ဟာလန်း မရရင် တိုက်စစ်မှူးဟောင်း လူကာကူ ကို ချယ်ဆီးက ပြန်ခေါ်ဖို့ စဉ်းစားနေ

ချယ်ဆီးအသင်းဟာ တကယ်လို့ ဒေါ့မွန် တိုက်စစ်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူရန် ကြိုးစားမှု မအောင်မြင်ရင် အသင်း တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ လူကာကူကို တကျော့ပြန် ခေါ်ယူဖို့ စဉ်းစားနေကြောင်း တယ်လီဂရပ်ဖ်က ဖော်ပြထားပါတယ်။

ဘယ်လ်ဂျီယံသားဟာ စတန်းဖို့ဘရစ်ချ်ထံ ဒုတိယအကြိမ် ပြန်လာဖွယ် ရှိလာနေပါတယ်။ လာမယ့်နွေမှာ ဟာလန်းကို ခေါ်ယူရေးက ချယ်ဆီး အတွက် ပြိုင်ဘက် ထိပ်သီးအသင်းတွေနဲ့ အကြိတ်အနယ် ယှဉ်ရမှာ ဖြစ်ပြီး နော်ဝေသားကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ မန်စီးတီး အသင်းတို့က ချိတ်ဆက်နေပါတယ်။

ငယ်ရွယ်ပြီး ခြေစွမ်းကောင်းတဲ့ ဟာလန်းရဲ့ တန်ကြေးကလည်း ပေါင် ၁၅၄ သန်းလို့ ဒေါ့မွန်က တောင်းဆိုနေတာကြောင့် စွန့်စားမှုလည်း ယူရမယ့် အခြေအနေ ဖြစ်နေပါတယ်။

ဒါကြောင့် လန်ဒန်ကလပ် အနေနဲ့ အခြား အစားထိုး ပစ်မှတ်များကို ရှာဖွေနေရတာ ဖြစ်ပြီး အင်တာမီလန်မှာ ကစားနေတဲ့ တိုက်စစ်မှူးဟောင်း လူကာကူကို ပြန် မျက်စိကျလာခဲ့တာပါ။ လူကာကူဟာ ချယ်ဆီးအသင်းမှာ ၂၀၁၁ ကနေ ၂၀၁၃ အတွင်း ကစားသွားခဲ့ပြီး ၁၅ ပွဲသာ ချယ်ဆီး အတွက် ပွဲထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် လူကာကူဟာ အဲဗာတန်သို့ ပြောင်းရွှေ့သွားခဲ့ကာ ၂၀၁၇ မှာတော့ မန်ချက်စတာ ယူနိုက်တက်သို့ ရောက်ရှိသွားခဲ့တာ ဖြစ်ပြီး ၂၀၁၉ မှာ အင်တာမီလန်သို့ ပြောင်းရွှေ့ ကစားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပေမယ့် လူကာကူဟာ စီးရီးအေမှာတော့ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ တကယ္လို႔ ေဒါ့မြန္ တိုက္စစ္ၾကယ္ပြင့္ ဟာလန္းကို ေခၚယူရန္ ၾကိဳးစားမႈ မေအာင္ျမင္ရင္ အသင္း တိုက္စစ္မွဴးေဟာင္း တစ္ဦး ျဖစ္တဲ့ လူကာကူကို တေက်ာ့ျပန္ ေခၚယူဖို႔ စဥ္းစားေနေၾကာင္း တယ္လီဂရပ္ဖ္က ေဖာ္ျပထားပါတယ္။

ဘယ္လ္ဂ်ီယံသားဟာ စတန္းဖို႔ဘရစ္ခ်္ထံ ဒုတိယအၾကိမ္ ျပန္လာဖြယ္ ရွိလာေနပါတယ္။ လာမယ့္ေႏြမွာ ဟာလန္းကို ေခၚယူေရးက ခ်ယ္ဆီး အတြက္ ျပိဳင္ဘက္ ထိပ္သီးအသင္းေတြနဲ႕ အၾကိတ္အနယ္ ယွဥ္ရမွာ ျဖစ္ျပီး ေနာ္ေ၀သားကို ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာနဲ႕ မန္စီးတီး အသင္းတို႔က ခ်ိတ္ဆက္ေနပါတယ္။

ငယ္ရြယ္ျပီး ေျခစြမ္းေကာင္းတဲ့ ဟာလန္းရဲ႕ တန္ေၾကးကလည္း ေပါင္ ၁၅၄ သန္းလို႔ ေဒါ့မြန္က ေတာင္းဆိုေနတာေၾကာင့္ စြန္႔စားမႈလည္း ယူရမယ့္ အေျခအေန ျဖစ္ေနပါတယ္။

ဒါေၾကာင့္ လန္ဒန္ကလပ္ အေနနဲ႕ အျခား အစားထိုး ပစ္မွတ္မ်ားကို ရွာေဖြေနရတာ ျဖစ္ျပီး အင္တာမီလန္မွာ ကစားေနတဲ့ တိုက္စစ္မွဴးေဟာင္း လူကာကူကို ျပန္ မ်က္စိက်လာခဲ့တာပါ။ လူကာကူဟာ ခ်ယ္ဆီးအသင္းမွာ ၂၀၁၁ ကေန ၂၀၁၃ အတြင္း ကစားသြားခဲ့ျပီး ၁၅ ပြဲသာ ခ်ယ္ဆီး အတြက္ ပြဲထြက္သြားခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ လူကာကူဟာ အဲဗာတန္သို႔ ေျပာင္းေရႊ႕သြားခဲ့ကာ ၂၀၁၇ မွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္သို႔ ေရာက္ရွိသြားခဲ့တာ ျဖစ္ျပီး ၂၀၁၉ မွာ အင္တာမီလန္သို႔ ေျပာင္းေရႊ႕ ကစားခဲ့တာ ျဖစ္ပါတယ္။ ယူနိုက္တက္မွာ ရုန္းကန္ခဲ့ရေပမယ့္ လူကာကူဟာ စီးရီးေအမွာေတာ့ ေျခစြမ္းေကာင္းေတြ ျပန္လည္ ျပသေနပါတယ္။