ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (29/05/20)

ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ကတော့ ဒီကာလအတွင်း သူ ခက်ခဲခဲ့ရပေမယ့် အိမ်မှာ သေချာ လေ့ကျင့်နေထိုင်ခဲ့တာကြောင့် ပွဲတွေ ပြန်စရင် တိုက်စစ်လိုင်းမှာ နေရာယူဖို့ အသင့် ဖြစ်နေကြောင်း အသိပေးခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အငှား စာချုပ် ကုန်တော့မယ့် တိုက်စစ်မှူး အစ်ဟာလိုက မန်ချက်စတာမှာ ဆက်နေဖို့ မိခင်ကလပ်အသင်းနဲ့ အတိုက်အခံ ပြုလုပ်မယ်ဆိုရင် ရှန်ဟိုင်းရှင်ဟွာအသင်း အသစ် ကမ်းလှမ်းတော့မယ့် ပေါင် ၇၅ သန်းတန် စာချုပ်သစ်ကိုပါ ထိခိုက်ဖွယ် ရှိနေပါတယ်။

ယူနိုက်တက်နဲ့ ချယ်ဆီး ပစ်မှတ်ထားနေတဲ့ လိုင်ယွန် တိုက်စစ်မှူး ဒမ်ဘီလီကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲ အာဆင်နယ်က ပါ ဝင်ရောက်လာပြီး လက်ဦးမှုယူ ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသင်းလိုက် ကစားပုံတက်လာသည်ထိပါ ပြောင်းလဲကူညီပေးနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို အခုထက် ပိုပြီး စောစော ခေါ်ယူခဲ့သင့်ကြောင်း ရော်ဘီဆားဗေ့ချ်နဲ့ ဆာဟာတို့က သုံးသပ် ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်လန် အမျိုးသမီး လက်ရွေးစင်အသင်း နည်းပြ အဖြစ်ကနေ နှုတ်ထွက်ပြီ ဖြစ်တဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဖီးလ် နဗီးလ်က ကလပ်အသင်း နည်းပြ အဖြစ် ဘောလုံးလောကထဲ ပြန်ဝင်လာဖို့ ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း အက်ရှ်လေယန်းဟာ လက်ရှိကလပ် အင်တာမီလန်အသင်းနဲ့ပဲ နောက်ထပ် တစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ဘရာဇီး ကွင်းလယ်ကစားသမား ကော်တင်ညိုကို ခေါ်ယူဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပေမယ့် ယခင် လစာမြင့်မြင့်ပေးထားပြီး အသင်းမှာ အဆင်မပြေတဲ့ ဆန်းချက်လို ကစားသမား ထပ်ဖြစ်လာမှာ စိုးရိမ်တာကြောင့် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ယခင် နည်းပြဟောင်း မော်ရင်ညို ရှိစဉ်က ယူနိုက်တက် ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ မိုနာကိုမှ ဆယ်ကျော်သက် တိုက်စစ် ကြယ်ပွင့် ပီယက်ထရို ပယ်လီဂရီ ကို ထပ်မံကြိုးစားဖို့ ယူနိုက်တက် နည်းပြ ဆိုးရှားက မီးစိမ်းပြလိုက်ပြီလို့ သတင်းထွက်လာပါတယ်။

Zawgyi – ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ ယူနိုက္တက္ တုိက္စစ္မွဴး ရက္ဖို႔ဒ္ကေတာ့ ဒီကာလအတြင္း သူ ခက္ခဲခဲ့ရေပမယ့္ အိမ္မွာ ေသခ်ာ ေလ့က်င့္ေနထိုင္ခဲ့တာေၾကာင့္ ပြဲေတြ ျပန္စရင္ တိုက္စစ္လိုင္းမွာ ေနရာယူဖို႔ အသင့္ ျဖစ္ေနေၾကာင္း အသိေပးခဲ့ပါတယ္။

ယူနိုက္တက္နဲ႕ အငွား စာခ်ဳပ္ ကုန္ေတာ့မယ့္ တိုက္စစ္မွဴး အစ္ဟာလိုက မန္ခ်က္စတာမွာ ဆက္ေနဖို႔ မိခင္ကလပ္အသင္းနဲ႕ အတိုက္အခံ ျပဳလုပ္မယ္ဆိုရင္ ရွန္ဟိုင္းရွင္ဟြာအသင္း အသစ္ ကမ္းလွမ္းေတာ့မယ့္ ေပါင္ ၇၅ သန္းတန္ စာခ်ဳပ္သစ္ကိုပါ ထိခိုက္ဖြယ္ ရွိေနပါတယ္။

ယူနိုက္တက္နဲ႕ ခ်ယ္ဆီး ပစ္မွတ္ထားေနတဲ့ လိုင္ယြန္ တိုက္စစ္မွဴး ဒမ္ဘီလီကို ေခၚယူဖို႔ ျပိဳင္ဆိုင္မႈထဲ အာဆင္နယ္က ပါ ၀င္ေရာက္လာျပီး လက္ဦးမႈယူ ကမ္းလွမ္းရန္ ျပင္ဆင္ေနပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ အသင္းလိုက္ ကစားပံုတက္လာသည္္ထိပါ ေျပာင္းလဲကူညီေပးနုိင္ခဲ့တဲ့ ဘရူနို ဖာနန္ဒက္စ္ကို အခုထက္ ပိုျပီး ေစာေစာ ေခၚယူခဲ့သင့္ေၾကာင္း ေရာ္ဘီဆားေဗ့ခ်္နဲ႕ ဆာဟာတို႔က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

အဂၤလန္လန္ အမ်ိဳးသမီး လက္ေရြးစင္အသင္း နည္းျပ အျဖစ္ကေန နႈတ္ထြက္ျပီ ျဖစ္တဲ့ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ဖီးလ္ နဗီးလ္က ကလပ္အသင္း နည္းျပ အျဖစ္ ေဘာလံုးေလာကထဲ ျပန္၀င္လာဖုိ႔ ရွိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း အက္ရွ္ေလယန္းဟာ လက္ရွိကလပ္ အင္တာမီလန္အသင္းနဲ႕ပဲ ေနာက္ထပ္ တစ္နွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ဘရာဇီး ကြင္းလယ္ကစားသမား ေကာ္တင္ညိဳကို ေခၚယူဖို႔ ကမ္းလွမ္းျခင္း ခံခဲ့ရေပမယ့္ ယခင္ လစာျမင့္ျမင့္ေပးထားျပီး အသင္းမွာ အဆင္မေျပတဲ့ ဆန္းခ်က္လို ကစားသမား ထပ္ျဖစ္လာမွာ စိုးရိမ္တာေၾကာင့္ ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

ယခင္ နည္းျပေဟာင္း ေမာ္ရင္ညိဳ ရွိစဥ္က ယူနိုက္တက္ ေခၚယူဖို႔ ၾကိဳးစားခဲ့ဖူးတဲ့ မိုနာကိုမွ ဆယ္ေက်ာ္သက္ တိုက္စစ္ ၾကယ္ပြင့္ ပီယက္ထရို ပယ္လီဂရီ ကို ထပ္မံၾကိဳးစားဖို႔ ယူနိုက္တက္ နည္းျပ ဆိုးရွားက မီးစိမ္းျပလိုက္ျပီလို႔ သတင္းထြက္လာပါတယ္။