ယူနိုက်တက် ကစားသမားအပါ ရွိုင်ယန်ဂစ်ရွေးတဲ့ ကမ္ဘာအလားအလာ အရှိဆုံး ကြယ်ပွင့် သုံးဦး

UNICODE – ကမ္ဘာပေါ်မှာ အရည်အချင်း အရှိဆုံး လူငယ်သွေးသစ် သုံးဦးနဲ့ ပက်သက်လို့ မေးခွန်းထုတ်ခံရရမှာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ယန်ဂစ်က ပြန်လည် ဖြေဆိုမှု လုပ်ပေးခဲ့တယ်။

သူက ယူနိုက်တက်ကို ပြောင်းလာမယ်လို့ သတင်းကြီးနေတဲ့ ဒေါ့မွန်အသင်းမှ တောင်ပံတိုက်စစ်သမားလေး ဆန်ချို၊ ယူနိုက်တက်တိုက်စစ်မှူး ရပ်ဖိုဒ့်နဲ့ ဇန်နဝါရီတုန်းက ယူနိုက်တက်နဲ့ ချိတ်ဆက်မှုတွေ ရှိထားခဲ့ဖူးတဲ့ ဟာလန်းတို့ သုံးဦးကို အလားအလာအရှိဆုံး လူငယ်တွေအဖြစ် ရွေးချယ်ခဲ့ပါတယ်။

ရွိုင်ယန်ဂစ်က “ လူငယ်အဆင့်တွေကနေ စီနီယာအဆင့်တွေထိ ရပ်ဖိုဒ့် တိုးတက်လာတဲ့ အနေအထားတွေကို ကျနော် မြင်ခဲ့တယ်။ သူက သိပ်ကို အရည်အချင်းရှိတဲ့ ကစားသမားပါပဲ။ နောက်ပြီး ဒေါ့မွန်က ဆန်ချိုပေါ့။ မန်စီးတီးကနေ ထွက်ခွာပြီး လူငယ်ကစားသမားဘဝမှာ အခြားသော လိဂ်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ တကယ်ကို ခြားနားတဲ့ ကစားသမား ဖြစ်လာခဲ့ပြီး နောက်တစ်ဦးကတော့ သူ့အသင်းဖော် ဟာလန်းပေါ့။ သွင်းဂိုးတွေကို အများကြီး သွင်းယူနိုင်စွမ် ရှိသူဖြစ်တယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ရပ်ဖိုဒ့်ဟာ ရာသီဝက်မှာ ဒဏ်ရာကြောင့် အနားယူမှု မတိုင်ခင် ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုးအပါ ပြိုင်ပွဲစုံ သွင်းဂိုး ၁၉ ဂိုးထိ သွင်းယူနိုင်ခဲ့သူဖြစ်တယ်။ သူဟာ လက်ကျန် ရာသီတွေမှာ ပြန်လည်ပါဝင်ပေးဖို့ ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။

နွေမှာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ဖြစ်လာမယ့် ဆန်ချိုကတော့ ဒီရာသီ သွင်းဂိုး ၁၄ ဂိုး သွင်းယူထားကာ ဂိုးထောက်ပံ့မှု ၁၆ ကြိမ် ပြုလုပ်ထားနိုင်သူဖြစ်တယ်။ သူ့ကို ဒေါ့မွန်ဘက်က ပေါင် သန်း ၁၀၀ ဈေးဖြတ်ထားပြီး အင်္ဂလန်အသင်းတွေဘက်က ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ZAWGYI – ကမၻာေပၚမွာ အရည္အခ်င္း အရွိဆံုး လူငယ္ေသြးသစ္ သံုးဦးနဲ႔ ပက္သက္လို႔ ေမးခြန္းထုတ္ခံရရမွာ ယူႏုိက္တက္ ကစားသမားေဟာင္းၾကီး ရိြဳင္ယန္ဂစ္က ျပန္လည္ ေျဖဆိုမႈ လုပ္ေပးခဲ့တယ္။

သူက ယူႏုိက္တက္ကို ေျပာင္းလာမယ္လို႔ သတင္းၾကီးေနတဲ့ ေဒါ့မြန္အသင္းမွ ေတာင္ပံတိုက္စစ္သမားေလး ဆန္ခ်ိဳ၊ ယူႏုိက္တက္တိုက္စစ္မွဴး ရပ္ဖိုဒ့္နဲ႔ ဇန္နဝါရီတုန္းက ယူႏုိက္တက္နဲ႔ ခ်ိတ္ဆက္မႈေတြ ရွိထားခဲ့ဖူးတဲ့ ဟာလန္းတို႔ သံုးဦးကို အလားအလာအရွိဆံုး လူငယ္ေတြအျဖစ္ ေရြးခ်ယ္ခဲ့ပါတယ္။

ရိြဳင္ယန္ဂစ္က “ လူငယ္အဆင့္ေတြကေန စီနီယာအဆင့္ေတြထိ ရပ္ဖိုဒ့္ တိုးတက္လာတဲ့ အေနအထားေတြကို က်ေနာ္ ျမင္ခဲ့တယ္။ သူက သိပ္ကို အရည္အခ်င္းရွိတဲ့ ကစားသမားပါပဲ။ ေနာက္ျပီး ေဒါ့မြန္က ဆန္ခ်ိဳေပါ့။ မန္စီးတီးကေန ထြက္ခြာျပီး လူငယ္ကစားသမားဘဝမွာ အျခားေသာ လိဂ္ကို ေျပာင္းဖို႔ ဆံုးျဖတ္ခဲ့တယ္။ တကယ္ကို ျခားနားတဲ့ ကစားသမား ျဖစ္လာခဲ့ျပီး ေနာက္တစ္ဦးကေတာ့ သူ႔အသင္းေဖာ္ ဟာလန္းေပါ့။ သြင္းဂိုးေတြကို အမ်ားၾကီး သြင္းယူႏုိင္စြမ္ ရွိသူျဖစ္တယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

ရပ္ဖိုဒ့္ဟာ ရာသီဝက္မွာ ဒဏ္ရာေၾကာင့္ အနားယူမႈ မတိုင္ခင္ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၄ ဂိုးအပါ ျပိဳင္ပြဲစံု သြင္းဂိုး ၁၉ ဂိုးထိ သြင္းယူႏုိင္ခဲ့သူျဖစ္တယ္။ သူဟာ လက္က်န္ ရာသီေတြမွာ ျပန္လည္ပါဝင္ေပးဖို႔ ၾကံ႕ခိုင္မႈ အေကာင္းဆံုး အေနအထားမွာ ရွိေနပါတယ္။

ေႏြမွာ ယူႏုိက္တက္ရဲ႕ အဓိက ပစ္မွတ္ ျဖစ္လာမယ့္ ဆန္ခ်ိဳကေတာ့ ဒီရာသီ သြင္းဂိုး ၁၄ ဂိုး သြင္းယူထားကာ ဂိုးေထာက္ပံ့မႈ ၁၆ ၾကိမ္ ျပဳလုပ္ထားႏုိင္သူျဖစ္တယ္။ သူ႔ကို ေဒါ့မြန္ဘက္က ေပါင္ သန္း ၁၀၀ ေစ်းျဖတ္ထားျပီး အဂၤလန္အသင္းေတြဘက္က ေခၚယူဖို႔ အေလးအနက္ စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။