ချယ်ဆီးကနေ ထွက်ခွာလာဖြစ်တာဟာ နည်းပြ ကွန်တီနဲ့ ပြသနာ တက်ခဲ့တာကြောင့် ဖြစ်ကြောင်း ကွင်းလယ် ကစားသမားကြီး မီခေးလ်က ထုတ်ဖော် သွားခဲ့ပါတယ်။ ၂၀၁၆ မှာ ချယ်ဆီးနည်းပြ ဖြစ်လာတဲ့ ကွန်တီဟာ မီခေးလ်ဟာ အိုလံပစ်အတွက် နိုင်ဂျီးရီးယားအသင်းထံ သွား ကစားရင် ကလပ် အစီအစဉ်တွေထဲ ပါဝင်မှာ မဟုတ်လို့ ပြောဆိုခဲ့ကြောင်း ၎င်းက ဖွင့်ဟခဲ့ပါတယ်။
ချယ်ဆီးဟာ ဟာလန်းကို အရ ခေါ်ယူလိုက်မယ် ဆိုပါက နယ်သာလန်သားကသာ အသင်းသားတွေချင်း ရှိပြီးသား ချိတ်ဆက်နားလည်မှုကို ထိခိုက်စေလို့ကတော့ ကပ်ဆိုက်သွားသလို ဖြစ်မယ်လို့ ချယ်ဆီး ကစားသမားဟောင်းကြီး ဖရန့် လီဘိုးက သတိပေးလိုက်ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် မဲခွဲမှုအပြီးမှာ ပေါ်တိုနဲ့ ကျနေတဲ့နောက် ချယ်ဆီးက အောင်ပွဲခံသလို ပြုမူခဲ့တဲ့ အပေါ် စိတ်ပျက်စရာ ကောင်းလွန်းလှကြောင်း ပေါ်တို ဂန္တဝင် Paulo Futre က ဝေဖန်ပြောဆိုခဲ့ပါတယ်။
အေစီမီလန်မှာ အငှား ကစားနေတဲ့ တိုမိုရီ ကို အပြီးသတ် ခေါ်ယူမယ် ဆိုပါက စာချုပ်ပါ အတိုင်း ပေါင် ၂၆ သန်းကနေ ဈေးလျှော့ပေးမှာ မဟုတ်ဘူးလို့ ချယ်ဆီးဘက်က အသိပေးထားကြောင်း သိရပါတယ်။ တိုမိုရီရဲ့ တန်ကြေးက ထိုပမာဏထက် ပိုတက်နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ပွဲမှာ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားက ချယ်ဆီးရဲ့ ကွီတာကို ပင်နယ်တီ ဧရိယာထဲမှာ နောက်ကနေ လည်ပင်းဖက် သိုင်းချုပ်ထားခဲ့ကာ ပြစ်ဒဏ် ကျူးလွန်ခဲ့ပေမယ့် အပြစ်မပေးခံရဘဲ လွတ်မြောက်သွားခဲ့တဲ့ ဖြစ်ရပ်ကို VAR တိုးတက်ဖို့ ဆွေးနွေးမှုမှာ ဥပမာပြ ထည့်သွင်းထားမယ်လို့ သိရပါတယ်။
ချယ်ဆီးနဲ့ လီဗာပူးတို့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ ဘိုင်ယန် ခံစစ်မှူး ဒေးဗစ် အလာဘာဟာ ရာသီကုန်ရင် ပရီးမီးယားလိဂ်ဘက် သွားဖို့ထက် ရီးရဲလ်၊ ဘာစီလိုနာ အသင်းတွေကို ရွေးချယ်ဖို့ မျက်စိကျနေပါတယ်။

Zawgyi – ခ်ယ္ဆီးကေန ထြက္ခြာလာျဖစ္တာဟာ နည္းျပ ကြန္တီနဲ႕ ျပသနာ တက္ခဲ့တာေၾကာင့္ ျဖစ္ေၾကာင္း ကြင္းလယ္ ကစားသမားၾကီး မီေခးလ္က ထုတ္ေဖာ္ သြားခဲ့ပါတယ္။ ၂၀၁၆ မွာ ခ်ယ္ဆီးနည္းျပ ျဖစ္လာတဲ့ ကြန္တီဟာ မီေခးလ္ဟာ အိုလံပစ္အတြက္ နိုင္ဂ်ီးရီးယားအသင္းထံ သြား ကစားရင္ ကလပ္ အစီအစဥ္ေတြထဲ ပါ၀င္မွာ မဟုတ္လို႔ ေျပာဆိုခဲ့ေၾကာင္း ၄င္းက ဖြင့္ဟခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ဟာလန္းကို အရ ေခၚယူလိုက္မယ္ ဆိုပါက နယ္သာလန္သားကသာ အသင္းသားေတြခ်င္း ရွိျပီးသား ခ်ိတ္ဆက္နားလည္မႈကို ထိခိုက္ေစလို႔ကေတာ့ ကပ္ဆိုက္သြားသလို ျဖစ္မယ္လို႔ ခ်ယ္ဆီး ကစားသမားေဟာင္းၾကီး ဖရန္႔ လီဘိုးက သတိေပးလိုက္ပါတယ္။
ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ အဆင့္ မဲခြဲမႈအျပီးမွာ ေပၚတိုနဲ႕ က်ေနတဲ့ေနာက္ ခ်ယ္ဆီးက ေအာင္ပြဲခံသလို ျပဳမူခဲ့တဲ့ အေပၚ စိတ္ပ်က္စရာ ေကာင္းလြန္းလွေၾကာင္း ေပၚတို ဂႏၱ၀င္ Paulo Futre က ေ၀ဖန္ေျပာဆိုခဲ့ပါတယ္။
ေအစီမီလန္မွာ အငွား ကစားေနတဲ့ တိုမိုရီ ကို အျပီးသတ္ ေခၚယူမယ္ ဆိုပါက စာခ်ဳပ္ပါ အတိုင္း ေပါင္ ၂၆ သန္းကေန ေစ်းေလွ်ာ့ေပးမွာ မဟုတ္ဘူးလို႔ ခ်ယ္ဆီးဘက္က အသိေပးထားေၾကာင္း သိရပါတယ္။ တိုမိုရီရဲ႕ တန္ေၾကးက ထိုပမာဏထက္ ပိုတက္ေနပါတယ္။
ျပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက ပြဲမွာ ယူနုိက္တက္ ခံစစ္မွဴး မက္ဂြဲရားက ခ်ယ္ဆီးရဲ႕ ကြီတာကို ပင္နယ္တီ ဧရိယာထဲမွာ ေနာက္ကေန လည္ပင္းဖက္ သိုင္းခ်ဳပ္ထားခဲ့ကာ ျပစ္ဒဏ္ က်ဴးလြန္ခဲ့ေပမယ့္ အျပစ္မေပးခံရဘဲ လြတ္ေျမာက္သြားခဲ့တဲ့ ျဖစ္ရပ္ကို VAR တိုးတက္ဖို႔ ေဆြးေႏြးမႈမွာ ဥပမာျပ ထည့္သြင္းထားမယ္လို႔ သိရပါတယ္။
ခ်ယ္ဆီးနဲ႕ လီဗာပူးတို႔ ပစ္မွတ္ထားျခင္း ခံေနရတဲ့ ဘိုင္ယန္ ခံစစ္မွဴး ေဒးဗစ္ အလာဘာဟာ ရာသီကုန္ရင္ ပရီးမီးယားလိဂ္ဘက္ သြားဖို႔ထက္ ရီးရဲလ္၊ ဘာစီလိုနာ အသင္းေတြကို ေရြးခ်ယ္ဖို႔ မ်က္စိက်ေနပါတယ္။
