ယူနိုက်တက် ထိပ်တန်းပစ်မှတ် ဖြစ်လာတဲ့ လော်ရန်တေး အတွက် အက်သလက်တီကို ဈေးသတ်မှတ်

အက်သလက်တီကို မက်ဒရစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် စိတ်ဝင်စားမှု အခိုင်မာ ပြသခြင်းခံလာရတဲ့ ၎င်းတို့ ကွင်းလယ် ကစားသမား မားကို့စ် လော်ရန်တေး အတွက် တန်ကြေး ဈေးသတ်မှတ်ပေးလိုက်ကြောင်း စပိန် မာကာသတင်းက ဖော်ပြထားပါတယ်။

အသက် ၂၆ နှစ် အရွယ် ကွင်းလယ်ကစားသမား အတွက် အက်သလက်တီကိုက ယူရို သန်း ၁၂၀ (ပေါင် ၁၀၃ သန်း) လို့ ဈေးသတ်မှတ်လိုက်တာ ဖြစ်ပြီး အဲဒီထက် နည်းတဲ့ ဘယ်လို ကမ်းလှမ်းမှုကိုမှ လက်ခံစဉ်းစားတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ကတော့ လာမယ့်နွေမှာ ဈေးလျှော့ ကမ်းလှမ်းဖို့ ကြံရွယ်နေတာပါ။

လော်ရန်တေးဟာ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ စာချုပ် သက်တမ်း ၃ နှစ် ကျန်ရှိနေသေးပြီး ဆီမြွန်နီရဲ့အသင်းမှာ အဓိက အသင်းသား တစ်ဦး အဖြစ် ပါဝင်နေပါတယ်။

ဒီရာသီမှာ လော်ရန်တေးက အက်သလက်တီကို အတွက် ၂၈ ပွဲ ကစားပြီး ၉ ဂိုး သွင်းယူထားကာ ဂိုးထောက်ပံ့မှုကလည်း ၈ ကြိမ် ပြုလုပ်ထားပါတယ်။ ခြေစွမ်းကောင်းနေတဲ့ စပိန်သားကို ယူနိုက်တက် အပြင် အခြား ဥရောပ အသင်းတွေကလည်း နွေမှာ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။

Zawgyi – အက္သလက္တီကို မက္ဒရစ္အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ စိတ္၀င္စားမႈ အခိုင္မာ ျပသျခင္းခံလာရတဲ့ ၄င္းတို႔ ကြင္းလယ္ ကစားသမား မားကို႔စ္ ေလာ္ရန္ေတး အတြက္ တန္ေၾကး ေစ်းသတ္မွတ္ေပးလိုက္ေၾကာင္း စပိန္ မာကာသတင္းက ေဖာ္ျပထားပါတယ္။

အသက္ ၂၆ နွစ္ အရြယ္ ကြင္းလယ္ကစားသမား အတြက္ အက္သလက္တီကိုက ယူရို သန္း ၁၂၀ (ေပါင္ ၁၀၃ သန္း) လို႔ ေစ်းသတ္မွတ္လိုက္တာ ျဖစ္ျပီး အဲဒီထက္ နည္းတဲ့ ဘယ္လို ကမ္းလွမ္းမႈကိုမွ လက္ခံစဥ္းစားေတာ့မွာ မဟုတ္ေၾကာင္း သိရပါတယ္။ ယူနိုက္တက္ကေတာ့ လာမယ့္ေႏြမွာ ေစ်းေလွ်ာ့ ကမ္းလွမ္းဖို႔ ၾကံရြယ္ေနတာပါ။

ေလာ္ရန္ေတးဟာ အက္သလက္တီကို မက္ဒရစ္ အသင္းနဲ႕ စာခ်ဳပ္ သက္တမ္း ၃ နွစ္ က်န္ရွိေနေသးျပီး ဆီျမြန္နီရဲ႕အသင္းမွာ အဓိက အသင္းသား တစ္ဦး အျဖစ္ ပါ၀င္ေနပါတယ္။

ဒီရာသီမွာ ေလာ္ရန္ေတးက အက္သလက္တီကို အတြက္ ၂၈ ပြဲ ကစားျပီး ၉ ဂိုး သြင္းယူထားကာ ဂိုးေထာက္ပံ့မႈကလည္း ၈ ၾကိမ္ ျပဳလုပ္ထားပါတယ္။ ေျခစြမ္းေကာင္းေနတဲ့ စပိန္သားကို ယူနိုက္တက္ အျပင္ အျခား ဥေရာပ အသင္းေတြကလည္း ေႏြမွာ ကမ္းလွမ္းလာဖြယ္ ရွိေနပါတယ္။