့ ခံစစ္မွဴး အဲရစ္ ဘုိင္ေလက ကလပ္အသင္းဟာ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္ ရဖို႔ အတြက္ သူ႔ကို သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုခ်င္ေနမွာမ်ိဳးကို စိုးရိမ္ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဖရက္ဟာ လက္စတာကို ရွံဳးတဲ့ အက္ဖ္ေအဖလား ပြဲ အျပီးမွာ ၄င္းရဲ႕ အင္စတာဂရမ္ အေကာင့္က ပစ္မွတ္ျဖစ္လာျပီး ဆိုရွယ္မီဒီယာကေန လူမ်ိဳးေရး ခြဲျခား အနုိင္က်င့္ခံခဲ့ရပါတယ္။

ေပါင္ ၈၉ သန္းတန္ ယူနိုက္တက္ ပစ္မွတ္ ကစားသမား ျဖစ္တဲ့ နာပိုလီ ခံစစ္မွဴး ကူလီဘိုင္ေလကို ပရီးမီးယားလိဂ္မွ အဲဗာတန္ အသင္းကလည္း စိတ္၀င္စားေနျပီး အျပိဳင္ ေခၚယူရန္ ၾကံရြယ္ေနပါတယ္။