ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရမယ့် လီဗာပူးကွင်းလယ် ကို ခေါ်လိုတဲ့ အသင်းတွေထဲ ချယ်ဆီး ပါဝင်လာ

ချယ်ဆီးအသင်းဟာ လာမယ့်နွေမှာ လီဗာပူးအသင်းနဲ့ စာချုပ် ကုန်ဆုံးလို့ ပြောင်းရွှေ့ကြေး အလွတ်နဲက ထွက်ခွာလာမယ့် ကွင်းလယ် ကစားသမား ဝိုက်နယ်ဒန်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ပါဝင်လာကြောင်း နောက်ဆုံးရ သတင်းတွေမှာ ဖော်ပြလာပါတယ်။

နယ်သာလန် လက်ရွေးစင် ကစားသမားဟာ လီဗာပူးနဲ့ စာချုပ် သက်တမ်းတိုးဖို့ အခုထိ သဘောတူညီမှု မရတာကြောင့် ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။

ဝိုက်နယ်ဒန်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံးကတော့ ဘာစီလိုနာ အသင်း ဖြစ်ပြီး နယ်သာလန် လက်ရွေးစင် နည်းပြဟောင်း ရော်နယ် ကိုးလ်မန်း သူ့တပည့် ကို ခေါ်ဖို့ စိတ်အားထက်သန်နေပါတယ်။

အသက် ၃၀ အရွယ် ကွင်းလယ်သမားဟာ လီဗာပူးအသင်းမှာ အဓိက အသင်းသား တစ်ဦး အဖြစ် အခုထိ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဝိုက်နယ်ဒန်ဟာ ဘာစီလိုနာ အသင်းထံမှ သုံးနှစ် စာချုပ်နဲ့ ကမ်းလှမ်း တစ်ခုလည်း လက်ခံရရှိထားကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။

ဒါပေမယ့် စပိန် မာကာ သတင်းကပဲ ဝိုက်နယ်ဒန်ကို ရာသီကုန်မှာ ခေါ်ယူမယ့် အသင်းတွေထဲ ချယ်ဆီးလည်း ပါဝင်နေသေးပြီး ပီအက်စ်ဂျီ၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်အသင်းတို့ကလည်း လီဗာပူး ကွင်းလယ်သမားကို စိတ်ဝင်စားစောင့်ကြည့်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ထဲက အင်တာဗျူးမှာတော့ ဝိုက်နယ်ဒန်က သူ့အနာဂတ်ကို မဆုံးဖြတ်ရသေးဘဲ စဉ်းစားစောင့်ကြည့်ဆဲ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြမွာ လီဗာပူးအသင္းနဲ႕ စာခ်ဳပ္ ကုန္ဆံုးလို႔ ေျပာင္းေရႊ႕ေၾကး အလြတ္နဲက ထြက္ခြာလာမယ့္ ကြင္းလယ္ ကစားသမား ၀ိုက္နယ္ဒန္ကို ေခၚယူလိုတဲ့အသင္းေတြထဲ ပါ၀င္လာေၾကာင္း ေနာက္ဆံုးရ သတင္းေတြမွာ ေဖာ္ျပလာပါတယ္။

နယ္သာလန္ လက္ေရြးစင္ ကစားသမားဟာ လီဗာပူးနဲ႕ စာခ်ဳပ္ သက္တမ္းတိုးဖို႔ အခုထိ သေဘာတူညီမႈ မရတာေၾကာင့္ ရာသီကုန္မွာ အလြတ္နဲ႕ ထြက္ခြာျဖစ္ဖို႔ ေသခ်ာသေလာက္ ျဖစ္ပါတယ္။

၀ိုက္နယ္ဒန္ကို ေခၚယူဖို႔ ေရပန္းအစားဆံုးကေတာ့ ဘာစီလိုနာ အသင္း ျဖစ္ျပီး နယ္သာလန္ လက္ေရြးစင္ နည္းျပေဟာင္း ေရာ္နယ္ ကိုးလ္မန္း သူ႔တပည့္ ကို ေခၚဖို႔ စိတ္အားထက္သန္ေနပါတယ္။

အသက္ ၃၀ အရြယ္ ကြင္းလယ္သမားဟာ လီဗာပူးအသင္းမွာ အဓိက အသင္းသား တစ္ဦး အျဖစ္ အခုထိ ပါ၀င္ေနဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ၀ိုက္နယ္ဒန္ဟာ ဘာစီလိုနာ အသင္းထံမွ သံုးနွစ္ စာခ်ဳပ္နဲ႕ ကမ္းလွမ္း တစ္ခုလည္း လက္ခံရရွိထားေၾကာင္း စပိန္သတင္းေတြက ေဖာ္ျပလာပါတယ္။

ဒါေပမယ့္ စပိန္ မာကာ သတင္းကပဲ ၀ိုက္နယ္ဒန္ကို ရာသီကုန္မွာ ေခၚယူမယ့္ အသင္းေတြထဲ ခ်ယ္ဆီးလည္း ပါ၀င္ေနေသးျပီး ပီအက္စ္ဂ်ီ၊ အင္တာမီလန္နဲ႕ ဂ်ဴဗင္တပ္အသင္းတို႔ကလည္း လီဗာပူး ကြင္းလယ္သမားကို စိတ္၀င္စားေစာင့္ၾကည့္ေနေၾကာင္း သိရပါတယ္။

ျပီးခဲ့တဲ့ တစ္ပတ္ထဲက အင္တာဗ်ဴးမွာေတာ့ ၀ိုက္္နယ္ဒန္က သူ႔အနာဂတ္ကို မဆံုးျဖတ္ရေသးဘဲ စဥ္းစားေစာင့္ၾကည့္ဆဲ ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။