အချက်တစ်ချက်ကြောင့်က လွဲရင် နွေမှာ တီမိုဗာနာကို ရောင်းထုတ်မှာ မဟုတ်တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ လာမယ့်နွေမှာ ဒေါ့မွန်တိုက်စစ်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်ထားနေပေမယ့် ဟာလန်း ခေါ်ဖြစ်တာနဲ့ အသင်း တိုက်စစ်မှူး တီမိုဗာနာကိုတော့ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် အကြောင်း တစ်ချက် ဖြစ်လာရင်တော့ ဗာနာ ကို မလွှဲမရှောင်သာ ရောင်းရမှာ ဖြစ်ကြောင်း တယ်လီဂရပ်ဖ် သတင်းထောက် မတ်လော က သုံးသပ်ထားပါတယ်။

ဂျာမန်သား တိုက်စစ်မှူး တီမိုဗာနာဟာ သွင်းဂိုးတွေ နည်းပါးပေမယ့် သူ့ရဲ့ အားထုတ်မှုနဲ့ စိတ်အားထက်သန်မှုတွေက တိုးတက်ရိပ် ပြသနေတာကြောင်း ချယ်ဆီး အကြီးအကဲတွေကတော့ သဘောကျနေပါတယ်။ ဗာနာဟာ ဂိုးကတော့ နောက်ဆုံး ကစားထားတဲ့ ပွဲ ၂၀ မှာ ၁ ဂိုးသာ ရထားပါတယ်။

လာမယ့်နွေမှာ ဝါရင့် တိုက်စစ်မှူးကြီး ဂျီရူး စာချုပ် ကုန်ဆုံးမှာ ဖြစ်တဲ့ အပြင် တမ်မီ အေဗရာဟမ်ရဲ့ အနာဂတ် စာချုပ်သက်တမ်းတိုး ကိစ္စတွေကလည်း မရေရာတာကြောင့် ဗာနာကို ချယ်ဆီး တိုက်စစ်ရဲ့ အမာခံ အဖြစ် ကလပ်က သတ်မှတ်ထားပါတယ်။

ဒါပေမယ့် ဒေါ့မွန်ဟာ သူတို့ တိုက်စစ်သမား အာလင်း ဟာလန်းကို လက်လွှတ်ဖို့ အတွက် ကမ်းလှမ်းမှုမှာ တီမိုဗာနာ ကို ထည့်သွင်းဖို့ တောင်းခံ လာရင်တော့ ချယ်ဆီးတို့ လက်ခံ စဉ်းစားမှာ ဖြစ်ကြောင်း သတင်းထောက် မတ်လော က ဆိုပါတယ်။

ဒါကလည်း ကစားသမား ဖြစ်တဲ့ ဗာနာ ကိုယ်တိုင် ထွက်ခွာဖို့ လိုလားမှလည်း ဖြစ်လာနိုင်တာကြောင့် ဖြစ်လာဖို့ အလားအလာ နည်းတယ်လို့ မတ်လော က ပြန်လည် ဖော်ပြထားပါတယ်။ ယေဘုယျ အားဖြင့်တော့ တီမိုဗာနာဟာ ချယ်ဆီး အားထားရတဲ့ တိုက်စစ်သမား တစ်ယောက် ဖြစ်လာနေပြီး လွယ်လွယ် လက်လွှတ်ခံတော့မှာ မဟုတ်တာ အမှန် ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြမွာ ေဒါ့မြန္တိုက္စစ္ၾကယ္ပြင့္ ဟာလန္းကို ေခၚယူဖို႔ ဦးစားေပး ပစ္မွတ္ထားေနေပမယ့္ ဟာလန္း ေခၚျဖစ္တာနဲ႕ အသင္း တိုက္စစ္မွဴး တီမိုဗာနာကိုေတာ့ ေရာင္းထုတ္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဒါေပမယ့္ အေၾကာင္း တစ္ခ်က္ ျဖစ္လာရင္ေတာ့ ဗာနာ ကို မလႊဲမေရွာင္သာ ေရာင္းရမွာ ျဖစ္ေၾကာင္း တယ္လီဂရပ္ဖ္ သတင္းေထာက္ မတ္ေလာ က သံုးသပ္ထားပါတယ္။

ဂ်ာမန္သား တိုက္စစ္မွဴး တီမိုဗာနာဟာ သြင္းဂိုးေတြ နည္းပါးေပမယ့္ သူ႔ရဲ႕ အားထုတ္မႈနဲ႕ စိတ္အားထက္သန္မႈေတြက တိုးတက္ရိပ္ ျပသေနတာေၾကာင္း ခ်ယ္ဆီး အၾကီးအကဲေတြကေတာ့ သေဘာက်ေနပါတယ္။ ဗာနာဟာ ဂိုးကေတာ့ ေနာက္ဆံုး ကစားထားတဲ့ ပြဲ ၂၀ မွာ ၁ ဂိုးသာ ရထားပါတယ္။

လာမယ့္ေႏြမွာ ၀ါရင့္ တိုက္စစ္မွဴးၾကီး ဂ်ီရူး စာခ်ဳပ္ ကုန္ဆံုးမွာ ျဖစ္တဲ့ အျပင္ တမ္မီ ေအဗရာဟမ္ရဲ႕ အနာဂတ္ စာခ်ဳပ္သက္တမ္းတိုး ကိစၥေတြကလည္း မေရရာတာေၾကာင့္ ဗာနာကို ခ်ယ္ဆီး တိုက္စစ္ရဲ႕ အမာခံ အျဖစ္ ကလပ္က သတ္မွတ္ထားပါတယ္။

ဒါေပမယ့္ ေဒါ့မြန္ဟာ သူတို႔ တုိက္စစ္သမား အာလင္း ဟာလန္းကို လက္လႊတ္ဖို႔ အတြက္ ကမ္းလွမ္းမႈမွာ တီမိုဗာနာ ကို ထည့္သြင္းဖို႔ ေတာင္းခံ လာရင္ေတာ့ ခ်ယ္ဆီးတို႔ လက္ခံ စဥ္းစားမွာ ျဖစ္ေၾကာင္း သတင္းေထာက္ မတ္ေလာ က ဆိုပါတယ္။

ဒါကလည္း ကစားသမား ျဖစ္တဲ့ ဗာနာ ကိုယ္တိုင္ ထြက္ခြာဖို႔ လိုလားမွလည္း ျဖစ္လာနုိင္တာေၾကာင့္ ျဖစ္လာဖို႔ အလားအလာ နည္းတယ္လို႔ မတ္ေလာ က ျပန္လည္ ေဖာ္ျပထားပါတယ္။ ေယဘုယ် အားျဖင့္ေတာ့ တီမိုဗာနာဟာ ခ်ယ္ဆီး အားထားရတဲ့ တိုက္စစ္သမား တစ္ေယာက္ ျဖစ္လာေနျပီး လြယ္လြယ္ လက္လႊတ္ခံေတာ့မွာ မဟုတ္တာ အမွန္ ျဖစ္ပါတယ္။