အာဆင်နယ်မှာ အငှား လာရောက် ကစားနေတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား မာတင် အိုဒီဂတ်ကို ချယ်ဆီးနဲ့ လီဗာပူးတို့က ပစ်မှတ်ထားနေကြောင်း စပိန် AS သတင်းဌာနက ဖော်ထုတ်ထားပါတယ်။ ၎င်းရဲ့ အာဆင်နယ်နဲ့ အငှားစာချုပ်မှာက ဝယ်ယူခွင့် မပါရှိထားပါဘူး။
မြောက်အိုင်ယာလန်အသင်းနဲ့ ကစားတဲ့ ခြေစမ်းပွဲမှာ ပူလီဆစ်က အမေရိကန် လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ပါဝင်ခဲ့ပြီး ပင်နယ်တီကနေ တစ်ဂိုးလည်း သွင်းယူခဲ့ပါတယ်။ ထိုပွဲမှာ အမေရိကန်က ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ကစားခဲ့တဲ့ အယ်ဘေးနီးယားနဲ့ အင်္ဂလန် ပွဲမှာတော့ ချယ်ဆီး ကစားသမား မေဆန်မောင့်က တစ်ဂိုး သွင်းယူခဲ့ပြီး ကိန်းက တစ်ဂိုး သွင်းက အင်္ဂလန်က ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဂျော်ဂျင်ဟိုကတော့ ယခင် နေရာဟောင်း နာပိုလီအသင်းရှိရာ နေပယ်ကို လွမ်းဆွတ်ကြောင်း ဝန်ခံခဲ့ပြီး လန်ဒန်မှာ အေးလွန်းတာကြောင့် နေက ဘယ်က ထွက်မှန်းတောင် မသိတော့ဘူး ဖြစ်ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ချယ်ဆီး တိုက်စစ်မှူး အိုလီဗာ ဂျီရူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ဂျူဗင်တပ်ရဲ့ ချိတ်ဆက်ကြိုးပမ်းမှု ခံခဲ့ရသလို လာမယ့်နွေမှာလည်း စီးရီးအေကလပ်က ထပ်မံ ကြိုးစားဖို့ ရှိနေကြောင်း သိရပါတယ်။
ချယ်ဆီး တောင်ပံတိုက်စစ်သမား ဇီယက်ရဲ့ မိုရိုကို အသင်းကလည်း Mauritania အသင်းနဲ့ သောကြာနေ့က ဂိုးမရှိ သရေကျခဲ့ပြီး ခြေစစ်ပွဲကိုတော့ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္မွာ အငွား လာေရာက္ ကစားေနတဲ့ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ကစားသမား မာတင္ အိုဒီဂတ္ကို ခ်ယ္ဆီးနဲ႕ လီဗာပူးတို႔က ပစ္မွတ္ထားေနေၾကာင္း စပိန္ AS သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။ ၄င္းရဲ႕ အာဆင္နယ္နဲ႕ အငွားစာခ်ဳပ္မွာက ၀ယ္ယူခြင့္ မပါရွိထားပါဘူး။
ေျမာက္အိုင္ယာလန္အသင္းနဲ႕ ကစားတဲ့ ေျခစမ္းပြဲမွာ ပူလီဆစ္က အေမရိကန္ လက္ေရြးစင္ အသင္းရဲ႕ အသင္းေခါင္းေဆာင္ အျဖစ္ ပါ၀င္ခဲ့ျပီး ပင္နယ္တီကေန တစ္ဂိုးလည္း သြင္းယူခဲ့ပါတယ္။ ထိုပြဲမွာ အေမရိကန္က ၂-၁ နဲ႕ အနုိင္ရခဲ့ပါတယ္။
ကမၻာ့ဖလား ေျခစစ္ပြဲ အျဖစ္ ကစားခဲ့တဲ့ အယ္ေဘးနီးယားနဲ႕ အဂၤလန္ ပြဲမွာေတာ့ ခ်ယ္ဆီး ကစားသမား ေမဆန္ေမာင့္က တစ္ဂိုး သြင္းယူခဲ့ျပီး ကိန္းက တစ္ဂိုး သြင္းက အဂၤလန္က ၂-၀ နဲ႕ အနုိင္ရရွိခဲ့ပါတယ္။
ေဂ်ာ္ဂ်င္ဟိုကေတာ့ ယခင္ ေနရာေဟာင္း နာပိုလီအသင္းရွိရာ ေနပယ္ကို လြမ္းဆြတ္ေၾကာင္း ၀န္ခံခဲ့ျပီး လန္ဒန္မွာ ေအးလြန္းတာေၾကာင့္ ေနက ဘယ္က ထြက္မွန္းေတာင္ မသိေတာ့ဘူး ျဖစ္ရေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီး တိုက္စစ္မွဴး အိုလီဗာ ဂ်ီရူးဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီ အေျပာင္းအေရႊ႕တုန္းက ဂ်ဴဗင္တပ္ရဲ႕ ခ်ိတ္ဆက္ၾကိဳးပမ္းမႈ ခံခဲ့ရသလို လာမယ့္ေႏြမွာလည္း စီးရီးေအကလပ္က ထပ္မံ ၾကိဳးစားဖို႔ ရွိေနေၾကာင္း သိရပါတယ္။
ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား ဇီယက္ရဲ႕ မိုရိုကို အသင္းကလည္း Mauritania အသင္းနဲ႕ ေသာၾကာေန႔က ဂိုးမရွိ သေရက်ခဲ့ျပီး ေျခစစ္ပြဲကိုေတာ့ ေအာင္ျမင္သြားခဲ့ျပီ ျဖစ္ပါတယ္။
