ယေန႔ နံနက္ခင္း မန္ခ်က္စတာ ယူနိုက္တက္ သတင္းတိုမ်ား (05/04/21)

မန်ချက်စတာ ယူနိုက်တက်ဟာ ညက ဘရိုက်တန်နဲ့ ယှဉ်ပြိုင်တဲ့ ပွဲမှာ၂-၁ ရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။ ဘရိုက်တန်ဘက်က ဝဲလ်ဘက် သွင်းဂိုးနဲ့ အရင် ဦးဆောင်ခဲ့တာ ဖြစ်ပြီး ရက်ဖို့ဒ်က ယူနိုက်တက် အတွက် ချေပဂိုး သွင်းယူပေးခဲ့ကာ ဂရင်းဝုဒ်က အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာ ရက်ဖို့ဒ် နာသွားတာကြောင့် လူစားလဲခဲ့ရပြီး ပွဲ အပြီးမှာ ဆိုးရှားက ရက်ဖို့ဒ် အကောင်းဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ အင်္ဂလန်သားဟာ မာကျောတဲ့သူ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရက်ဖို့ဒ် သွင်းဂိုးကလည်း သိပ်ကောင်းခဲ့ကြောင်း ဆိုးရှားက ချီးကျူးခဲ့ပါတယ်။

အနိုင်ဂိုးရှင် ဂရင်းဝုဒ်ကလည်း ဘရိုက်တန်ဘက်က အရင် ဂိုးသွင်းတော့ ယူနိုက်တက် ကောင်းကောင်း တုန့်ပြန်မှ ရတော့မယ် သိခဲ့ကြပြီး ပို အားထုတ်ခဲ့ကြကြောင်း ဖွင့်ဟခဲ့ကာ အသင်းသားတွေ အားလုံး ဒုတိယပိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ဟာ လာမယ့်နွေမှာ ရီးရဲလ်မက်ဒရစ်ကနေ စာချုပ် ကုန်ဆုံးပြီး ထွက်ခွာလာမယ့် တောင်ပံ ကစားသမား လူးကပ် ဗက်စကွက် ကို အပြိုင် ခေါ်ယူလိုနေကြကြောင်း သိရပါတယ်။ ၎င်းကို ဘိုင်ယန်နဲ့ မီလန်အသင်းတွေကလည်း စောင့်ကြည့်နေပါတယ်။

ပေါ်တူဂီသတင်းဌာနတွေ အဆို အရ ယူနိုက်တက်ဟာ စပို့တင်း စီပီ ကြယ်ပွင့် နန်နို မန်ဒက်စ်ကိုလည်း ခေါ်ယူဖို့ လှုပ်ရှားတော့မှာ ဖြစ်ပြီး ကမ်းလှမ်းမှုမှာ အဲလက်စ် တဲလက်စ်ကိုပါ ထည့်သွင်းသွားဖွယ်ရှိကြောင်း သိရပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ဟာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ကစားစဉ် ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရခဲ့တာကြောင့် ရာသီကုန် ထိ ပါဝင် ကစားနိုင်တော့မှာ မဟုတ်ကြောင်း နည်းပြ ဆိုးရှားက အတည်ပြုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက ဘရိုက္တန္နဲ႕ ယွဥ္ျပိဳင္တဲ့ ပြဲမွာ၂-၁ ရလဒ္ျဖင့္ အနုိင္ရရွိသြားခဲ့ပါတယ္။ ဘရိုက္တန္ဘက္က ၀ဲလ္ဘက္ သြင္းဂိုးနဲ႕ အရင္ ဦးေဆာင္ခဲ့တာ ျဖစ္ျပီး ရက္ဖို႔ဒ္က ယူနိုက္တက္ အတြက္ ေခ်ပဂိုး သြင္းယူေပးခဲ့ကာ ဂရင္း၀ုဒ္က အနုိင္ဂိုး သြင္းေပးခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာ ရက္ဖို႔ဒ္ နာသြားတာေၾကာင့္ လူစားလဲခဲ့ရျပီး ပြဲ အျပီးမွာ ဆိုးရွားက ရက္ဖို႔ဒ္ အေကာင္းဆံုး ျပန္လာနုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းနဲ႕ အဂၤလန္သားဟာ မာေက်ာတဲ့သူ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ရက္ဖို႔ဒ္ သြင္းဂိုးကလည္း သိပ္ေကာင္းခဲ့ေၾကာင္း ဆိုးရွားက ခ်ီးက်ဴးခဲ့ပါတယ္။

အနိုင္ဂိုးရွင္ ဂရင္း၀ုဒ္ကလည္း ဘရိုက္တန္ဘက္က အရင္ ဂိုးသြင္းေတာ့ ယူနိုက္တက္ ေကာင္းေကာင္း တုန္႔ျပန္မွ ရေတာ့မယ္ သိခဲ့ၾကျပီး ပို အားထုတ္ခဲ့ၾကေၾကာင္း ဖြင့္ဟခဲ့ကာ အသင္းသားေတြ အားလံုး ဒုတိယပိုင္းမွာ အေကာင္းဆံုး ေျခစြမ္းျပခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္နဲ႕ ခ်ယ္ဆီးအသင္းတို႔ဟာ လာမယ့္ေႏြမွာ ရီးရဲလ္မက္ဒရစ္ကေန စာခ်ဳပ္ ကုန္ဆံုးျပီး ထြက္ခြာလာမယ့္ ေတာင္ပံ ကစားသမား လူးကပ္ ဗက္စကြက္ ကို အျပိဳင္ ေခၚယူလိုေနၾကေၾကာင္း သိရပါတယ္။ ၄င္းကို ဘိုင္ယန္နဲ႕ မီလန္အသင္းေတြကလည္း ေစာင့္ၾကည့္ေနပါတယ္။

ေပၚတူဂီသတင္းဌာနေတြ အဆို အရ ယူနိုက္တက္ဟာ စပို႔တင္း စီပီ ၾကယ္ပြင့္ နန္နို မန္ဒက္စ္ကိုလည္း ေခၚယူဖို႔ လႈပ္ရွားေတာ့မွာ ျဖစ္ျပီး ကမ္းလွမ္းမႈမွာ အဲလက္စ္ တဲလက္စ္ကိုပါ ထည့္သြင္းသြားဖြယ္ရွိေၾကာင္း သိရပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ဟာ ျပင္သစ္ လက္ေရြးစင္ အသင္းနဲ႕ အတူ ကစားစဥ္ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရခဲ့တာေၾကာင့္ ရာသီကုန္ ထိ ပါ၀င္ ကစားနုိင္ေတာ့မွာ မဟုတ္ေၾကာင္း နည္းျပ ဆိုးရွားက အတည္ျပဳခဲ့ပါတယ္။