နွေမှာ မန်စီးတီးနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဝါရင့်တိုက်စစ်မှူး အဂွယ်ရိုဟာ ယူနိုက်တက် နည်းပြ ဆိုးရှား ခေါ်ယူသင့်တဲ့ ကစားသမား ဖြစ်တယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါအင့်က တိုက်တွန်းလိုက်ပါတယ်။
ပြင်သစ်က သတင်းများအရ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂီယာအတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ ရှိနေပြီး စပိန်သားနေရာ အစားထိုးရန် စပါး ဂိုးသမား လိုရစ်ကို မျက်စိကျနေကြောင်း သိရပါတယ်။

အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဆောက်ဂိတ်က ယူနိုက်တက်ကနေ ထွက်ခွာပြီး ဝက်စ်ဟမ်းမှာ အငှား သွားကစားဖို့ တိုက်တွန်း အကြံပြုခဲ့ကြောင်း လင်ဂတ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဗီလာရီးရဲလ် ခံစစ်မှူး ပါအူး တောရက်စ်ဟာ လာမယ့်နွေမှာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားနေပြီး ၎င်းကို ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ကလည်း ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။
ယူနိုက်တက်ဟာ အသင်း နောက်ကွယ်က ဖွဲ့စည်းတည်ဆောက်ပုံတွေ ပြောင်းလဲမှု ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပြီး ထိုလုပ်ဆောင်မှုတွေ မတိုင်ခင်က ဆွေးနွေးမှုမှာ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အက် ဝုဒ်ဝပ်တို့ စကားများခဲ့ရကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။
ယူနိုက်တက် မန်နေဂျာ ဆိုးရှားဟာ မန်ချက်စတာ ယူနိုက်တက်မှာ မယုံနိုင်စရာကို ကောင်းမွန်စွာ လုပ်ဆောင်ပြထားကြောင်း သရဲနီ ဂန္တဝင် တစ်ဦး ဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းက ထောက်ခံ ချီးကျူးခဲ့ပါတယ်။

Zawgyi – ေႏြမွာ မန္စီးတီးနဲ႕ စာခ်ဳပ္ကုန္ဆံုးေတာ့မယ့္ ၀ါရင့္တိုက္စစ္မွဴး အဂြယ္ရိုဟာ ယူနိုက္တက္ နည္းျပ ဆိုးရွား ေခၚယူသင့္တဲ့ ကစားသမား ျဖစ္တယ္လို႔ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ေပါအင့္က တိုက္တြန္းလိုက္ပါတယ္။
ျပင္သစ္က သတင္းမ်ားအရ မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီဂီယာအတြက္ ကမ္းလွမ္းမႈေတြကို လက္ခံစဥ္းစားသြားဖို႔ ရွိေနျပီး စပိန္သားေနရာ အစားထိုးရန္ စပါး ဂိုးသမား လိုရစ္ကို မ်က္စိက်ေနေၾကာင္း သိရပါတယ္။
အဂၤလန္လက္ေရြးစင္ အသင္းနည္းျပ ေဆာက္ဂိတ္က ယူနိုက္တက္ကေန ထြက္ခြာျပီး ၀က္စ္ဟမ္းမွာ အငွား သြားကစားဖို႔ တိုက္တြန္း အၾကံျပဳခဲ့ေၾကာင္း လင္ဂတ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
ဗီလာရီးရဲလ္ ခံစစ္မွဴး ပါအူး ေတာရက္စ္ဟာ လာမယ့္ေႏြမွာ မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာဖို႔ စိတ္၀င္စားေနျပီး ၄င္းကို ဘိုင္ယန္ျမဴးနစ္နဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းတို႔ကလည္း ေခၚယူဖို႔ ၾကိဳးစားေနၾကပါတယ္။
ယူနိုက္တက္ဟာ အသင္း ေနာက္ကြယ္က ဖြဲ႕စည္းတည္ေဆာက္ပံုေတြ ေျပာင္းလဲမႈ ျပဳလုပ္နုိင္ခဲ့ျပီ ျဖစ္ျပီး ထိုလုပ္ေဆာင္မႈေတြ မတိုင္ခင္က ေဆြးေႏြးမႈမွာ ဆာအဲလက္စ္ ဖာဂူဆန္နဲ႕ အက္ ၀ုဒ္၀ပ္တို႔ စကားမ်ားခဲ့ရေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။
ယူနိုက္တက္ မန္ေနဂ်ာ ဆိုးရွားဟာ မန္ခ်က္စတာ ယူနိုက္တက္မွာ မယံုနိုင္စရာကို ေကာင္းမြန္စြာ လုပ္ေဆာင္ျပထားေၾကာင္း သရဲနီ ဂႏၱ၀င္ တစ္ဦး ျဖစ္တဲ့ ေဒးဗစ္ ဘက္ခမ္းက ေထာက္ခံ ခ်ီးက်ဴးခဲ့ပါတယ္။
