UNICODE – ချယ်ဆီးအသင်းဟာ လာမာဆီယာမှ ထိပ်တန်း လူငယ်ခံစစ်သမားဖြစ်သူ မူအမ်ဘာ ဇာဗီယာကိုလည်း လန်ဒန်ကို ခေါ်ထုတ်လာဖို့ ကြိုးစားနေမှုက အောင်မြင်ရိပ်တွေ ရှိလာနေခဲ့ပြီ ဖြစ်ပါတယ်။
ကက်တလန် အခြေစိုက် သတင်းဌာနတွေက နယ်သာလန်သားကို လက်ရွေးစင်အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ ခိုင်းနှိုင်းမှုတွေတောင် ရှိထားခဲ့တာပါ။ ဒီနွေမှာတော့ လူငယ်ခံစစ်မှူးကို လာမာဆီယာ အကယ်ဒမီကနေ စီနီယာအသင်းထံ ပို့ဆောင်ဖို့ ဘာစီလိုနာဘက်က ကျဆုံးဖွယ်ရှိပြီး ချယ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံရလိမ့်မယ်လို့ အဆိုပါ သတင်းက ဖော်ပြပါတယ်။
ဒီသတင်းဟာ ကစားသမားကို စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်၊ အင်တာမီလန်၊ အေဇက် အယ်ကမာအသင်းတွေကို ကျော်ပြီး ချယ်ဆီးထံက ပိုကောင်းတဲ့ ကမ်းလှမ်းမှု ရထားပါကြောင်း အေးဂျင့် Carlos Barros ရဲ့ ပြောဆိုမှုကနေ စတင်လာခြင်းဖြစ်တယ်။
Carlos Barros က ” ချယ်ဆီးရဲ့ တင်ပြမှုတွေက သိပ်ကောင်းပါတယ်။ သူတို့မှာ အံ့မခန်းတဲ့ ဘောလုံးအားပေးမှုတွေလည်းရှိတယ်။ ချယ်ဆီးအသင်းကို ရောက်တာနဲ့ ပထမအသင်း စီနီယာအသင်းသားတွေနဲ့အတူ ထိုင်ခွင့်ရပြီး ကလပ်ရဲ့ အနာဂတ်မှာလည်း ဇာဗီယာကို ထည့်သွင်းဖို့ ရည်မှန်းချက်တွေ ရှိထားပါတယ်” လို့ ထုတ်ပြောထားတာဖြစ်တယ်။
အသက် ၁၈ နှစ်အရွယ် ကောင်လေးဟာ ဗဟိုခံစစ်နဲ့ ညာအစွန် နေရာတွေမှာ ကစားသလို အနာဂတ်မှာတော့ ဗဟိုခံစစ်မှူးနေရာမှာ အဓိက ကစားမယ်လို့ သိထားရတယ်။ ဘာစီလိုနာမှာ စီနီယာအသင်းနဲ့ လေ့ကျင့်ခွင့် ရထားပေမယ့်လည်း ပထမအသင်း ပွဲထွက်ခွင့်တွေကို မရသေးကာ ချယ်ဆီးဘက်က သူ့ကို ခေါ်ယူဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။
ZAWGYI – ခ်ယ္ဆီးအသင္းဟာ လာမာဆီယာမွ ထိပ္တန္း လူငယ္ခံစစ္သမားျဖစ္သူ မူအမ္ဘာ ဇာဗီယာကိုလည္း လန္ဒန္ကို ေခၚထုတ္လာဖို႔ ၾကိဳးစားေနမႈက ေအာင္ျမင္ရိပ္ေတြ ရွိလာေနခဲ့ျပီ ျဖစ္ပါတယ္။
ကက္တလန္ အေျခစိုက္ သတင္းဌာနေတြက နယ္သာလန္သားကို လက္ေရြးစင္အသင္းေခါင္းေဆာင္ ဗန္ဒိုက္နဲ႔ ခိုင္းႏိႈင္းမႈေတြေတာင္ ရွိထားခဲ့တာပါ။ ဒီေႏြမွာေတာ့ လူငယ္ခံစစ္မွဴးကို လာမာဆီယာ အကယ္ဒမီကေန စီနီယာအသင္းထံ ပို႔ေဆာင္ဖို႔ ဘာစီလိုနာဘက္က က်ဆံုးဖြယ္ရွိျပီး ခ်ယ္ဆီးအသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံရလိမ့္မယ္လို႔ အဆိုပါ သတင္းက ေဖာ္ျပပါတယ္။
ဒီသတင္းဟာ ကစားသမားကို စိတ္ဝင္စားေနတဲ့ ဂ်ဴဗင္တပ္၊ အင္တာမီလန္၊ ေအဇက္ အယ္ကမာအသင္းေတြကို ေက်ာ္ျပီး ခ်ယ္ဆီးထံက ပိုေကာင္းတဲ့ ကမ္းလွမ္းမႈ ရထားပါေၾကာင္း ေအးဂ်င့္ Carlos Barros ရဲ႕ ေျပာဆိုမႈကေန စတင္လာျခင္းျဖစ္တယ္။
Carlos Barros က ” ခ်ယ္ဆီးရဲ႕ တင္ျပမႈေတြက သိပ္ေကာင္းပါတယ္။ သူတို႔မွာ အံ့မခန္းတဲ့ ေဘာလံုးအားေပးမႈေတြလည္းရွိတယ္။ ခ်ယ္ဆီးအသင္းကို ေရာက္တာနဲ႔ ပထမအသင္း စီနီယာအသင္းသားေတြနဲ႔အတူ ထိုင္ခြင့္ရျပီး ကလပ္ရဲ႕ အနာဂတ္မွာလည္း ဇာဗီယာကို ထည့္သြင္းဖို႔ ရည္မွန္းခ်က္ေတြ ရွိထားပါတယ္” လို႔ ထုတ္ေျပာထားတာျဖစ္တယ္။
အသက္ ၁၈ ႏွစ္အရြယ္ ေကာင္ေလးဟာ ဗဟိုခံစစ္နဲ႔ ညာအစြန္ ေနရာေတြမွာ ကစားသလို အနာဂတ္မွာေတာ့ ဗဟိုခံစစ္မွဴးေနရာမွာ အဓိက ကစားမယ္လို႔ သိထားရတယ္။ ဘာစီလိုနာမွာ စီနီယာအသင္းနဲ႔ ေလ့က်င့္ခြင့္ ရထားေပမယ့္လည္း ပထမအသင္း ပြဲထြက္ခြင့္ေတြကို မရေသးကာ ခ်ယ္ဆီးဘက္က သူ႔ကို ေခၚယူဖို႔ ၾကိဳးစားေနခဲ့တာ ျဖစ္ပါတယ္။