သီယေဂို ဆေးလ်ဗားဟာ ဒဏ်ရာ ပြသနာတချို့ ကြုံတွေ့နေရပေမယ့် ချယ်ဆီးအသင်းမှာ ဆက်ရှိနေဖို့ လိုလားနေပြီး သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုနေကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ထုတ်ထားပါတယ်။
မေဆန်မောင့်က ၎င်းကို နည်းပြ တူချယ်က ချယ်ဆီးအတွက် ကစားတဲ့ တစ်ပွဲတည်း အတွင်းမှာ နေရာ ငါးနေရာ ပြောင်းလဲ ကစားစေခဲ့ကြောင်း ဖွင့်ဟခဲ့ကာ သူ့ အနေနဲ့ မန်နေဂျာ အသစ် နည်းပြမှုတွေနဲ့ လျင်လျင်မြန်မြန် အသားကျလာခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျူဗင်တပ် တိုက်စစ်မှူး မိုရာတာဟာ ချယ်ဆီးမှာ ခက်ခဲ့တဲ့ ရာသီဝက် ကြုံခဲ့စဉ်က စိတ်ဓာတ်ကျခဲ့သလိုမျိုး လက်ရှိမှာလည်း အဲဒီလောက် နီးပါး ခံစားနေရကြောင်း ဖွင့်ဟပြောဆိုသွားပါတယ်။
ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို ဟာ တကယ်လို့ ချယ်ဆီးကနေ ထွက်ခွာ ဖြစ်ရင်တော့ အသင်းဟောင်း နာပိုလီ အသင်းထံ ပြန်သွားဖို့ ထည့်သွင်း စဉ်းစား ဖြစ်မှာ ဖြစ်ကြောင်း အီတလီသားရဲ့ အေးဂျင့်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ဒီ ပွဲစဉ် အဖြစ် ပြင်သစ်နဲ့ ယူကရိန်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ၁ ဂိုးစီ သရေ ကျသွားခဲ့ပြီး ထိုပွဲမှာ ပြင်သစ်ဘက်မှ ကန်တေ မိနစ် ၉၀ ပြည့် ပါဝင်ခဲ့သလို ဂျီရူးလည်း ပါဝင်ကစားခဲ့ပါတယ်။
ချယ်ဆီးတောင်ပံ တိုက်စစ်သမား ပူလီဆစ်က လာမယ့်နွေ တိုကျိုမှာ ပြုလုပ်မယ့် အိုလံပစ် ပြိုင်ပွဲမှာ အမေရိကန် လက်ရွေးစင် အသင်းနဲ့ အတူ ပါဝင် ကစားဖို့ စိတ်အားထက်သန်နေပြီး အမေရိကန်အသင်း အနေနဲ့ ဂျပန်က ပြိုင်ပွဲကို ပါဝင်ခွင့် ရ မရ အဆုံးအဖြတ်ပွဲတွေ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

Zawgyi – သီေယဂို ေဆးလ္ဗားဟာ ဒဏ္ရာ ျပသနာတခ်ိဳ႕ ၾကံဳေတြ႔ေနရေပမယ့္ ခ်ယ္ဆီးအသင္းမွာ ဆက္ရွိေနဖို႔ လိုလားေနျပီး သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုေနေၾကာင္း အဂၤလန္သတင္းဌာနေတြက ေဖာ္ထုတ္ထားပါတယ္။
ေမဆန္ေမာင့္က ၄င္းကို နည္းျပ တူခ်ယ္က ခ်ယ္ဆီးအတြက္ ကစားတဲ့ တစ္ပြဲတည္း အတြင္းမွာ ေနရာ ငါးေနရာ ေျပာင္းလဲ ကစားေစခဲ့ေၾကာင္း ဖြင့္ဟခဲ့ကာ သူ႔ အေနနဲ႕ မန္ေနဂ်ာ အသစ္ နည္းျပမႈေတြနဲ႕ လ်င္လ်င္ျမန္ျမန္ အသားက်လာခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ဂ်ဴဗင္တပ္ တိုက္စစ္မွဴး မိုရာတာဟာ ခ်ယ္ဆီးမွာ ခက္ခဲ့တဲ့ ရာသီ၀က္ ၾကံဳခဲ့စဥ္က စိတ္ဓာတ္က်ခဲ့သလိုမ်ိဳး လက္ရွိမွာလည္း အဲဒီေလာက္ နီးပါး ခံစားေနရေၾကာင္း ဖြင့္ဟေျပာဆိုသြားပါတယ္။
ကြင္းလယ္ ကစားသမား ေဂ်ာ္ဂ်င္ဟို ဟာ တကယ္လို႔ ခ်ယ္ဆီးကေန ထြက္ခြာ ျဖစ္ရင္ေတာ့ အသင္းေဟာင္း နာပိုလီ အသင္းထံ ျပန္သြားဖို႔ ထည့္သြင္း စဥ္းစား ျဖစ္မွာ ျဖစ္ေၾကာင္း အီတလီသားရဲ႕ ေအးဂ်င့္က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ကမၻာ့ဖလား ေျခစစ္ပြဲ အုပ္စု ဒီ ပြဲစဥ္ အျဖစ္ ျပင္သစ္နဲ႕ ယူကရိန္းတို႔ ယွဥ္ျပိဳင္ ကစားခဲ့ရာ ၁ ဂိုးစီ သေရ က်သြားခဲ့ျပီး ထိုပြဲမွာ ျပင္သစ္ဘက္မွ ကန္ေတ မိနစ္ ၉၀ ျပည့္ ပါ၀င္ခဲ့သလို ဂ်ီရူးလည္း ပါ၀င္ကစားခဲ့ပါတယ္။
ခ်ယ္ဆီးေတာင္ပံ တိုက္စစ္သမား ပူလီဆစ္က လာမယ့္ေႏြ တိုက်ိဳမွာ ျပဳလုပ္မယ့္ အိုလံပစ္ ျပိဳင္ပြဲမွာ အေမရိကန္ လက္ေရြးစင္ အသင္းနဲ႕ အတူ ပါ၀င္ ကစားဖို႔ စိတ္အားထက္သန္ေနျပီး အေမရိကန္အသင္း အေနနဲ႕ ဂ်ပန္က ျပိဳင္ပြဲကို ပါ၀င္ခြင့္ ရ မရ အဆံုးအျဖတ္ပြဲေတြ ယွဥ္ျပိဳင္ရေတာ့မွာ ျဖစ္ပါတယ္။
