မန်ချက်စတာ ယူနိုက်တက်ဟာ လတ်တလော နိုင်ငံတကာ သီတင်းပတ် ကာလအတွင်း ခံစစ်မှူး အဲရစ် ဘိုင်လေနဲ့ စာချုပ် သက်တမ်းတိုး ကိစ္စအတွက် ပြောဆိုဆွေးနွေးနေကြောင်း အင်္ဂလန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ် ကစးသမား မာကို့စ် လော်ရန်တေး အတွက် ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း စပိန် AS သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။ လော်ရန်တေးဟာ လာမယ့်နွေမှာ ယူနိုက်တက်ရဲ့ ထိပ်သီး ပစ်မှတ် ဖြစ်လာဖွယ် ရှိပါတယ်။

ဒေါ့မွန်အသင်းဟာ ယူနိုက်တက်၊ ချယ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ စတဲ့ ထိပ်သီးအသင်းများ အပြိုင် စောင့်ကြည့်ခြင်းခံနေရတဲ့ တိုက်စစ်ကြယ်ပွင့် ဟာလန်း အတွက် တန်ကြေးကို ယူရို သန်း ၁၈၀ လို့ ဈေးသတ်မှတ်ပေးလိုက်ပါတယ်။
ယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက်စ် ရှိနေတာကြောင့် ပေါ်တူဂီသား ဝုဗ် တိုက်စစ်သမား ပက်ဒရို နီတို ကို အိုးထရက်ဖို့ဒ် ထံ ခေါ်ယူဖို့ စည်းရုံးနိုင်မယ် မျှော်လင့်ထားပြီး နွေမှာ ကမ်းလှမ်းတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ချိတ်ဆက်မှုတွေ ရှိထားတဲ့ နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေရဲ့ တန်ကြေးဟာ ယူရို ၄၃ သန်း/ ပေါင် ၃၇ သန်းသို့ ကျဆင်းသွားကြောင်း သိရပါတယ်။
စီးရီးအေထိပ်သီး ဂျူဗင်တပ် အသင်းဟာ နွေမှာ ရာဘီရော့နဲ့ ရမ်ဆေးတို့ကို ရောင်းချပြီး ယူနိုက်တက်ထံမှ ကွင်းလယ် ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ စီစဉ်နေကြောင်း အီတလီသတင်းဌာနတွေက ဆိုပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ လတ္တေလာ နုိင္ငံတကာ သီတင္းပတ္ ကာလအတြင္း ခံစစ္မွဴး အဲရစ္ ဘိုင္ေလနဲ႕ စာခ်ဳပ္ သက္တမ္းတိုး ကိစၥအတြက္ ေျပာဆိုေဆြးေႏြးေနေၾကာင္း အဂၤလန္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
ယူနိုက္တက္ဟာ အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္ ကစးသမား မာကို႔စ္ ေလာ္ရန္ေတး အတြက္ ယူရို သန္း ၈၀ နဲ႕ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ေၾကာင္း စပိန္ AS သတင္းဌာနက ေဖာ္ထုတ္လိုက္ပါတယ္။ ေလာ္ရန္ေတးဟာ လာမယ့္ေႏြမွာ ယူနိုက္တက္ရဲ႕ ထိပ္သီး ပစ္မွတ္ ျဖစ္လာဖြယ္ ရွိပါတယ္။
ေဒါ့မြန္အသင္းဟာ ယူနိုက္တက္၊ ခ်ယ္ဆီး၊ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ စတဲ့ ထိပ္သီးအသင္းမ်ား အျပိဳင္ ေစာင့္ၾကည့္ျခင္းခံေနရတဲ့ တိုက္စစ္ၾကယ္ပြင့္ ဟာလန္း အတြက္ တန္ေၾကးကို ယူရို သန္း ၁၈၀ လို႔ ေစ်းသတ္မွတ္ေပးလိုက္ပါတယ္။
ယူနိုက္တက္ဟာ ဘရူနို ဖာနန္ဒက္စ္ ရွိေနတာေၾကာင့္ ေပၚတူဂီသား ၀ုဗ္ တိုက္စစ္သမား ပက္ဒရို နီတို ကို အိုးထရက္ဖို႔ဒ္ ထံ ေခၚယူဖို႔ စည္းရံုးနိုင္မယ္ ေမွ်ာ္လင့္ထားျပီး ေႏြမွာ ကမ္းလွမ္းေတာ့မွာ ျဖစ္ပါတယ္။
ယူနိုက္တက္ရဲ႕ ခ်ိတ္ဆက္မႈေတြ ရွိထားတဲ့ နာပိုလီ ခံစစ္မွဴး ကူလီဘိုင္ေလရဲ႕ တန္ေၾကးဟာ ယူရို ၄၃ သန္း/ ေပါင္ ၃၇ သန္းသို႔ က်ဆင္းသြားေၾကာင္း သိရပါတယ္။
စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္ အသင္းဟာ ေႏြမွာ ရာဘီေရာ့နဲ႕ ရမ္ေဆးတို႔ကို ေရာင္းခ်ျပီး ယူနိုက္တက္ထံမွ ကြင္းလယ္ ကစားသမား ေပါ့ဘာကို ေခၚယူဖို႔ စီစဥ္ေနေၾကာင္း အီတလီသတင္းဌာနေတြက ဆိုပါတယ္။
