နိုင်ငံအသင်းတွေနဲ့ရှိစဉ် ချယ်ဆီး ကစားသမားများရဲ့ ဒဏ်ရာ ရရှိမှုနဲ့ နောက်ဆုံး အခြေအနေများ

နိုင်ငံတကာ သီတင်းပတ်မှာ လက်ရွေးစင် အသင်းတွေနဲ့ ကိုယ်စီ သွားရောက် ပူးပေါင်းခဲ့တဲ့ ချယ်ဆီး ကစားသမားတွေထဲ ဒဏ်ရာ ရရှိမှု ရှိသလို ထရိန်နင်မှာ မပါဝင်ဘဲ ထိုင်နေရတဲ့ အသင်းသားတွေလည်း ရှိနေရာ နောက်ဆုံး အခြေအနေတွေကို Goal သတင်းက အခုလို ဖော်ပြထားပါတယ်။

အင်္ဂလန် U21 အသင်းနဲ့ အတူ ရှိခဲ့တဲ့ ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းဟာ လက်ကျန်ပွဲတွေ မပါဝင်နိုင်တော့ဘဲ လန်ဒန်သို့ စောစော ပြန်လာပြီ ဖြစ်ပါတယ်။ အင်္ဂလန် U21 အသင်း မန်နေဂျာ အယ်ဒီကတော့ အိုဒွိုင်း ပခုံး ဒဏ်ရာ ရှိနေတာကြောင့် ကုသမှု ခံယူဖို့ ကလပ်အသင်းထံ ပြန်သွားခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်သမားဟာ စလိုဗီးနီးယားမှာ ထရိန်နင် ပြုလုပ်စဉ် ထိခိုက်မိသွားခဲ့တာ ဖြစ်တယ်လို့ သိရပြီး အာဆင်နယ်မှ စမစ် ရိုဝီလည်း အိုဒွိုင်းလိုပဲ နောက်ပွဲတွေ လွဲချော်ဖွယ် ရှိနေပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်းကြီးနဲ့ အတူ ရှိနေတဲ့ မေဆန်မောင့်ကလည်း အသင်း ထရိန်နင်မှာ မပါဝင်ခဲ့ပါဘူး။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ထရိန်နင်မှာ မောင့် မပါဝင်ခဲ့ပေမယ့် အနားရထားတာကြောင့် ပိုလန်နဲ့ ပွဲမှာ ပါဝင်ဖို့ အသင့် ရှိနေမှာပါလို့ ဆိုထားပါတယ်။

ခရစ္စတီယန် ပူလီဆစ်ကတော့ အမေရိကန် အသင်းကနေ စောစောစီးစီး ပြန်ရောက်နေပြီ ဖြစ်ပြီး အင်္ဂါနေ့က အသင်း ထရိန်နင်မှာ သီယေဂို ဆေးဗား၊ အေဗရာဟမ်တို့က အကယ်ဒမီ ကစားသမား အုပ်စုနဲ့အတူ လေ့ကျင့်နေတာ တွေ့ရပါတယ်။

ဆီနီဂေါ အသင်းထံ ဒီလ နိုင်ငံတကာ ပွဲအတွက် သွားရောက် မပူးပေါင်း ဖြစ်ခဲ့တဲ့ ဂိုးသမား မန်ဒီကလည်း ကလပ်အသင်း ထရိန်နင်မှာ ပါဝင်ခဲ့ပါတယ်။ မန်ဒီက သွား ခွဲစိတ်မှု လုပ်စရာ ရှိတာကြောင့် လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းဖြစ်ခဲ့ပါဘူး။

အီတလီအသင်းကလည်း ထရိန်နင်မှာ အနည်းငယ် ထိခိုက်ခဲ့တဲ့ ဂျော်ဂျင်ဟို ကို ပွဲထွက်ဖို့ မရွေးဘဲ ဖယ်ထားခဲ့ပါတယ်။ ဂျော်ဂျင်ဟိုက စနေနေ့ ဝက်စ်ဘရွန်းနဲ့ ကစားရမယ့် ပွဲမှာလည်း ပါဝင်နိုင်ဖို့ မသေချာသေးဘဲ ရှိပါတယ်။

Zawgyi – နိုင္ငံတကာ သီတင္းပတ္မွာ လက္ေရြးစင္ အသင္းေတြနဲ႕ ကုိယ္စီ သြားေရာက္ ပူးေပါင္းခဲ့တဲ့ ခ်ယ္ဆီး ကစားသမားေတြထဲ ဒဏ္ရာ ရရွိမႈ ရွိသလို ထရိန္နင္မွာ မပါ၀င္ဘဲ ထိုင္ေနရတဲ့ အသင္းသားေတြလည္း ရွိေနရာ ေနာက္ဆံုး အေျခအေနေတြကို Goal သတင္းက အခုလို ေဖာ္ျပထားပါတယ္။

အဂၤလန္ U21 အသင္းနဲ႕ အတူ ရွိခဲ့တဲ့ ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား အိုဒြိဳင္းဟာ လက္က်န္ပြဲေတြ မပါ၀င္နုိင္ေတာ့ဘဲ လန္ဒန္သို႔ ေစာေစာ ျပန္လာျပီ ျဖစ္ပါတယ္။ အဂၤလန္ U21 အသင္း မန္ေနဂ်ာ အယ္ဒီကေတာ့ အိုဒြိဳင္း ပခံုး ဒဏ္ရာ ရွိေနတာေၾကာင့္ ကုသမႈ ခံယူဖို႔ ကလပ္အသင္းထံ ျပန္သြားခဲ့ျပီ ျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

အသက္ ၂၀ အရြယ္ တိုက္စစ္သမားဟာ စလိုဗီးနီးယားမွာ ထရိန္နင္ ျပဳလုပ္စဥ္ ထိခိုက္မိသြားခဲ့တာ ျဖစ္တယ္လို႔ သိရျပီး အာဆင္နယ္မွ စမစ္ ရို၀ီလည္း အိုဒြိဳင္းလိုပဲ ေနာက္ပြဲေတြ လြဲေခ်ာ္ဖြယ္ ရွိေနပါတယ္။

အဂၤလန္ လက္ေရြးစင္ အသင္းၾကီးနဲ႕ အတူ ရွိေနတဲ့ ေမဆန္ေမာင့္ကလည္း အသင္း ထရိန္နင္မွာ မပါ၀င္ခဲ့ပါဘူး။ အဂၤလန္နည္းျပ ေဆာက္ဂိတ္ကေတာ့ ထရိန္နင္မွာ ေမာင့္ မပါ၀င္ခဲ့ေပမယ့္ အနားရထားတာေၾကာင့္ ပိုလန္နဲ႕ ပြဲမွာ ပါ၀င္ဖို႔ အသင့္ ရွိေနမွာပါလို႔ ဆိုထားပါတယ္။

ခရစၥတီယန္ ပူလီဆစ္ကေတာ့ အေမရိကန္ အသင္းကေန ေစာေစာစီးစီး ျပန္ေရာက္ေနျပီ ျဖစ္ျပီး အဂၤါေန႔က အသင္း ထရိန္နင္မွာ သီေယဂို ေဆးဗား၊ ေအဗရာဟမ္တို႔က အကယ္ဒမီ ကစားသမား အုပ္စုနဲ႕အတူ ေလ့က်င့္ေနတာ ေတြ႔ရပါတယ္။

ဆီနီေဂါ အသင္းထံ ဒီလ နုိင္ငံတကာ ပြဲအတြက္ သြားေရာက္ မပူးေပါင္း ျဖစ္ခဲ့တဲ့ ဂိုးသမား မန္ဒီကလည္း ကလပ္အသင္း ထရိန္နင္မွာ ပါ၀င္ခဲ့ပါတယ္။ မန္ဒီက သြား ခြဲစိတ္မႈ လုပ္စရာ ရွိတာေၾကာင့္ လက္ေရြးစင္ အသင္းနဲ႕ မပူးေပါင္းျဖစ္ခဲ့ပါဘူး။

အီတလီအသင္းကလည္း ထရိန္နင္မွာ အနည္းငယ္ ထိခိုက္ခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို ကို ပြဲထြက္ဖို႔ မေရြးဘဲ ဖယ္ထားခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟုိက စေနေန႔ ၀က္စ္ဘရြန္းနဲ႕ ကစားရမယ့္ ပြဲမွာလည္း ပါ၀င္နုိင္ဖို႔ မေသခ်ာေသးဘဲ ရွိပါတယ္။