ပေါ့ဘာကို ဈေးလျှော့ရောင်းရန် ပြင်ဆင်လာတဲ့ မန်ချက်စတာယူနိုက်တက်

ျပီးခဲ့တဲ့ေႏြက ေပါ့ဘာအတြက္ ေပါင္သန္း (၁၈၀) ရရွိမွ ေရာင္းခ်မယ္လို႔ ဆိုထားခဲ့တဲ့ယူႏိုက္တက္အသင္းကေတာ့ လာမယ့္ ေႏြရာသီ အေျပာင္းအေရႊ႕မွာ ေပါ့ဘာကို ေပါင္သန္း (၁၀၀) ၀န္းက်င္နဲ႔ ေရာင္းခ်ေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။

ေပါ့ဘာကို ၿပီးခဲ့ဲတဲ့ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္က ေခၚယူလိုခဲ့ေပမယ့္ ယူနိုက္တက္ ေျပာင္းေရႊ႕ခြင့္ မေပးခဲ့တဲ့အခ်ိန္တည္းက ေပါ့ဘာ နဲ႔ အသင္းၾကားက ဆက္ဆံေရးဟာ ေကာင္းမြန္တဲ့ အေျခအေနေတြမွာရွိမေနေတာ့ပါဘူး။ အဲဒီေနာက္ ဒီရာသီမွာ ကစားသမားက ဒဏ္ရာ အေၾကာင္းျပခ်က္ေတြနဲ႔ အသင္းအတြက္ကစားေပးတဲ့ ပြဲအေရအတြက္က အနည္းငယ္သာ ရွိေနေသးတာျဖစ္ပါတယ္။

ဒီလမွာအသင္းအတြက္ ျပန္ကစားႏိုင္မယ္လို႔ သက္မွတ္ထားခဲ့တဲ့ ေပါ့ဘာကေတာ့ စက္တင္ဘာလတည္းက အသင္းအတြက္ (၂) ပြဲသာ ကစားေပးထားႏိုင္ခဲ့ၿပီး ကစားသမားဘက္ကေကာ အသင္းဘက္ကပါ အေျပာင္းအေရႊ႕ကိစၥေတြနဲ႔ ပတ္သက္ၿပီး အၿပီးသတ္ စီစဥ္မႈေတြျပဳလုပ္လာခဲ့တာပါ။

ေပါ့ဘာရဲ႕ အေျပာင္းအေရႊ႕ကိစၥေတြမွာ သူ႔ရဲ႕ေအးဂ်င့္ရိြဳင္အုိလာရဲ႕ ၾကား၀င္မႈေတြကလည္း ကစားသမားနဲ႔အသင္းၾကားအေျခအေနေတြကို ပိုမို ဆိုးရြားေစခဲ့တာျဖစ္ၿပီး ဒီရာသီမွာ အသင္းေျပာင္းကို ေျပာင္းမယ္လို႔ ေအးဂ်င့္ျဖစ္သူက ထုတ္ေျပာထားပါတယ္။

အသင္းကို ဖာနန္ဒက္ေရာက္ရွိလာတာက ေပါ့ဘာကိုေရာင္းခ်ဖို႔ဆံုးျဖတ္ခ်က္ကို တြန္းအေားပးရာေရာက္လာခဲ့ပါတယ္။ ယူနိုက္တက္ ဘက္ကလည္း ေပါ့ဘာ ကို ဆက္ထိန္းထားခ်င္တဲ့ ဆံုးျဖတ္ခ်က္ကို ျပန္လည္ ျပင္ဆင္ခဲ့ၿပီး ေပါင္သန္း (၁၀၀) ေလာက္နဲ႔ ေရာင္းခ်ေတာ့မယ္လို႔ အခုလို အဂၤလန္သတင္းေတြမွာ ေဖာ္ျပလာတာ ျဖစ္ပါတယ္။

Unicode – ပြီးခဲ့တဲ့နွေက ပေါ့ဘာအတွက် ပေါင်သန်း (၁၈၀) ရရှိမှ ရောင်းချမယ်လို့ ဆိုထားခဲ့တဲ့ယူနိုက်တက်အသင်းကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပေါ့ဘာကို ပေါင်သန်း (၁၀၀) ဝန်းကျင်နဲ့ ရောင်းချတော့မယ်လို့ သတင်းထွက်လာပါတယ်။

ပေါ့ဘာကို ပြီးခဲ့ဲတဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူလိုခဲ့ပေမယ့် ယူနိုက်တက် ပြောင်းရွှေ့ခွင့် မပေးခဲ့တဲ့အချိန်တည်းက ပေါ့ဘာ နဲ့ အသင်းကြားက ဆက်ဆံရေးဟာ ကောင်းမွန်တဲ့ အခြေအနေတွေမှာရှိမနေတော့ပါဘူး။ အဲဒီနောက် ဒီရာသီမှာ ကစားသမားက ဒဏ်ရာ အကြောင်းပြချက်တွေနဲ့ အသင်းအတွက်ကစားပေးတဲ့ ပွဲအရေအတွက်က အနည်းငယ်သာ ရှိနေသေးတာဖြစ်ပါတယ်။

ဒီလမှာအသင်းအတွက် ပြန်ကစားနိုင်မယ်လို့ သက်မှတ်ထားခဲ့တဲ့ ပေါ့ဘာကတော့ စက်တင်ဘာလတည်းက အသင်းအတွက် (၂) ပွဲသာ ကစားပေးထားနိုင်ခဲ့ပြီး ကစားသမားဘက်ကကော အသင်းဘက်ကပါ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အပြီးသတ် စီစဉ်မှုတွေပြုလုပ်လာခဲ့တာပါ။

ပေါ့ဘာရဲ့ အပြောင်းအရွှေ့ကိစ္စတွေမှာ သူ့ရဲ့အေးဂျင့်ရွိုင်အိုလာရဲ့ ကြားဝင်မှုတွေကလည်း ကစားသမားနဲ့အသင်းကြားအခြေအနေတွေကို ပိုမို ဆိုးရွားစေခဲ့တာဖြစ်ပြီး ဒီရာသီမှာ အသင်းပြောင်းကို ပြောင်းမယ်လို့ အေးဂျင့်ဖြစ်သူက ထုတ်ပြောထားပါတယ်။

အသင်းကို ဖာနန်ဒက်ရောက်ရှိလာတာက ပေါ့ဘာကိုရောင်းချဖို့ဆုံးဖြတ်ချက်ကို တွန်းအေားပးရာရောက်လာခဲ့ပါတယ်။ ယူနိုက်တက် ဘက်ကလည်း ပေါ့ဘာ ကို ဆက်ထိန်းထားချင်တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့ပြီး ပေါင်သန်း (၁၀၀) လောက်နဲ့ ရောင်းချတော့မယ်လို့ အခုလို အင်္ဂလန်သတင်းတွေမှာ ဖော်ပြလာတာ ဖြစ်ပါတယ်။