အသင်းဟောင်းတွေအတွက် ယူနိုက်တက်မှာ စကားနိုင်လုနေကြတဲ့ မာတစ်နဲ့ ဖာနန်ဒက်စ်

ယူနိုက်တက် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ မာတစ်တို့ဟာ အသင်းဟောင်းတွေနဲ့ ပတ်သတ်ပြီး ဆိုရှယ်မီဒီယာကနေ အချင်းချင်း နောက်ပြောင် စကားနိုင်လုနေကြတာ တွေ့ရပါတယ်။ ၎င်းတို့ နှစ်ဦးလုံးက ပေါ်တူဂီမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ စပို့တင်းလစ္စဘွန်းနဲ့ ဘင်ဖီကာတို့မှာ အသီးသီား ကစားခဲ့ကြတာပါ။

ယူနိုက်တက်ဟာ ထရိန်နင်မှာ အပြည့်အ၀ လေ့ကျင့်မှုတွေ ပြန်လည် စတင်နေပြီ ဖြစ်ပြီး အသင်းသားတွေချင်း ပျော်ရွှင်စွာ အလုပ်ပြန် အတူ လုပ်နေကြပြီ ဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်နဲ့ မာတစ်တို့က ရင်းနှီးကြတဲ့ အသင်းဖော်တွေ ဖြစ်ပြီး အပြန်အလှန် စနောက်လေ့ ရှိသူတွေပါ။

မာတစ်က ဒီတပတ်အစောပိုင်းမှာပဲ ဖာနန်ဒက်စ်ရဲ့ အသင်းဟောင်း စပို့တင်းဟာ သူ့အသင်းဟောင်း ဘင်ဖီကာနဲ့ အမှတ်ပေးဇယားမှာ အမှတ်ပြတ် ကွာနေကြောင်း ဆိုကာ ရန်စခဲ့ပါတယ်။ ထိုနှစ်သင်းလုံးကလည်း ပေါ်တူကီ ဘောလုံးသမိုင်းမှာတော့ အအောင်မြင်ဆုံး အသင်းတွေ ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ကြပါတယ်။

ဒီရာသီမှာတော့ ဘင်ဖီကာ က အမှတ် အသာ ရထားပြီး စပို့တင်းထက် ၁၇မှတ်ထိ သာထားပါတယ်။ ဒါကြောင့် မာတစ်က ထိုအချက်ကို ထောက်ပြပြီး ဖာနန်ဒက်စ်ကို စနောက်ခဲ့တာပါ။ ၎င်းက စက်ဘီးနဲ့လေ့ကျင့်ခန်း အတူ လုပ်နေတဲ့ ပုံတင်ထားပြီး ခပ်လှမ်းလှမ်းမှာ ရှိနေရတဲ့ ပုံကို ပြကာ ” ဘင်ဖီကာနဲ့ စပို့တင်းကြားမှာ ဒီလိုပဲ အမြဲ ခပ်လှမ်းလှမ်း အကွာအဝေးက ရှိနေတယ်။ ” လို့ ရေးသား ရန်စထားခဲ့ပါတယ်။

နောက်တစ်နေ့မှာပဲ ဖာနန်ဒက်စ်က ထရိန်နင်မှာ အသင်းလိုက် လူခွဲ ကစားကြတဲ့ ပွဲမှာ သူ့အသင်းက အနိုင်ရပြီးနောက် မာတစ်ကို ပြန် ချေပခဲ့ပါတယ်။ ဖာနန်ဒက်စ်နဲ့ တစ်သင်းတည်း ပါဝင်ခဲ့ကြသူတွေကတော့ တော်မီနေး၊ ဂိုမက်စ်၊ ရှော၊ ဂရင်းဝုဒ်၊ လင်ဒီလော့ဖ်၊ ဝမ် ဘစ်ဆာကာ၊ အစ်ဟာလိုတို့ ဖြစ်ပါတယ်။

” နီမာဂျာ မာတစ်ရေ၊ အောင်နိုင်သူ အသင်းနဲ့ မင်အသင်းကြားထဲမှာ အမြဲတမ်း အကွာအဝေးက ရှိစမြဲပဲ။ ” လို့ ဖာနန်ဒက်စ်က အင်စတာဂရမ်မှာ ပုံတင်ပြီး မာတစ်ကို ချေပလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်ရောက်ချင်း မိတ်ဆွေကောင်းတွေ ရထားပြီး အထူးသဖြင့် ဒါလော့နဲ့ မာတစ်ကတော့ သူနဲ့ အရင်းနှီးဆုံး ဘော်ဒါတွေ ဖြစ်နေကာ ပျော်ရွှင်နေကြပါတယ်။

Zawgyi – ယူနိုက္တက္ ကစားသမား နွစ္ဦး ျဖစ္တဲ့ ဘရူနို ဖာနန္ဒက္စ္နဲ႕ မာတစ္တို႔ဟာ အသင္းေဟာငး္ေတြနဲ႕ ပတ္သတ္ျပီး ဆိုရွယ္မီဒီယာကေန အခ်င္းခ်င္း ေနာက္ေျပာင္ စကားနုိင္လုေနၾကတာ ေတြ႔ရပါတယ္။ ၄င္းတို႔ နွစ္ဦးလံုးက ေပၚတူဂီမွာ ျပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ စပို႔တင္းလစၥဘြန္းနဲ႕ ဘင္ဖီကာတို႔မွာ အသီးသီား ကစားခဲ့ၾကတာပါ။

ယူနိုက္တက္ဟာ ထရိန္နင္မွာ အျပည့္အ၀ ေလ့က်င့္မႈေတြ ျပန္လည္ စတင္ေနျပီ ျဖစ္ျပီး အသင္းသားေတြခ်င္း ေပ်ာ္ရႊင္စြာ အလုပ္ျပန္ အတူ လုပ္ေနၾကျပီ ျဖစ္ပါတယ္။ ဘရူနို ဖာနန္ဒက္စ္နဲ႕ မာတစ္တို႔က ရင္းနွီးၾကတဲ့ အသင္းေဖာ္ေတြ ျဖစ္ျပီး အျပန္အလွန္ စေနာက္ေလ့ ရွိသူေတြပါ။

မာတစ္က ဒီတပတ္အေစာပိုင္းမွာပဲ ဖာနန္ဒက္စ္ရဲ႕ အသင္းေဟာင္း စပို႔တင္းဟာ သူ႔အသင္းေဟာင္း ဘင္ဖီကာနဲ႕ အမွတ္ေပးဇယားမွာ အမွတ္ျပတ္ ကြာေနေၾကာင္း ဆိုကာ ရန္စခဲ့ပါတယ္။ ထိုနွစ္သင္းလံုးကလည္း ေပၚတူကီ ေဘာလံုးသမိုင္းမွာေတာ့ အေအာင္ျမင္ဆံုး အသင္းေတြ ျဖစ္ျပီး ျပိဳင္ဆိုင္မႈ ျပင္းထန္ၾကပါတယ္။

ဒီရာသီမွာေတာ့ ဘင္ဖီကာ က အမွတ္ အသာ ရထားျပီး စပို႔တင္းထက္ ၁၇မွတ္ထိ သာထားပါတယ္။ ဒါေၾကာင့္ မာတစ္က ထိုအခ်က္ကို ေထာက္ျပျပီး ဖာနန္ဒက္စ္ကို စေနာက္ခဲ့တာပါ။ ၄င္းက စက္ဘီးနဲ႕ေလ့က်င့္ခန္း အတူ လုပ္ေနတဲ့ ပံုတင္ထားျပီး ခပ္လွမ္းလွမ္းမွာ ရွိေနရတဲ့ ပံုကို ျပကာ ” ဘင္ဖီကာနဲ႕ စပို႔တင္းၾကားမွာ ဒီလိုပဲ အျမဲ ခပ္လွမ္းလွမ္း အကြာအေ၀းက ရွိေနတယ္။ ” လို႔ ေရးသား ရန္စထားခဲ့ပါတယ္။

ေနာက္တစ္ေန႔မွာပဲ ဖာနန္ဒက္စ္က ထရိန္နင္မွာ အသင္းလိုက္ လူခြဲ ကစားၾကတဲ့ ပြဲမွာ သူ႔အသင္းက အနုိင္ရျပီးေနာက္ မာတစ္ကို ျပန္ ေခ်ပခဲ့ပါတယ္။ ဖာနန္ဒက္စ္နဲ႕ တစ္သင္းတည္း ပါ၀င္ခဲ့ၾကသူေတြကေတာ့ ေတာ္မီေနး၊ ဂိုမက္စ္၊ ေရွာ၊ ဂရင္း၀ုဒ္၊ လင္ဒီေလာ့ဖ္၊ ၀မ္ ဘစ္ဆာကာ၊ အစ္ဟာလိုတို႔ ျဖစ္ပါတယ္။

” နီမာဂ်ာ မာတစ္ေရ၊ ေအာင္နုိင္သူ အသင္းနဲ႕ မင္အသင္းၾကားထဲမွာ အျမဲတမ္း အကြာအေ၀းက ရွိစျမဲပဲ။ ” လုိ႔ ဖာနန္ဒက္စ္က အင္စတာဂရမ္မွာ ပံုတင္ျပီး မာတစ္ကို ေခ်ပလိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ကို ေရာက္ေရာက္ခ်င္း မိတ္ေဆြေကာင္းေတြ ရထားျပီး အထူးသျဖင့္ ဒါေလာ့နဲ႕ မာတစ္ကေတာ့ သူနဲ႕ အရင္းနွီးဆံုး ေဘာ္ဒါေတြ ျဖစ္ေနကာ ေပ်ာ္ရႊင္ေနၾကပါတယ္။