ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်ကြယ်ပွင့် အာလင်း ဟာလန်းကို ထိပ်သီးကလပ်အသင်းတွေ အပြိုင် အဆိုင် စိတ်ဝင်စား ခေါ်ယူလိုနေကြတာကြောင့် တန်ကြေး ယူရို သန်း ၁၈၀ လို့ ဈေး သတ်မှတ်ပေးလိုက်ပါတယ်။ ဟာလန်းကို ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က အပြိုင် စောင့်ကြည့်နေကြပါတယ်။
အသက် ၂၀ သာ ရှိသေးပေမယ့် ဟာလန်းကလည်း ဥရောပ အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်လာနေပြီး ဒီရာသီ ဒေါ့မွန် အတွက် ၄၉ ပွဲ ကစား ၄၉ ဂိုး သွင်းယူထားပါတယ်။
ဟာလန်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်မှ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီး၊ စပိန် ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတွေက စိတ်ဝင်စားမှု ပြသထားပါတယ်။ ဒါပေမယ့် နော်ဝေသားရဲ့ တန်ကြေးက လာမယ့်နွေမှာ ပေါင် သန်း ၁၅၀ ကျော်လောက် ရှိသွားမှာပါ။
မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ဟာလန်းကို ချိတ်ဆက်ခဲ့ဖူးပေမယ့် ဆက်လက် စိတ်ဝင်စားခြင်း ရှိ မရှိတော့ မသေချာသေးပါဘူး။ ဒေါ့မွန်ထံ မပြောင်းခင်ကလည်း ဟာလန်းဟာ ရက်ဘူး ဆဲလ်ဘတ် အသင်းမှာ ၂၉ ပွဲ ကစား ၂၇ ဂိုး သွင်း ခြေစွမ်းပြခဲ့ပြီး ထိုစဉ်တည်းက ဥရောပ ထိပ်သီးအသင်းတွေ အပြိုင် ဟာလန်းကို အလိုရှိခဲ့ကြပါတယ်။
လက်ရှိ ရာသီမှာတော့ ဟာလန်း ခြေစွမ်းပြနေသည့်တိုင် ဒေါ့မွန်က ဘွန်ဒစ်လီဂါမှာ ရုန်းကန်နေရပြီး သရေပွဲနဲ့ ရှုံးပွဲတွေ များနေကာ အမှတ်ပေးဇယား အဆင့် ၅ မှာ ရောက်ရှိနေပါတယ်။ ဒါကြောင့် လာမယ့်နွေမှာ ဟာလန်းတစ်ယောက် အသင်းအပြောင်းအလဲ ရှိလာဦးမလား စောင့်ကြည့်မှုတွေ ပိုများလာနေပါတယ်။
ကစားသမား ကိုယ်တိုင်ကတော့ ပြီးခဲ့တဲ့ အပတ်က အင်တာဗျူးမှာ သူ့ အနာဂတ် ကိစ္စ စိတ်ပူစရာ မရှိသေးကြောင်း ဆိုခဲ့ကာ ဒေါ့မွန်နဲ့ စာချုပ် ၃ နှစ် ကျန်သေးကြောင်း ပြောဆိုထားပါတယ်။
Zawgyi – ဘြန္ဒစ္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ ၄င္းတို႔ရဲ႕ တိုက္စစ္ၾကယ္ပြင့္ အာလင္း ဟာလန္းကို ထိပ္သီးကလပ္အသင္းေတြ အျပိဳင္ အဆိုင္ စိတ္၀င္စား ေခၚယူလိုေနၾကတာေၾကာင့္ တန္ေၾကး ယူရို သန္း ၁၈၀ လို႔ ေစ်း သတ္မွတ္ေပးလိုက္ပါတယ္။ ဟာလန္းကို ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီးတို႔က အျပိဳင္ ေစာင့္ၾကည့္ေနၾကပါတယ္။
အသက္ ၂၀ သာ ရွိေသးေပမယ့္ ဟာလန္းကလည္း ဥေရာပ အေကာင္းဆံုး ကစားသမားေတြထဲ ပါ၀င္လာေနျပီး ဒီရာသီ ေဒါ့မြန္ အတြက္ ၄၉ ပြဲ ကစား ၄၉ ဂိုး သြင္းယူထားပါတယ္။
ဟာလန္းကို ေခၚယူဖို႔ ပရီးမီးယားလိဂ္မွ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီး၊ စပိန္ ထိပ္သီး ရီးရဲလ္မက္ဒရစ္နဲ႕ ဘာစီလိုနာ အသင္းေတြက စိတ္၀င္စားမႈ ျပသထားပါတယ္။ ဒါေပမယ့္ ေနာ္ေ၀သားရဲ႕ တန္ေၾကးက လာမယ့္ေႏြမွာ ေပါင္ သန္း ၁၅၀ ေက်ာ္ေလာက္ ရွိသြားမွာပါ။
မန္စီးတီးနဲ႕ ဘိုင္ယန္ျမဴးနစ္တို႔ကလည္း ဟာလန္းကို ခ်ိတ္ဆက္ခဲ့ဖူးေပမယ့္ ဆက္လက္ စိတ္၀င္စားျခင္း ရွိ မရွိေတာ့ မေသခ်ာေသးပါဘူး။ ေဒါ့မြန္ထံ မေျပာင္းခင္ကလည္း ဟာလန္းဟာ ရက္ဘူး ဆဲလ္ဘတ္ အသင္းမွာ ၂၉ ပြဲ ကစား ၂၇ ဂိုး သြင္း ေျခစြမ္းျပခဲ့ျပီး ထိုစဥ္တည္းက ဥေရာပ ထိပ္သီးအသင္းေတြ အျပိဳင္ ဟာလန္းကို အလိုရွိခဲ့ၾကပါတယ္။
လက္ရွိ ရာသီမွာေတာ့ ဟာလန္း ေျခစြမ္းျပေနသည့္တိုင္ ေဒါ့မြန္က ဘြန္ဒစ္လီဂါမွာ ရုန္းကန္ေနရျပီး သေရပြဲနဲ႕ ရွံဳးပြဲေတြ မ်ားေနကာ အမွတ္ေပးဇယား အဆင့္ ၅ မွာ ေရာက္ရွိေနပါတယ္။ ဒါေၾကာင့္ လာမယ့္ေႏြမွာ ဟာလန္းတစ္ေယာက္ အသင္းအေျပာင္းအလဲ ရွိလာဦးမလား ေစာင့္ၾကည့္မႈေတြ ပိုမ်ားလာေနပါတယ္။
ကစားသမား ကိုယ္တိုင္ကေတာ့ ျပီးခဲ့တဲ့ အပတ္က အင္တာဗ်ဴးမွာ သူ႔ အနာဂတ္ ကိစၥ စိတ္ပူစရာ မရွိေသးေၾကာင္း ဆိုခဲ့ကာ ေဒါ့မြန္နဲ႕ စာခ်ဳပ္ ၃ နွစ္ က်န္ေသးေၾကာင္း ေျပာဆိုထားပါတယ္။