၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် တယ်လီဂရပ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူဖြစ်သူ ဖာနန်ဒက်စ်ကို ရွေးချယ်ကြောင်း အဆိုပါ သတင်းဌာနက ကြေညာသွားပါတယ်။
အဆိုပါ သတင်းဌာနကပဲ ၂၀၂၀ ဖေဖော်ဝါရီမှာ ယူနိုက်တက်ကို ပြောင်းလာခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အေဂျက်ကနေ လီဗာပူးကို ပြောင်းလာတဲ့ လူးဝစ်ဆွာရက်စ်နောက်ပိုင်း အကောင်းဆုံး ဆောင်းရာသီ လက်မှတ်ထိုးမှုဖြစ်တယ်။ အနာဂတ်မှာတော့ ဘယ်သူက ပိုကောင်းတဲ့ လက်မှတ်ထိုးမှု ဖြစ်မလဲဆိုတာအတွက် ဆွေးနွေးငြင်းခုံစရာတောင် ဖြစ်လာနိုင်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ ဆာအဲလက်စ် ဖာဂူဆန် မရှိတဲ့နောက်ပိုင်း ယူနိုက်တက်ရဲ့ အကောင်းဆုံး လက်မှတ်ထိုးမှုဖြစ်တယ်။ သူရောက်လာစက ပေါ်တူဂီလိဂ်မှာလို စွမ်းဆောင်ပြနိုင်မလား စိုးရိမ်ခဲ့ရပေမယ့် အခုဆိုရင် ဖာနန်ဒက်စ်ရဲ့ ရည်မှန်းချက်ကြီးမှုကို ယူနိုက်တက်က လိုက်နိုင်မလားတောင် စိုးရိမ်လာရပြီလို့ ဖော်ပြပါတယ်။
မနှစ်ကရာသီ ဆီးမီးဖိုင်နယ် ၃ ခုကနေ လှည့်ပြန်ခဲ့ရတဲ့နောက် ဖာနန်ဒက်စ်ဟာ အသင်းဖော်တွေကို ဝေဖန်ဖို့တောင်မှ တွန့်ဆုတ်ခဲ့ခြင်း မရှိဘူး။ သူ့အတွက်ကတော့ အရံှူးနဲ့ လှည့်ပြန်ရတာက လက်ခံရခက်ခဲလွန်းလှပြီး ဆုဖလားတွေ အများကြီးကို အောင်မြင်လိုသူ ဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို အလှည့်အပြောင်းဖြစ်လာစေခဲ့သူဖြစ်ကာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပရီးမီးယားလိဂ် ပထမဆုံးပွဲထွက်မကို လုပ်နိုင်ခဲ့ပြီး နောက်ပိုင်း သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေက တိုက်စစ်သမားတွေဖြစ်တဲ့ မက်ဆီနဲ့ လီဝမ်ဒေါစကီးတို့နောက် အမြင့်ဆုံး ကစားသမားလည်းဖြစ်တယ်။
ကိုယ်တိုင် သွင်းဂိုး ၃၅ ဂိုး သွင်းထားပြီး ဂိုးဖန်တီးမှု ၂၁ ကြိမ် လုပ်ထားတဲ့ ဖာနန်ဒက်စ်ဟာ ဥရောပလိဂ်ကြီး ၅ ခုအတွင်း ဖန်တီးမှုနဲ့ သွင်းဂိုးအတွက် ပါဝင်ပက်သက်မှု အမြင့်ဆုံး ကွင်းလယ်လူအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

ZAWGYI – ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ တယ္လီဂရပ္ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကို ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကြင္းလယ္လူျဖစ္သူ ဖာနန္ဒက္စ္ကို ေရြးခ်ယ္ေၾကာင္း အဆိုပါ သတင္းဌာနက ေၾကညာသြားပါတယ္။
အဆိုပါ သတင္းဌာနကပဲ ၂၀၂၀ ေဖေဖာ္ဝါရီမွာ ယူႏုိက္တက္ကို ေျပာင္းလာခဲ့တဲ့ ဖာနန္ဒက္စ္ဟာ ေအဂ်က္ကေန လီဗာပူးကို ေျပာင္းလာတဲ့ လူးဝစ္ဆြာရက္စ္ေနာက္ပိုင္း အေကာင္းဆံုး ေဆာင္းရာသီ လက္မွတ္ထိုးမႈျဖစ္တယ္။ အနာဂတ္မွာေတာ့ ဘယ္သူက ပိုေကာင္းတဲ့ လက္မွတ္ထိုးမႈ ျဖစ္မလဲဆိုတာအတြက္ ေဆြးေႏြးျငင္းခံုစရာေတာင္ ျဖစ္လာႏုိင္ပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဆာအဲလက္စ္ ဖာဂူဆန္ မရွိတဲ့ေနာက္ပိုင္း ယူႏုိက္တက္ရဲ႕ အေကာင္းဆံုး လက္မွတ္ထိုးမႈျဖစ္တယ္။ သူေရာက္လာစက ေပၚတူဂီလိဂ္မွာလို စြမ္းေဆာင္ျပနုိင္မလား စိုးရိမ္ခ့ဲရေပမယ့္ အခုဆိုရင္ ဖာနန္ဒက္စ္ရဲ႕ ရည္မွန္းခ်က္ၾကီးမႈကို ယူႏုိက္တက္က လိုက္ႏုိင္မလားေတာင္ စိုးရိမ္လာရျပီလို႔ ေဖာ္ျပပါတယ္။
မႏွစ္ကရာသီ ဆီးမီးဖိုင္နယ္ ၃ ခုကေန လွည့္ျပန္ခဲ့ရတဲ့ေနာက္ ဖာနန္ဒက္စ္ဟာ အသင္းေဖာ္ေတြကို ေဝဖန္ဖို႔ေတာင္မွ တြန္႔ဆုတ္ခဲ့ျခင္း မရွိဘူး။ သူ႔အတြက္ကေတာ့ အရံွဴးနဲ႔ လွည့္ျပန္ရတာက လက္ခံရခက္ခဲလြန္းလွျပီး ဆုဖလားေတြ အမ်ားၾကီးကို ေအာင္ျမင္လိုသူ ျဖစ္ပါတယ္။
ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္ကို အလွည့္အေျပာင္းျဖစ္လာေစခဲ့သူျဖစ္ကာ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ပရီးမီးယားလိဂ္ ပထမဆံုးပြဲထြက္မကို လုပ္ႏုိင္ခဲ့ျပီး ေနာက္ပိုင္း သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈေတြက တိုက္စစ္သမားေတြျဖစ္တဲ့ မက္ဆီနဲ႔ လီဝမ္ေဒါစကီးတို႔ေနာက္ အျမင့္ဆံုး ကစားသမားလည္းျဖစ္တယ္။
ကိုယ္တိုင္ သြင္းဂိုး ၃၅ ဂိုး သြင္းထားျပီး ဂိုးဖန္တီးမႈ ၂၁ ၾကိမ္ လုပ္ထားတဲ့ ဖာနန္ဒက္စ္ဟာ ဥေရာပလိဂ္ၾကီး ၅ ခုအတြင္း ဖန္တီးမႈနဲ႔ သြင္းဂိုးအတြက္ ပါဝင္ပက္သက္မႈ အျမင့္ဆံုး ကြင္းလယ္လူအျဖစ္လည္း မွတ္တမ္းဝင္ထားပါတယ္။
